Tawtawti
"အချစ်ဘေးဒုက္ခသည်"
နှလုံးသားပြိုကျ
မျက်ရည်ချိန်မြင့်တက်
နှင်းယောင်ဆောင်သောမိုးမှာ
ဘဝနစ်ရတယ်
မင့်ကိုယုံကြည်သမျှ..
တရက်ကုန်သွားတိုင်း
တို့တွေ့ရဖို့
တရက်ပိုနီးလာတယ်လို့
ယူဆမိခဲ့ပေမယ့်
တရက်ကုန်သွားတိုင်း
တို့ဆုံရဖို့
တရက်ပိုပြီး ဝေးသွားပြီလားကွယ်။
-တော်တော်တည်
Keep Reading