ဖိုးစည်
သို့ .....
သူမ
တစ်ခါကမြက်ခင်းစိမ်းစိမ်းလေးတွေမြင်ရင် သိပ်ကိုကြည်နူးခဲ့တဲ့ကောင်လေး
ခုတော့သူမprofileလေးမီးစိမ်းမှ ဪ...မီးလေးစိမ်းမှပေါ့
တစ်ကယ်တော့ကျွန်တော်ဟာ ဆုတောင်း မကောင်းခဲ့ပုံပဲ
ဒီကမ္ဘာမှာ ရင်သက်ရှုမောဖွယ် အလှပိုင်ရှင်ကောင်မလေးကိုမှ ထာ၀ရသွားလုပ်မိတာ
ပြုံးနေတုန်းပဲမလား ဒီမောင်ကို အမုန်းတွေပေးပြီး
လုပ်ရက်တယ်လို့ပြောချင်ပင်မဲ့ သူမအတွက်တော့ကျွန်တော်ဟာ အရှုပ်ထုတ်သာသာမို့ မပြောရဲခဲ့ပါဘူး ......
တစ်ခြားသူရင်ခွင်မှာ ပြုံးနေတာလေးမြင်ရင်ကြေနပ်ပါပြီ
အဲ့ဒီ့အပြုံးလေးတွေကိုပဲ ရာသက်ပန်ရွှေချထားချင်တာ
ခင်ဗျားလည်း ထိန်းသိမ်းပေးပါ ပိုင်သူကပိုင်သူပေါ့
မဆိုင်သူကသာ ဘေးက၀င် ပူမိနေတာ.....
ရူးတယ်လို့မြင်ခဲ့ရင် ကျွန်တော်ရူးတာ အချစ်ကြောင့်
အချစ်ဆိုတဲ့ပဒိုင်းသီးစားမိလို့ ခဏတာရူးခဲ့ချင်းသာ
အရင်လိုသူမဘက်ကပျက်ရယ်ပြုနေတဲ့ တဖက်သက်ဘ၀လေးပဲကောင်းပါတယ်..
ဆုံခွင့်မကြုံမှာတော့လွမ်းနေရုံပဲ ရှိတော့မပေါ့ဗျာ
ဆက်ပြောဖို့ချန်ထားတဲ့စကားလုံးတစ်ချို့ရဲ့အနက်အဓိပ္ပာယ်မှာ သူမအပေါ်ထာ၀ရဆိုတာရဲ့ဖွင့်ဆိုချက် ...အနက်
ပြုံးနေတာလေးမြင်ရရင်တော်ပြီ ကျွန်တော်ကိုအဲ့အတွေးလေးတွေကြောင့်မုန်းသွားတာဆိုရမှာပဲ....
ကျွန်တော့်နှလုံးသားကမ္ဘာကလူတွေဟာအမြင်ကျဥ်းတယ်
သူတို့ခင်ဗျားဆိုတဲ့လူတစ်ယောက်တည်းကိုပဲ သိကြတာ
ခင်ဗျားလေးပေါ့
ကမ္ဘာပေါ်မှာအရက်စက်ဆုံးသူကိုပြပါဆိုတော့
နှလုံးသား သံလိုက်အိမ်မြှောင်က ခင်ဗျားရှိတဲ့အရပ်ကိုပဲ
ညွှန်ပြနေလေရဲ့ ကျွန်တော်လက်မခံချင်ဘူး
ဒါ့ကြောင့်ကျွန်တော်တတ်နိုင်သလောက်တော့ဖုံးဖိပေးထားမလို့ပဲ
မစ္စတာအရက်ကောင်းမှုကြောင့် ခင်ဗျားရက်စက်မှုလေးတွေ ပြောပြဖြစ်သွားတာ..
မျက်၀န်းမှာညို့ချက်ပြင်းတယ် အဲ့အကြည့်လေးတွေကို
တစ်ခါတောင်မရှောင်နိုင်ခဲ့တဲ့..ကိုယ့်ကို ကိုပြန်ပြီးတောင်
ဂုဏ်ယူမိနေလေရဲ့
သူငယ်ချင်းတစ်ယောက်ဆို ဆုခဏခဏရတယ်
သူရတာက စာဆု လူရည်ချွန်ဆု
ကျွန်တော်မှာရဖူးတဲ့ဆုက အချစ်တက်ဆုံးဆုရယ်
အမုန်းခံနိုင်ဆုံးဆု နှစ်အရှည်ဆုံးဆုတို့မှာ
နှစ်သိမ့်ဆုမရခဲ့ဖူးတာတော့ရင်နာစရာပါပဲ
ဘာပဲဖြစ်ဖြစ်ဒါလေးတွေကိုပဲ တရုတရ သိမ်းထားလိုက်တော့မယ် ဪ...ဘုရားပေးတဲ့ဆုပဲကို
ကြုံသေးရင်နောက်တစ်ခါဇာတ်လမ်းပြန်ဆက်ချင်ပါသေးတယ် ထာ၀ရရဲ့ကျောဘက်က ပြနေတဲ့လက်တွေကို
မမြင်မိခဲ့ရင်ပေါ့ ......။
ဖိုးစည်
Keep Reading