Author's Profile Photo

SarPhat Author

21/03/2024

ကိုယ့်ကိုယ်ကိုယ် ပြန်ပြောမိနေတဲ့ စကားလုံးတွေက ကိုယ်လျှောက်ရမဲ့ လမ်းကြောင်းပါ။

1 min read
Life Style
Personal Development
ကိုယ့်ကိုယ်ကိုယ် ပြန်ပြောမိနေတဲ့ စကားလုံးတွေက ကိုယ်လျှောက်ရမဲ့ လမ်းကြောင်းပါ။'s photo

ကိုယ့်ကို ရပ်တန်သွားစေမဲ့၊ အင်အားလျော့သွားစေမဲ့ လွဲမှားနေတဲ့ ခံယူချက်တွေကို၊ အဓိပ္ပာယ်မရှိတဲ့ အစွဲတွေကို ကိုယ်အတွေးထဲကနေ ထုတ်ယူလွင့်ပစ်ကြည့်လိုက်ပါ။

ကျွန်မတို့တွေက တစ်ခါတစ်ရံမှာ အဓိပ္ပာယ်မရှိတဲ့ အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ဟန့်တားထားလိုက်ပြီး ရှေ့ကိုရွေ့ဖို့ အခက်တွေ့တဲ့ အချိန်တွေ ရင်ဆိုင်ရဖူးမယ် ထင်ပါတယ်။ ဥပမာ...

- ငါ ဒီ Project ကို လုပ်ဆောင်ဖို့ လုံလောက်တဲ့ အရည် အသွေး မရှိဘူး။
- ငါ ဒါကို အစပြုဖို့ အသက်ကြီး နေပါပြီ။
- ငါ့မှာ လုံလောက်တဲ့ အတွေ့အကြုံတွေ မရှိသေးဘူး။
- ငါ ဒီ industry မှာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။
- ငါ အရာအားလုံးကို ကြိုးစားကြည့်ခဲ့ပြီးပြီ။
- ငါ့အတွက် အလုပ်ဖြစ်မှာ မဟုတ်ဘူး။
- ငါ လူတွေကိုကြောက်တယ်။
- ငါ တစ်ယောက်တည်း အထီးကျန်မှာကို ကြောက်တယ်။
- ငါ ပျော်ရွှင်တဲ့ ဘ၀ကို ပိုင်ဆိုင်ရဖို့ လုံလောက်တဲ့ ငွေကြေးမရှိဘူး။

ဒီစကားလုံးတွေကလေ ဘယ်သူတစ်ဦး တစ်ယောက်ကမှ လာပြီး ထပ်ကြိမ် ထပ်ကြိမ် ကိုယ့်ကို ပြောနေတာ မဟုတ်ပါဘူး။
ကိုယ့်အတွေးကနေသာ ကိုယ့်ကို လှောင်အိမ်ထဲ ပြန်ထည့်လိုက်သကဲ့သို့ ဖြစ်ပြီး အကြိမ်ကြိမ်တွေးနေမိပြီး ကိုယ့်ဘ၀ကို ရပ်တန့်‌စေတာပါ။
✨ ကိုယ့်တွေးလိုက် တဲ့ အရာ‌က ကိုယ့်ဘ၀ပါပဲ။
✨ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောမိနေတဲ့ စကားလုံးတွေက ကိုယ်လျှောက်ရမဲ့ လမ်းကြောင်းပါပဲ။

ဒီအတွက်မို့ ?

ကိုယ့်ကိုယ်ကိုယ် ကောင်းတဲ့ စကားပဲ ပြောကြည့်ပါ။
- ငါ လုပ်ဆောင်နိုင်စွမ်း တွေ ၊ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ငါမှာ ရှိတယ်။
- ငါ ရရှိထားတဲ့ အတွေ့အကြုံတွေက ငါ့အတွက် လုံလောက်စေတယ်။
- ငါကြိုးစားခဲ့သမျှက အချည်းနှီး သက်သက်မဟုတ်ဘူး။ တန်ဖိုးရှိတဲ့ သင်ခန်းစာတွေ ငါရခဲ့တယ်။
- ဘယ်နေရာသွားသွား လူတွေက ချစ်ကြတော့ လုံခြုံတယ်။ ကျေနပ်ရတယ်။
- ငါက မေတ္တာထားတက်တော့ ဘယ်နေရာသွားသွား လူချစ်လူခင်ပေါတယ်။
- ငါ့အတွက် ငွေဆိုတာ unlimited resource ဖြစ်တယ်။
- သက်တောင့်သက်သာဖြစ်ဖို့ ငြိမ်းငြိမ်းချမ်းချမ်းနေဖို့ ငါ့ကိုယ်ငါ ခွင့်ပြုတယ်။

? ကိုယ့်ဘ၀ကို အကန့်အသတ်ကြီးမားတဲ့ အတွေး၊ ခံယူချက် ၊ အစွဲတွေနဲ့ ကျောက်ချမထားပါနဲ့။

? ကောင်းတဲ့ အတွေး၊ ကောင်းတဲ့ စကားလုံးတွေနဲ့ ဘ၀ကို မွမ်းမံတည်ဆောက်ကြည့်ပါ။

.
.
?
LIFE
Life is a gift. Create the life you love.

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း