Infeno
နံရံရဲ့ အရိပ်ဟာ တဖြည်းဖြည်း
ရှည်ထွက်လာ...
ငါတို့နှစ်ရဲ့ စိတ္တဇ မှာမှ
မိုးစက်တွေက တဖြည်းဖြည်း အေးလာ...
အတိတ်တွေဟာ ရောနှောပျော်ဝင်လျက်
ငါတို့တွေဟာ ဘယ်ဟာဘာမှန်း မသိကြတော့ဘူး
လက်ခံရမှာလား ခေါင်းငြိမ့်ရမှာလား
ဒီနှစ်ခုထဲက တစ်ခုရွေး
ငြင်းပယ်ခြင်းလမ်းမ မီးအိမ်ထက်
သန်းခေါင်ယံ ညနက်ငှက် သီကျူးလျက်ပေါ့
ဆိုင်းဘုတ်က ဘယ်မှာလဲ
အဲ့ဒီအကြောင်း မပြောတာပဲ ကောင်းမယ် ။ ။
#အင်ဖီနို
20.10.24Sun
12:15Pm
Keep Reading