Daw Mu Mu
ဘယ်သောအခါမှ မေ့မရသည်သာ
သီတင်းကျွတ် နှင့်တန်ဆောင်တိုင် ပါ ....?❤️?
ပြည် ရန်ကုန် လမ်းမကြီးတဘက်မှာ ရှိနေတဲ့
အမှတ် ၃ အ ထ က ကျောင်းဆင်းချိန် ဆိုတာ
ညနေ ၄ နာရီအချိန်ပါ အင်္ဂလိပ်စာ ဆရာမ
ဒေါ် သန်းသန်းရှင် နှင့်အတူ ဆရာမ ခြင်းတောင်း
လေး ကူဆွဲပြီး အိမ်ပြန်လမ်း ကို အမြဲပြန်တယ်
ဆရာမ အိမ်နဲ့ သိပ်မဝေးတော့ အတူတူပြန်ဖြစ်တာ
များတယ် ...သစ်ထုတ်ရေးရုံး အနီးကို အရောက်မှာ
တီကျစ်ဆုံလမ်း ထိပ်မှာ ဝါးလုံး ဖြောင့်ဖြောင့်တွေ
ပုံထားပြီး လူကြီးပိုင်းနဲ့ လူလတ်ပိုင်းတွေက
လမ်း တဘက် တချက်မှာ ပေကြိုးနဲ့ တိုင်းပြီး
စို့ရိုက် တွင်းတူးနေတာ မြင်လိုက်ရတော့
အိုး ....စိတ်ထဲမှာ အတော်ပျော်သွားတာ
သီတင်းကျွတ်တော့မယ် ရောင်စုံ မီးတန်းတွေ
ထွန်းဖို့ ပြင်ဆင် နေကြပြီပေါ့ ...?
ဆင်စု မူလတန်းကျောင်းလေးကိုဖြတ်
ရပ်ကွက် ဘောလုံးကွင်းလေးကို
ဖြတ်လျောက်လိုက်ရင် ဘုရားနီလမ်း ကိုရောက်ပြီ
ဘုရားနီ လမ်းမှာလည်း ဝါးလုံးတွေ ချထားပြီ
လမ်းထိပ်မှာ ဝါးစင် ထိုးဖို့တောင်
ပြင်ဆင်နေကြပြီလေ ....???
လပတ်စာမေးပွဲက ဒီနေ့မှ ပြီးတာ ဆိုတော့
သီတင်းကျွတ် ကျောင်းပိတ်ရက်နဲ့အတူ
မီးထွန်းပွဲတော် လည်ရမယ်
အိုးပျော်လိုက်တာ ?
" မေမေ ရေ လမ်းထိပ်မှာ ဝါးတွေ ချပြီး
စင်ထိုးနေပြီ သိလား ကျောင်းပြန်မှာ တွေ့ခဲ့တာ "
" အေးပေါ့ သမီးရဲ့ ဒီနေ့ လ္ဆန်း ၁၁ ရက်ဖြစ်နေပြီလေ
လ္ဆန်း ၁၃ ရက်နေ့ စပြီး မီးထွန်းမှာ "
လွယ်အိတ်ကို တိုင် ချိတ်မှာ ချိတ်ပြီးတာနဲ့
ရေမိုးချိုးပြီး အိမ်နေ ဂါဝန်လှလှလေးဝတ်ပြီး
ကျောင်း မုန့်ဘိုး ထဲကနေ စုထားတဲ့ ပိုက်ဆံ
အနည်းငယ်ယူတယ်
" မေမေရေ သမီး ဒီနားလေး ခနနော်လို့ "
အိမ်ထဲကို လှမ်းအော်ပြောပြီး
ဘုရားနီ လမ်းတလျောက် စက်ဘီးလေး
ဖြည်းဖြည်း နင်းလာခဲ့တယ်
တွေ့ပါပြီ ...
မုန့်ပျားသလက် ရောင်းတဲ့ ဒေါ်စန်းတင်က
လမ်းထိပ် မုခ်ပေါက် ဆောက်တဲ့နေရာ
မလှမ်းမကမ်းမှာ ခုံလေးနဲ့
ကြံ ပိုင်းတွေရယ် ရှောက်ချိုသီး ကျွဲကော်သီး
ကန်စွန်းဥပြုတ် ထန်းမြစ်ပြုတ်
နောက်ပြီး အခါရက် ကန်တော့ မည့်သူတွေကို
မျှော်ကိုးပြီး ကိတ် လှလှ လေးတွေလည်း
တင်ရောင်းနေတာတွေ့ရတော့
ပါလာတဲ့ ပိုက်ဆံနဲ့ ကြိုက်တာ ဝယ်စားရင်း
လူကြီး လူလတ်ပိုင်း လူငယ်တွေ လုပ်နေကြတဲ့
မုခ်ပေါက် ဆောက်တာကို ကြည့်ပါတယ်
ခါတိုင်း နှစ်တွေ လိုပါဘဲ
ရေလှိုင်း တွေ လုပ်တယ်
မြတ်စွာဘုရား က ရေလှိုင်းတွေ အပေါ်မှ
ပနန္တောပနန္ဒ နဂါးမင်း ကို အောင်တော်မူခြင်း
သရုပ်ဖော် ပုံ ကို လုပ်နေကြတာ .....?
တချို့က ဝါး တွေကို လမ်းတဘက်တချက်
တွင်းတူး တိုင်စိုက် တန်းပြေး ပေါ့
လူကြီးတွေက ဝါးဆိုင်ကငှါးထားတဲ့ ဝါးတွေမို့
သံမရိုက်ရဘူး အုန်းဆံကြိုးနဲ့ သေချာ တုပ်ကြ
ဆိုပြီး လက်ချာပေးပေါ့ ...?
အားချင်း လုပ်နေကြတာ
အချို့ကလည်း တနှစ်တာအတွင်း
သိမ်းထားတဲ့ မီးကြိုး တွေ ဖြန့်
အချို့က မီးလုံး တွေမှာ ရောင်စုံ
လချေး စက္ကူတွေ ပြန်ကပ်?
နည်းနည်း နေစောင်းလာပြီမို့ မုခ်ပေါက်
ဆောက်တဲ့ နေရာကနေ ဆင်စု ပေါ်တော်မူ ဘုရား
ဘောလုံးကွင်း ဘက်ကို စက်ဘီး စီးလာခဲ့တယ်
ဒီဘက်မှာ ပိုလူများတယ်
မီးတိုင် စိုက်ဖို့ လုပ်နေတဲ့ အုပ်စု
ဘုရား ကုန်းတော်ပေါ်မှာ
သီတင်းကျွတ် မီးထွန်းပွဲ ရက်အတွင်း
ဗလာ ဖျာရောင်း အငြိမ့် သွင်းမှာမို့
အငြိမ့် စင် ထိုးတဲ့အဖွဲ့က ထိုး
အငြိမ့်မှာ ဈေးရောင်း မည့်သူတွေအတွက်
ဆိုင်ခန်း အမှတ်အသားလေးတွေ သတ်မှတ်ပြီး
တဘက်ရပ် တဲ မြင့်မြင့်လေးတွေ ထိုးတဲ့
အဖွဲ့က ထိုးပေါ့ ?
ရပ်ကွက်ထဲက လူကြီး လူ လတ် လူငယ် အကုန်
အသီးသီး အလုပ်များနေကြတာ
အိမ်က အစ်ကိုတွေလည်းပါတယ်
ထိမိ ခိုက်မိ မှာစိုးလို့ ရပ်ကြည့်နေတဲ့ကလေးတွေ
အကုန်ပြန်ခိုင်းနေကြတာမို့ အိမ်ဘက်ကို
စက်ဘီးလေးနဲ့ ပြန်လာခဲ့တယ် .........?
××××××××××××
သီတင်းကျွတ် လ္ဆန်း ၁၃ ရက်နေ့က စပြီး
အိမ်တွေမှာရော လမ်း တွေမှာပါ မီးထွန်းပွဲ
စပါတယ် .... ?
အစ်ကိုကြီးက ရောင်စုံ မီးပုံး လှ လှ ကြီးတွေ ၅ လုံး
စိတ်ကြိုက် လှအောင် ပြုလုပ်ပြီး
အိမ်ရှေ့ မျက်နှာစာမှာ ချိတ်ဆွဲထားတာမို့
အိမ်ရှေ့ထွက် ထွက် ပြီး ကြည့်ရတာအမော ...?
မီးထွန်းပွဲ လည်တဲ့သူတွေ
ကိုယ့်အိမ်ရှေ့ရောက်ပြီး ချိတ်ထားတဲ့ မီးပုံး
တွေ ကြည့်ပြီး " လှ လိုက်တာ " လို့များ
ပြောတဲ့ အသံ ကြားတိုင်း
ဘယ်လို ပျော်မှန်းမသိ အလွန်ပျော်တာ
ရပ်ကွက်ထဲက သူများ အိမ်တွေ မီးထွန်းတာလည်း
ပတ်ပြီး လျောက်ကြည့်သေးတာ ?
ပိုပျော်တာက နှစ်စဉ်
ပေါ်တော်မူ ဘုရား မှာ အငြိမ့် သွင်းတာ
နာမည်ကြီး အငြိမ့် မင်းသမီးတွေ
ဇာတ်ကြီးတွေ မဟုတ်ဘူးနော် အဲ့ဒီအချိန်တုံးက
အငြိမ့်ဘဲ ....မှတ်မှတ် ရရ
စိန်ပိုးတီ မြပိုးတီအငြိမ့် .......???
ပွဲခင်းက ဘုရားရင်ပြင်တော်ပေါ်မှာ
ပွဲဈေးတန်းက အောက်မှာ
ဈေးသည်တွေ အများကြီး
ကြံ တို့ ရာသီပေါ် အသီးအနှံတွေ
ရေမုန့်သည် ကောက်ညှင်းကျည်တောက်
အကြော်စုံမွမွ ရွရွ ရေနွေးကောင်းကောင်းနဲ့
ကလေးကြိုက်ရောင်စုံ စက္ကူပန်းသည်
စက္ကူ ယပ်တောင်
စက္ကူကိုလုပ်ထားတဲ့ မြွေရုပ် မိချောင်းရုပ်
ကျန်ကျောင်း ဦးထုပ် ပေါင်ချိန်ဦးထုပ် ဝါးဓါး ?
ဈေးသည်တွေ စုံမှ စုံ.....???
ပေါ်တော်မူ ဘုရား မရောက်ခင်ထဲက အငြိမ့်
ဧည့်ခံဆိုင်း စားတော်တိုက်တာဆိုလား
တီးသံကြားထဲက အငြိမ့်က ကြည့်ခြင်လှပြီ ....?
လ္ဆန်း ၁၄ ရက်နေ့ဆိုရင် ပေါ်တော်မူဘုရား
အနီးဘော လုံးကွင်း ထဲမှာ ချောတိုင်တက်ပွဲ ...
တကယ့် နေပူပူ နေ့လည် ၁ နာရီလောက်ထဲက
ချောတိုင် စတက်ကြတာ
သူများရပ်ကွက်ကလည်း လာတက်ကြတာ
ဆိုင်းတခြမ်းက အသားကုန်တီးပေးတာ
နေပူပြင်းတော့ စက်ဆီတွေက ဝါးဘိုးဝါးပေါက်ကနေ ယိုစီးကျဘယ်အဖွဲ့မှ မရနိုင်ကြဘူး
အားပေးသူတွေက. များ
ဆုတော်ငွေကလည်း တဖြည်းဖြည်း များလာ
ချောတိုင်ကနေ ပြုတ်ကြလာတိုင်း
ဆိုင်းက ငိုချင်း တီးပေးတာ
ရပ်ကြည့်သူတိုင်း ရယ်ကြတာ တအုန်းအုန်း
ညနေ နေ အေးပြီဆိုတော့မှ
ဝါးပေါက်ထဲက စက်ဆီ ကျတာလည်း
မရှိသလောက်
ဇွဲကောင်းတဲ့ အဖွဲ့က နောက်ဆုံးမှာ တိုင်ထိပ်က
အလံ လုပ်ထားတဲ့ အဝတ်စကို ရတာမို့
ဆုကြေး အများကြီးရသွားတာပေါ့ ...???
ဒီလိုနဲ့ ၁၅ ရက် လပြည့်နေ့ကို ရောက်လာပြီ
ရှေ့ ရက်တွေကလိုဘဲ မီးထွန်းတယ်
ဘုရားမီးပူဇော်တယ် အမျိုး အိမ်တွေကို
ရက်ဆက် လိုက်ကန်တော့ရတယ်
မုန့် ဘိုး ပေးတာတွေ အကုန်သိမ်းတာဘဲ ?
ည ၉ နာရီဆို အငြိမ့်က စပြီလေ
ညတိုင်း ကြည့်တာနော် ဖျာ ၃ ရက်စာ
တခါထဲ ဝယ်ထားတာ ....
မင်းသမီး ဆိုတဲ့ သီချင်းလည်း
အလွတ်တောင်ရနေတာ တော်ချက်ဘဲ ....
လပြည့်ည ဆိုတော့ စင်ပေါ်က မင်းသမီးကလည်း
ခေတ်ပေါ် အက တွေကပြ
စင်အောက်က ကာလသား တွေကလည်း
ဖယောင်းတိုင် မီးထွန်းပြီး ကကြတာ
ရန်တော့ မဖြစ်ကြပါဘူး ....???
ဒီလိုနဲ့ ည ၂ နာရီ နောက်ပိုင်းဆိုရင်
ဆွမ်းတော်ကြီး ကပ်မယ့် အဖွဲ့တွေ
အိုးစည် ဒိုးပတ်တွေတီးပြီး ဆွမ်းကပ် လာကြပြီ
ဟိုး နဝင်း ရပ်ကွက်တို့ ဖိုးခေါင်တို့
စည်ကြီးဆွဲ ရပ်ကွက်တို့ကနေ
နှစ်စဉ် ဆွမ်းကပ်လာကြတာ
မိန်းကလေးတွေက ခေါင်းပေါ်မှာ
ဆွမ်းကပ်မယ့် ပစ္စည်းပစ္စယလေးတွေ ရွက်လာတယ်
ယောက်ျားလေးတွေက ဒိုးပတ်ဝိုင်းနဲ့ပေါ့???
အငြိမ့် က ဘယ်လောက်ဘဲ ကောင်းခန်း
ရောက်နေနေ ဆွမ်းတော်ကြီး ကပ်မယ့် အဖွဲ့တွေ
ရောက်လာရင် ဗျောခေါက် သိမ်းရတော့တာဘဲ
ကုန်းတော်အောက်ကနေ
အဖွဲ့တွေက အပြိုင် တီးကြ မှုတ်ကြ ကကြတာ
၂ကျိပ် ၈ ဆူ ပေါ်တော်မူ ဘုရားရဲ့
ထူးခြား ချက်က လူတွေ ဆွမ်း မဦးတာဘဲ
ဘယ်လောက်ဘဲ စောလာလာ
ဘုရားရှင်တို့ကို ဆွမ်း ပူပူနွေးနွေးကပ်ထား
ပြီးနေပြီတဲ့ ....???
အငြိမ့် ဖြုတ်ပေမယ့် အိမ်တန်း မပြန်သေးဘူး
ဆွမ်းတော်ကြီးကပ် အဖွဲ့ တွေ အပြိုင် တီးကြ
မှုတ်ကြ ကကြတာကို ကြည့်သေးတာ
ပြီးတော့ အဲ့ဒီနှစ်က အမျိုးထဲက အစ်မဝမ်းကွဲတွေ
ပြန်ရောက်နေကြတာမို့ သူတို့က
ကောက်ညှင်းပေါင်းတွေ ပေါင်းပြီး
အထုပ်တွေထုပ် ဆွမ်းတော်ကြီးကပ် လာတဲ့
အဖွဲ့တွေကို ဝေတာဆိုတော့
လုပ်အားလည်းပေးရင်း
ကောက်ညှင်းပေါင်းလည်းစားကြပေါ့ ???
ဘယ်လောက်တောင် ပျော်ကြလည်း
စဉ်းစားသာကြည့်တော့ဘဲ .....???
ပြည်မြို့မှာက သမိုင်းဝင် ဘုရားစေတီတွေ
အထင်ကရရှိတယ်လေ
ပြည် မြို့ရဲ့ ကျက်သရေဆောင်
# ရွှေ ဆံတော် စေတီတော်မြတ်ကြီး #
ဘုရား ပွဲတော်က တန်ဆောင်မုန်း လ္ဆန်း ၈ ရက်
နေ့ကနေ စတာ ....???
စွယ်တော်မြတ် လှည့်လည်ပူဇော်ခံတာက
၃ နှစ်မှာတကြိမ် လှည့်တယ်
ကျန်တဲ့ နှစ်တွေမှာတော့ စေတီတော်မြတ်
ရင်ပြင်တော်ပေါ်မှာ လှည့်လည် အပူဇော်ခံပါတယ်
အလွန်စည်ကား အလွန်ပျော်စရာကောင်းတာနော်?
ရောက်ဘူးသူတိုင်း သိကြပါတယ်
သီတင်းကျွတ် လပြည့်ကျော် သွားပြီးတာနဲ့
ပြည်မြို့ ရဲ့ ဗိုလ်ချုပ်လမ်းတလျှောက်
မြောက်ဘက်စောင်းတန်းလမ်း တလျှောက်
စစ်ကဲ လမ်းထိပ်အထိ ပွဲဈေးတန်း တဲထိုးပြီ
အနောက်ဆောင်းတန်း တည့်တည့်
အောက်ခြေ ကွက်လပ်မှာ
အခမဲ့ ဗလာ ရုပ်သေးပွဲစင်
ဓမ္မသုခ ကျောင်းဘေး ကွက်လပ် ကြီးက
စံပြသဘင် ဇာတ်ရုံ
ဓါတ်လှေခါးရှေ့ ကွက်လပ်မှာက
ပန်တျာ ကြည်လင်
အမှတ် ၁ ကျောင်း ဘောလုံးကွင်းက ကျယ်တော့
ပုလင်းစိန် ဖန်ခွက်စိန် နဲ့ ကပ်ရက်က
ရုရှားပြန် ဦးမောင်မောင် ဆပ်က
ယဉ်ကျေးမှု့ ရုံမှာကြတော့ ရွှေ မန်းသဘင်
ကန်လည် ရွှေ ဟင်္သာ ရုံမှာလည်း
ဇာတ်အဖွဲ့တွေ ဝင်တယ်
ကြည့်ခြင်ပွဲတွေ များလို့ ဘယ်ပွဲ
ကြည့်ရမှန်းမသိ???
ဈေးတန်းလျောက်ရင်လည်း
လိုခြင်တာတွေချည့်ဘဲ .....???
သီတင်းကျွတ်မှာလိုက် ကန်တော့တုန်းက
ရထားတဲ့ မုန့်ဘိုးတွေရယ် ပွဲတော်သုံးဖို့
ဖေဖေမေမေ ပေးထားတဲ့ မုန့်ဘိုးတွေ
တန်ဆောင်တိုင် ပွဲတော်မှာ သုံးတာဘဲ
လိုခြင်တာ ဝယ်တဲ့အပြင်
ပွဲတော်ရက် ပွဲဈေးတန်း လည်တိုင်းလည်း
လက်ညိုးထိုး ပူဆာသေးတာ ........???
စွယ်တော်လှည့်တဲ့ နှစ်တွေဆို
ရပ်ကွက်ကြီး ၇ ရပ်ကွက်က ယိမ်းအလှ ကားတွေ
ဌာနဆိုင်ရာ ယိမ်းအလှကားတွေက
ကြိုတင် ယိမ်းတိုက်ထားကြပြီး
တန်ဆောင်မုန်း လ္ဆန်း ၈ ရက်နေ့ထဲက
ညဦးပိုင်းမှာ ဘုရားကြီးကို
ဦးတိုက်ကြတာမို့ မြောက်ဘက် ဆောင်းတန်း
အရှေ့ကနေ စောင့်ကြည့်ရုံပါဘဲ ???
ဆင်စုရပ်ကွက်ဆိုရင် ဆင်ယိမ်း အက
အလွန် နာမည်ရသလို ဆင်ထိန်း ကုလားမ နဲ့
ကုလား ကလည်း အရမ်းကို ရယ်ရတာ
အိမ်က ဖေဖေ က အိန္ဒိယ မျက်နှာကျနဲ့
ဆင်တာမို့ ကုလား လုပ်ရတယ်
ရေတွင်းနားက အိမ်က ဘဘ ဦးသန်းဖေက
လူက ညှက် တော့ ကုလားမ လုပ်တယ်
ရပ်ကွက်ထဲတင်မကဘူး
မြို့ထဲက လုပ်ငန်းရှင်တွေ တိုက်တွေထဲအထိ
အလှူခံဝင်ကြတာ
ဆင်က အကြီး တကောင်
ဆင်အသေးလေးက တကောင်
အလှူခံငွေတွေ အများကြီးရတာ
တန်ဆောင်မုန်း လပြည့်နေ့ဆိုရင်
ဆင်ယိမ်းက ရသမျှ အလှူငွေတွေ
စုပေါင်းပြီး ရွှေဆံတော် စေတီတော်ကြီး
ဂေါပကလူကြီးတွေကို လှူကြပါတယ်
မြေလျောက် လူရိုင်း ယိမ်းတို့
နှစ်ကိုယ်တစိတ် ယိမ်းတို့ စသဖြင့်လည်း
စွယ်တော်မြတ် လှည့်လည်ပူဇော်ခံပွဲမှာ
ပျော်ပျော်ပါးပါး ကြီးကို ပါဝင်ကြတာပါ
×××××××××××
တန်ဆောင်မုန်းလဆိုရင်
စာသင်ကျောင်းတွေမှာလည်း
မြို့ပေါ်ဘုန်းကြီး ကျောင်း များ
တောရကျောင်း များအတွက် ကထိန်သင်္ကန်း
လှူဒါန်းကြရန် လုပ်ဆောင်ကြပါတယ်
အတန်းတွေအလိုက်
မိမိတို့ တတ်နိုင်သမျှ အလှူငွေတွေ ပစ္စည်းတွေကို
ပဒေသာပင် သီးကြပါတယ် ?
မိမိတို့ လှူဒါန်းကြရမည့်
ဘုန်းကြီးကျောင်းတိုက်များသို့
အတီးအမှုတ် အက အခုန်တွေနှင့်
စီတန်း လှည့်လည်ပြီး ပျော်ပျော်ပါးပါး
ပို့ဆောင်ကြတာပါ ???
သီတင်းကျွတ် မီးထွန်းပွဲနဲ့
တန်ဆောင်တိုင်ပွဲတော်ဆိုတာ
ရက်သတ္တပတ် သိပ်မခြားတာမို့
ပွဲတော်ရက်က ဆက်တိုက်လိုပါဘဲ ...
ပျော်ခဲ့ ရတဲ့ အပျော်တွေ
မျှဝေခွင့် ရတာမို့
အဲ့ဒီ အချိန်လေးကို ပြန်ရောက်သွားသလို
ခံစားမိရပါတယ် ...?❤️?
လွမ်းတသသ နေ့ရက်တွေပါဘဲလို့ ...???
ချောစုသွင် { မြန်မာစာ Q }
စာပြီးချိန် 24. 10. 2024
5:00 pm
Keep Reading