Default Profile Photo

SarPhat User

31/10/2024

ခင်ခင်ပျို(၆)

1 min read
Poetry
Art
18 Again

တိမ်တွေလိုပဲ ကိုယ့်ရဲ့အချစ်က
ဖြူစင်ခဲ့ပါတယ် ခင်ရယ်။
အခုလည်း
ကိုယ့်ဘဝရဲ့ ဝမ်းနည်းခြင်းမျက်နှာဖုံးကိုခွာချပြီး
မာန်မာနချိုးနှိမ်ကာ ဒူးထောက်လျက်ပါပဲ၊
ပန်းခင်းလေးထဲက ရောင်စုံပန်းတွေကြား
မင်းဟာ ကိုယ့်ရဲ့တစ်ပွင့်ထဲသော
အဖြူရောင်နှင်းဆီပန်းလေးပါပဲ။
ခင်ခင်ပျိုရေ။ ။

ကိုယ်ပျိုးထားတဲ့ ပန်းလေးတစ်ပွင့်ဟာ
တခြားသူရဲ့မြေဆီလွှာမှာပဲ ရှင်သန်နေချင်လေရဲ့၊
ဗေဒင်၊ယတြာတွေမကယ်နိုင်တဲ့ ဒီဇာတ်လမ်းလေး
ဇာတ်သိမ်းလှဖို့ ရွှေစေတီလေးမှာဝင်ပြီး
ဆုတောင်းခဲ့သေးတယ်။
အချိန်တွေသာ တရွေ့ရွေ့ပြောင်းသွားပေမဲ့
ကိုယ့်ရဲ့ရင်ထဲက သောကမီးတွေဟာ
အဟုန်မပျက်တောက်လောင်လျက်ပါပဲ
ခင်ခင်ပျိုရေ။ ။

ခင်ရယ်...
သိပ်လှတာပဲကွယ်။
သိပ်ကိုတောက်ပလွန်းပါတယ် ခင်။
မြန်မာဝတ်စုံလေးနဲ့ ယဉ်လွန်းလှပါတယ်။
သိပ်လည်းလှသလို ကိုယ့်အပေါ်လည်းနာကျင်မှု
လှလှလေးတွေကို ပေးပြန်တယ်။
မင်္ဂလာဆောင်က ဒံပေါက်တောင်
အစာမကြေမှာစိုးလို့ မကုန်ခဲ့ပါဘူး။
ခင်ခင်ပျိုရေ။ ။


မောင်တုတ်#
၃၀.၁၀.၂၀၂၄

Keep Reading

"သွားပါ...ကလေးငယ်"အထီးကျန်နန်းကျဘုရင်ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းမေတ္တာဖြင့် ချစ်ခွင့်ပန်ခြင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)ယနေ့ကဗျာ