ဖိုးစည်
သို့..
သူမ
------------------------------
ကမ္ဘာကြီးမှာ အချစ်ကြောင့်ရူးဖူးသူဘယ်နှစ်ယောက်ရှိသည်သနည်း။
ထိုသူတွေထဲမှာမှ မည်သူတွေသာ မော်ကွန်းတင် ထင်ကျန်ရစ်ခဲ့သနည်း။
သက်ဆိုင်သူကိုသာရည်ရွယ်၍......
အချစ်ဆိုတာပျားရည်တစ်စက်ဆိုလျှင် အတော်ချိုမှာပဲနော်.... တစ်ခါတစ်လေထန်းလျက်တစ်လုံးဆိုလျှင်လည်းအကောင်းသား၊ တစ်ခါတစ်လေကြံသကာ ၊တစ်ခါတစ်လေသကြား ....စသည်ဖြင့် အချိုကြိုက်တဲ့ကျွန်တော့် အချစ်ဆိုတာ ငယ်စဥ်တုန်းကတော့ပျားရည်၊ထန်းလျက်၊ကြံသကာ၊သကြားတို့လိုအချိုထင်ပြီး စိတ်ကူးအကြိမ်ကြိမ်ယဥ်ခဲ့ဖူးတယ် ..၊ သူမအပြုံးလေးတွေက ပျားရည်လိုချိုပြီး ကိတ်မုန့်ပေါ်က
ခရင်(မ် )လို နူးညံ့ အိနေမှာထင်ခဲ့တာ စိတ်ကူးယဥ်တိုင်းလည်းသူမပါမဖြစ် အိမ်မက်ထဲမှာလည်းသူမပါမဖြစ် ..။
ဘယ်လောက်ထိအဖြစ်သည်းလည်းဆို အိမ်မက်ထဲမှာသူမ မပါလို့ အိမ်မက်ထဲမှာပဲ အိပ်မပျော်ရတဲ့အဖြစ် ထိုမျှလောက်ပဲထင်သည်လား တကယ်တော့နည်းပါသေးသည်.. ။
သူမကိုမှမရရင် ဘုန်းကြီး၀တ်မယ် ရာသက်ပန်ပေါ့ ရအောင်ယူမယ်လို့လည်းတွေးမိသေးတယ် အဲ့ထက်အဖြစ်သည်းတာတွေပြောပြမယ်..၊
ကျွန်တော်တို့ စတိတ်ကျောင်းသားဘ၀တုန်းကပေါ့ ..၈တန်းမှာကျွန်တော်ဟာ ပညာသင်ယူနေရင် သူမဆီက အပြုံးလေး အကြည့်လေးတွေကိုလည်း ကျောင်းဆင်းလို့အပြန်မှာ ကျောပိုးအိတ်လေးထဲ ထည့်ပြီး ညအိပ်ရာ၀င်ချိန်ရောက်တော့မှ စိတ်ကူးယဥ်ကမ္ဘာလေးထဲက မှတ်ဉာဏ်နေရာလေးထဲမှာ သလဲသီးလေးလို အစီအရီပြန်၍သိမ်းဆည်းထားမိလေတော့သည် ။
တစ်နေ့ကိုသူမနဲ့ တစ်ခါအကြည့်ချင်းမဆုံမိလျှင် ကျွန်တော်တိတ်တခိုး၀မ်းနည်းရသည် သူမတစ်ခြားတစ်ယောက်နဲ့စကားပြောရင်လည်း မနာလိုရသည် စိတ်ထဲမှာလည်း ဖော်မပြနိုင်သည့် ၀ေဒနာမျိုးနှင့် ကျွန်တော်ကိုတိုင်းလည်းတိတ်တခိုးချစ်နေရတဲ့သူပါလား စိတ်ကူးထဲမှာအကြိမ်ကြိမ်ချစ်တယ်လို့ပြောခဲ့ပင်မဲ့ လက်တွေ့ဘ၀မှာ အဲ့လောက်မလွယ်မှန်း တဖက်သက်ချစ်ခဲ့ဖူးသူတွေနဲ့ တိတ်တခိုးချစ်ရသူသာလျှင်အသိဆုံးဖြစ်ပါလိမ့်မည်။
ဘယ်လောက်ထိသူမကို ဇီဇာကြောင်လည်းဆိုရင် ကျွန်တော်၀တ်ထားတဲ့ အင်္ကျီအရောင်တောင် သူမ ၀တ်ထားတဲ့အရောင်နဲ့မတူရင် အိမ်ကိုနေလည်ထမင်းစားရင်ပြန်လဲ၀တ်တာ အဲ့လောက်ထိကို ချစ်ရပါသည်
ကျောင်းမှာဆိုသူမ ငြိုငြင်မှာဆိုးလို့
မည်သည့်မိန်းကလေးနဲ့မှစကားမပြော အစစအရာရာဂရုစိုက်ရတယ်လေ မတော်လို့သူမ ကျွန်တော့်ကိုအထင်သေးသွားမှ...
မှတ်မိသေးတယ် ကျောင်းအပေါက်၀လောက်မှာပေါ့ သူမလက်ထဲမှာထမင်းထုပ်လေးကတစ်ဖက် စာအုပ်လေးတွေကတစ်ဖက် ကျောင်းတံခါးဖွင့်ဖို့အကူအညီတောင်းတုန်းက
ကျွန်တော်သူမ လက်ထဲက ထမင်းထုပ်လေးကို ဆွဲယူစဥ် သူမလက်လေးကိုထိမိတဲ့အဖြစ်လေး အော်အဲ့တစ်ကြိမ်တစ်ခါတုန်းကဆိုအသေပျော်လိုက်တာ ချစ်ရတဲ့သူလေကိုယ်က...
သူမကြောင့်ပဲကျောင်းပျော်ဖြစ်ပြီး ကျောင်းပိတ်ရက်များကို မုန်းတက်လာပြီ
သူမခုံအောက်ကနေကြာစေ့ခွံလေး ၊သူမမသုံးတော့လို့လွှင့်ပစ်လိုက်တဲ့ မှင်ကုန်သွားတဲ့ဘောပင်လေး ၊သူမစာအုပ်ကုန်တုန်းကခနချည်းထားပြီး သူမပြန်ဆက်ထားတဲ့ဗလာစာအုပ်လေး .. ၊အရင်နှစ်ကသူမ ပြန်မသုံးတော့တဲ့ သူမနံမည်ပါတဲ့ ပုံနှိပ်စာအုပ်လေး
နှစ်ဆုံးမှာ အော်တိုရေးပေးတဲ့သူမလက်ရေးလှလှကလေး ...ဒါတွေဟာကျွန်တော်ကျောပိုးလွယ်အိတ်လေးထဲမှာပြတိုက်သဖွယ်၊
နွေရာသီရောက်တော့ ကိုယ့်မှာလည်း နှုတ်မဆက်ရဲတဲ့အခြေအနေ တိတ်တခိုး၀မ်းနည်းရုံမှအပ ဥသြသံလေးတွေနဲ့အတူတူအထီးကျန်ကျန်လူငယ်တစ်ယောက်က နွေညများမှာ
"သူမ ..သူမ"နဲ့
သြော်...သိပ်ကိုချစ်ရပါတစ်ကား..။
တကယ်တော့ကျွန်တော်သည်အချစ်ရူးတစ်ယောက်ပါဗျာ နောက်ထက်၀မ်းနည်းစရာလေးပြောပြအုန်းမယ် ၉တန်းရောက်တော့ဗျာ ...
ကျွန်တော် ချစ်နေတာသိလျှက်နဲ့ သူ..သူမမို့လုပ်ရက်တယ် ကမ္ဘာတစ်ခုလုံးပျက်သွားသလိုပဲဗျာ ခုတွေးကြည့်ခု ရင်နာနေရတာ ရင်နာနေရတာဗျ..၊
တစ်ခြားတစ်ယောက်နဲ့တွဲသွားလေပြီတဲ့ ထိုနေ့မှစ၍ကျွန်တော်ကမ္ဘာလေးပျက်ခဲ့လေသည် ..
ကျွန်တော့်မျှော်လင့်ချက်လေး ၊အဖြူအစိမ်း ကျောင်းကိုပုံမှန်သွားတဲ့တဲ့ကျောင်းပျော်တဲ့စိတ်ကလေး ...၊လေနဲ့အတူမျောလွင့်ပျောက်ကွယ်သွားတဲ့ သူမဆံနွယ်လေး..၊
ပျိုးထားစဲဖြစ်တဲ့ စံပယ်ပန်းလေးတွေကို ကိုယ်တိုင်သီကုံးပေးမယ်ဆိုတဲ့ စိတ်ကူးတစ်ချို့....ကျွန်တော်..
ငိုခဲ့ရသည် ၊
အော်....
အရမ်းချစ်ခဲ့ရဖူးတဲ့ကောင်မလေးရေကိုယ်ကတော့ချစ်လိုက်ရတာ ...၊ကျွန်တော်တစ်ယောက်တည်းကြေကွဲနေတဲ့ အချိန် ခင်ဗျားတို့ အတွဲကတော့နှစ်လပြည့်အထိမ်းအမှတ်နဲ့အင်းယားမှာပျော်လို့
ပျော်နိုင်ကြပါစေ...
ပျိုးသူကပျိုးခဲ့ပြီးပြီပဲဗျာ....ခူးပြီး ပန်သူကသာ
ခင်ဗျားတို့အတွဲ ရာသက်ပန် ထာ၀ရပေါင်းရပါစေကြောင်း
ဘုရားမှာ ဆုတောင်းပေးရုံမှ.....
ဖိုးစည်
Keep Reading