Author's Profile Photo

Gemini

11/10/2024

အလှစိမ်းစိမ်း

1 min read
Poetry
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ
အလှစိမ်းစိမ်း's photo


ငေးမဝ၍ ထွေးပွေ့ထားချင်သော်လည်း
စိမ်းချက်က ခါးသက်လှသည်မို့
ပျို....
အဝေးတစ်ကမ္ဘာ ခြားနေပါရော့လား

ခူးတိုင်းမမှီ မမှီသောပန်းမှာ
အလှဆုံးဖြစ်၏
အပြုံးယဥ်ယဥ် နှင့်
ချိုသာသောအသံလေးမှာ...
မောင့်အတွက်တော့ စာဖွဲ့မမှီ
ကဗျာတွင်မယ့် မြသစ်ခွအလှလေးဟု
တင်စားရမည့်....
မောင့်ရဲ့ ပျိုလေးပင်ဖြစ်ပါသည်။

မောင့်အပေါ် တွင်စိမ်းသက်စွာနှင့်
အလှကြီးလှနေသော ပျိုလေးရေ
ဒီတစ်သက်တော့ဝေးရမယ့်အကြောင်း
ပါလာသလားနော်....

မောင်အဝေးကပဲ့ ကြည့်နေပါရစေလား...
ပျို့ရဲ့အလှ ကမ္ဘာတွင်စေ......
မောင်ရဲ့အချစ် ထာဝရ ဖြစ်ပါရစေလေ....

ပျို့ရဲ့အကြည့်စိမ်းအောက်မှာပဲ့သေခွင့်ပြုပါလေ....
ဒီတစ်သက်တော့ အဝေးသို့ မောင်တစ်ဖဝါးမှ
မခွာနိုင်တော့ပြီ....

??????
(ပျိုလေးရဲ့မာန်မာနအမုန်း).....ဆက်ရန်....

Keep Reading

အထီးကျန်ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)"ရေသောက်ပြီး ရယ်ပါ"အို...လူ့ဘောင်လောက"နွေ"မျိုးစေ့