Default Profile Photo

SarPhat User

27/10/2024

ခင်ခင်ပျို(၄)

1 min read
Poetry
Art
18 Again

ကမ္ဘာကြီးဘယ်လောက်ကျယ်သလဲလို့မေးရင်
ကဗျာတစ်ပုဒ်စာလောက်ပဲ ရှိပါတယ်။
မင်းကိုချစ်တဲ့အကြောင်းတွေကို ရေးရရင်တော့
ခင် ဖတ်လို့မကုန်တဲ့ မေတ္တာဓါတ်များကို
တွေ့ရမှာပါ ခင်ခင်ပျိုရေ။

ကဗျာတွေကိုပဲ ရေးတတ်တဲ့စောက်ရူး၊
ခင့် အတွက် ဘာမှမဖြည့်ဆည်းစည်းပေးနိုင်တဲ့စောက်ရူး၊
ဝါကျွတ်မှာ ခင်နဲ့လက်ထက်မဲ့
မြို့စားမင်းနဲ့ယှဉ်လျှင် ကိုယ်ရောင်တော်
ညှိုးငယ်ရသည် ခင်ခင်ပျိုရေ။

ကိုယ်ရေးတဲ့ ကဗျာတွေဟာ
ခင့် စီကနေ ဆင်းသက်လာတာပါ။
ခင်ကိုယ်၌ ကလည်း ကိုယ့်ရဲ့
ကဗျာချိုချိုလေးတစ်ပုဒ်ပါပဲ။

တနင်္လာနေ့မှာ ကျင်းပမဲ့
မင်္ဂလာပွဲတစ်ပွဲ ကိုယ်အပြေးလာခဲ့ပါ့မယ်။
တိုက်ပုံအဖြူ၊ကချင်ပုဆိုးဝတ်ကာ
ကိုယ် အပြေးလာခဲ့ပါမယ်။

အဲ့ချိန်ကျရင် မင်းလေးအလှဆုံးပြုံးထားပါ။
ကိုယ်ကလဲ မုဒိတာပီတိဖြင့်လာဖြင်းဖြစ်တယ်။
ကိုယ်လိုစာမူခနဲ့တင် ထမင်းတနပ်
အနိုင်နိုင်ဖြစ်နေတဲ့ ကိုယ့်ထက်
ခင့်ဘဝ ပန်းခင်းလမ်းပေါ်တင်ပေးမဲ့သူနဲ့
လက်ထက်ရတာဟာ ခင် ကောင်းဖို့တွက်ပါ။
ခင်ခင်ပျိုရေ။ ။

မောင်တုတ်#
၂၈.၁၀.၂၀၂၄

Keep Reading

အထီးကျန်ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)"ရေသောက်ပြီး ရယ်ပါ"အို...လူ့ဘောင်လောက"နွေ"မျိုးစေ့