M Min Nyo
(ခေတ်ပေါ်ကဗျာ)
* ပြာလဲ့လဲ့ခန်းဆီးစထဲ ပုန်းကွယ်နေတဲ့ညဟာ
သူမလွှတ်ချသွားတဲ့ခြေသံနဲ့ အိပ်မှုန်စုံမွှားနိုးထ...
ဒီညလည်း ....သူမရဲ့အိပ်ဖန်စောင့်အဖြစ်သာ
ကိုယ့်ကိုယ်ကိုပြန်တွေ့ရဲ့။
* မရူးခဲ့ပါဘူး
စူးရှတဲ့မျက်ဝန်းတွေအောက် ဒူးထောက်ခစား၊
အလှနတ်ဘုရားဟာ အီဂျစ်ပြည်မှာ
ရှိတာမဟုတ်ကြောင်း၊
နတ်သျှင်နောင်ရဲ့ဓါတုကလျာဟာ
ဒီဘက်ခေတ်မှာလည်း ရှိတဲ့အကြောင်း၊
ပပဝတီနဲ့ခုနှစ်ဆောင်တိုက်ခန်းလို...
သူမက...
ကျွန်တော့်ကမ္ဘာတစ်ခြမ်းကို လင်းစေကြောင်း၊
လကလေး အစောင်းမှာ
ခခွေးကျောင်းက ကဗျာရွတ်သံ
အဲ့ဒီနံရံမှာ အဖြူသက်သက်ပဲ ပဲ့တင်ပြန်ပါစေ။
* ည...ဆိုတာက
အိပ်ရေးဝဝ အိပ်ရမှာမဟုတ်လား။
တစ်နေ့စာ ဗာဟီရတွေ အသာချထားလို့၊
နှလုံးသားကို အနားပေး၊
အဲ့ဒါက မင်းအတွက် အားဆေးဖြစ်လိမ့်မယ်။
ညရောက်ပြီ
နရီ တေးသွား ခံစားချက်တွေဘေးဖယ်
(.......................................)
အိပ်မက်လှလှ မက်ပါစေတော့ကွယ်...။ ။
#MMinNyo
Keep Reading