Author's Profile Photo

Juno

11/10/2024

" ကြယ်ကြွေ ဆုတောင်း "

1 min read
Poetry




လောကကို အလင်းပေးတဲ့ နေရောင်လို ကြယ်တွေဟာ
မကြာခဏကြွေကြရတယ်...။

နေနဲ့အပြိုင် လောကကို အလင်းပေးကြလို့ ကြွေကြရတာလား

လောကကို အလင်းပေးမိတာ သူတို့မှားသွားသလား
သူတို့မှားခဲ့ရင် လောကကိုအလင်းပေးချင်တဲ့
ကျွန်တော်လည်း ပေးသင့် မပေးသင့် ပြန်စဉ်းစားချင်လို့ပါ..။

ဒါပေမဲ့လေ
ခင်ဗျားတို့ပြောတာ ကြယ်ကြွေတာဟာ
သိပ်လှတယ်လို့ကြားဖူးတယ်.....။
ပြန်စဉ်းစားကြည့်ရင် ဒါဟာ
လောကကို အလင်းပေးလို့လှတာမို့လား...

နောက်ပြီး......

ကြယ်ကြွေတဲ့ခါ ဆုတောင်းရင်
တောင်းဆုတွေပြည့်တတ်တယ်လို့လည်းကြားဖူးတယ် ...
အဲ့တာကရော မှန်သလား...

အကယ်၍ မှန်ခဲ့ရင် ကြယ်တွေ ထပ်‌မကြွေတော့ဖို့
ကြယ်ကြွေညမှာ ကျွန်တော်ဆုတောင်းချင်လို့ပါ....။

- ????
- ?.??.???? နေ့တွင် ကြွေကျခဲ့ရသော ကြယ်တစ်ပွင့်အတွက်
- ?.??.???? ညတွင် ရေးသားခဲ့သည်။

Keep Reading

ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)"ရေသောက်ပြီး ရယ်ပါ"အို...လူ့ဘောင်လောက"နွေ"မျိုးစေ့ခင်ခင်ပျို့ထံပ