Author's Profile Photo

SarPhat Author

24/03/2024

ကျွန်မနဲ့ Sar Phat Application

1 min read
Life Style
Personal Development
General Knowledge
ကျွန်မနဲ့ Sar Phat Application's photo

ကျွန်မလို စာရေးရတာအပြင် စာဖတ်ရတာဝါသနာပါတဲ့သူတွေအတွက် ဝေမျှပေးချင်တာလေးတစ်ခုရှိပါတယ်ရှင်။

ကျွန်မငယ်စဥ်ကလေးဘဝတုန်းက စာအုပ်ဖတ်ရတာကို အရမ်းကိုဝါသနာပါခဲ့ပါတယ်။ စာအုပ်ဖြစ်ရင်ပြီးရော အဲဒီစာအုပ်ထဲက အကုန်ဖတ်ကြည့်ပြီး ကိုယ်ကြိုက်နှစ်သက်တဲ့အကြောင်းအရာဆို အခေါက်ရေ ဆယ်ခါထက်မနည်းကို ထပ်တလဲလဲကိုဖတ်တာပါ။
ကလေးအရွယ်မို့ ကာတွန်းပုံပြင်လိုမျိုးတင်မကဘဲ အိမ်ကလူကြီးတွေဖတ်တဲ့ နက္ခတ္တရောင်ခြည်တို့ ရောင်ပြန်တို့လို ဂမ္ဘီရမဂ္ဂဇင်းတွေအစ အာရောဂျံတို့ မဟေသီ၊ သရဖူတို့လို ရသအမျိုးမျိုးနဲ့ မဂ္ဂဇင်းတွေအလယ် CEO တို့လိုမျိုး Business မဂ္ဂဇင်းတွေအဆုံး ကျွန်မစာဖတ်တတ်ခါစအရွယ် ၇နှစ် ၈နှစ်လောက်မှာ စပြီးစမ်းဖတ်ကြည့်နေပါပြီ။ အဲ့အရွယ်တည်းက စာအုပ်တစ်အုပ်တွေ့ရင် ပျော်စရာတစ်ခုလိုကို မက်မက်စက်စက်နဲ့သဘောကျနှစ်ခြိုက်ခဲ့တာပါ။

ကျွန်မတို့အိမ်နားမှာ စာအုပ်အငှားဆိုင်လေးတစ်ဆိုင်ရှိပါတယ်။ ကျောင်းတက်နေတုန်းအရွယ်မို့ အဖေက ကျောင်းစာပဲလုပ်စေချင်ပါတယ်။ ကျောင်းတက်နေရတဲ့ကာလတွေမှာ ကျောင်းစာနဲ့မသက်ဆိုင်တဲ့ အခြားစာပေတွေ လုံးဝမဖတ်ရပါဘူး။ အဲ့အတွက် စာအုပ်တွေပဲ အမြဲဖတ်ချင်နေတဲ့ကျွန်မဟာ နွေရာသီကျောင်းပိတ်ရက်ကိုမျှော်ရပါတယ်။ နွေရာသီကျောင်းပိတ်ရက်တွေမှာလဲ စာအုပ်ငှားဖတ်ဖို့အတွက် တနေ့ကို 200ကျပ်သုံးခွင့်ရပါတယ်။ တခါတလေမှာ ကျွန်မက တနေ့ကို သုံးလေးအုပ်လောက်ကိုဖတ်ချင်တဲ့အတွက် ပေးတဲ့ Budget Limit 200ကျပ်က မလောက်ပါဘူး? သကြင်္န်ပိတ်ရက်လိုမျိုးကတော့ အပျော်ဆုံးပါ အဲဒီကာလတွေမှာ သကြင်္န်တွင်းဆိုင်တွေပိတ်ထားမှာမို့ စာအုပ်ကြိုက်သလောက်ငှား တစ်ရက်စာပဲပေးရပါတယ်။ အဲလိုအချိန်ဆိုရင်တော့ ကြိုက်သလောက်ငှားခွင့်ရပါတယ်။ ကန့်သတ်ချက်တစ်ခုအနေနဲ့ ဝတ္ထုစာအုပ်လုံးဝမဖတ်ရပါဘူး။ ပြဿနာတစ်ခုက ကျွန်မ ၇တန်း၊ ၈တန်းအရွယ်မှာ ဆရာကြီးမင်းသိင်္ခတို့ ဆရာမင်းမြတ်သူရတို့ရဲ့ ဝတ္ထုတွေကို အရမ်းသဘောကျလာ အရမ်းဖတ်ချင်လာတာပါ။ အဲ့စာအုပ်တွေကများသောအားဖြင့် အချစ်ဝတ္ထုစာအုပ်တွေရဲ့ဆိုဒ်၊ ပုံစံတူတာဖြစ်တဲ့အတွက် ကျွန်မဖတ်နေတုန်း အဖေကတွေ့သွားပြီး ဝတ္ထုဖတ်တယ်ထင်ကာ ဆူခံရပါတယ်။အချစ်ဝတ္ထုမဟုတ်ကြောင်း ရှင်းပြပေမယ့် လက်မခံဘဲ စည်းကမ်းတင်းကြပ်တဲ့ အဖေက ကျွန်မကို စာအုပ်ဆိုင်သွားပြီး စာအုပ်ငှားဖတ်ခွင့် ခဏပိတ်တာခံခဲ့ရပါသေးတယ်။ ဒါလေးကအမှတ်တရတစ်ခုပါ။

အခုကတော့ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ စာအုပ်အငှားဆိုင်မှာ ငှားဖတ်ဖို့မလိုတော့ဘဲ Software တွေကနေ PDF File တွေ အနေနဲ့သာမက စာဖတ်လို့ရတဲ့ Application တွေ Audio Book လိုမျိုးတွေပေါ်ပေါက်လာတာ အရမ်းကိုဝမ်းသာစရာကောင်းလှပါတယ်။ အခုလဲ ဒီ Sar Phat Application လေးက စာဖတ်ဝါသနာပါသူတွေအတွက်တင်မဟုတ်ဘဲ စာရေးတာဝါသနာပါတဲ့သူတွေအတွက်ပါ အရမ်းကိုအကျိုးရှိစေတဲ့ Application လေးပဲဖြစ်တာကို တွေ့ရပါတယ်။ အခုချိန်မှာ အသုံးပြုသူပမာဏနည်းသေးတာမို့ လူသိပ်မသိသေးပေမယ့် တဖြေးဖြေးနဲ့ လူသိများလာပြီး ဒီထက်ပိုစုံလင်တဲ့အခန်းကဏ္ဍတွေနဲ့ တင်ဆက်ပေးနိုင်မယ့်သူတွေကို မျှော်လင့်နေမိပါတယ်။ ကျွန်မကိုယ်တိုင်လဲ ခုလက်ရှိမှာ စာလေးတွေရေးသားတင်ဆက်နေတဲ့ Author တွေကို လက်လှမ်းမှီသလောက် Follow လုပ်ရင်း စာတွေဖတ်ရှုရတာ အတော်သဘောကျပါတယ်။ ကျွန်မလဲ Life Style & Personal Development နဲ့ပတ်သက်ပြီး အကောင်းဆုံးကြိုးစားဝေမျှနေဦးမှာပါ။ ကျွန်မငယ်ငယ်တုန်းကသာ ဒီ Sar Phat Application ရှိရင် သိပ်ကောင်းခဲ့မှာပဲလို့ တွေးမိပါတယ်?

နောက်ဆုံးအနေနဲ့ ကျွန်မတို့လို စာရေး၊စာဖတ်ဝါသနာပါသူတွေအတွက် အကောင်းဆုံးပေါ်ထွက်လာပေးတဲ့ Sar Phat Application ကို အထူးပဲကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ရင်း ဝေမျှပေးလိုက်ရပါတယ်ရှင်။

#TheNotebySD

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး‘မိအေး နှစ်ခါနာတဲ့ Victim များ’စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု စာစောင်လေးဆယ် - အလိုကြီးအရနည်း မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုးစာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်း