Author's Profile Photo

La Yaung May

30/09/2024

ငွေစုပါ

1 min read
Life Style
Book Review
General Knowledge
ငွေစုပါ's photo

Phycology of moneyစာအုပ်မှာငွေစုဖို့ရာ
အကြောင်းအရာတွေကိုပြောထားပါတယ်။
မိမိတို့ဘဝမှာမျှော်လင့်မထားတဲ့ အခက်အခဲ၊ပြဿနာတွေဟာ အချိန်မရွေးကြုံတွေနိုင်ပါတယ်။ဒီလိုကြုံတွေ့လာရင် ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ပိုက်ဆံဟာ မဖြစ်မနေလိုအပ်ပါတယ်။
ဒါကြောင့် ပိုက်ဆံကိုမဖြစ်မနေစုဆောင်ထားဖို့လိုအပ်ပါတယ်။

မျှော်လင့်မထားတဲ့ အခက်အခဲ၊ပြဿနာတွေနဲ့ကြုံတွေ့ရတဲ့အခါမှာ ငွေစုထားသူနဲ့ ငွေကိုမစုပဲအသုံးပြုသူတို့ နှစ်ယောက်ရဲ့ဘဝဟာအရမ်းကိုကွာခြားသွားပါတယ်။ ကွာသွားပုံက
ငွေစုထားသူက အခက်အခဲ၊ပြဿနာတွေကို
အလွယ်တကူဖြေရှင်းနိုင်ပေမဲ့ ငွေကိုမစုပဲအသုံပြုသွားသူဟာ ကြုံလာရတဲ့ပြဿနာတွေကိုမဖြေရှင်းနိုင်ဘဲ ဒုက္ခတွေကိုခံစားနေကြရတာကိုတွေ့ရပါတယ်။ဒါကြောင့် ဒီစာကိုဖတ်ဖြစ်တဲ့လူကြီးမင်းတို့အားလုံးကို မဖြစ်မနေမှာချင်တာက နည်းနည်းပဲစုစု၊ များများပဲစုစု မဖြစ်မနေငွေစုဖို့မှာချင်ပါတယ်ရှင့်။

ကျွန်မကိုယ်တိုင်လည်း အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ အနိမ့်ဆုံးဝန်ထမ်းတစ်ယောက်ဘယ်လောက်ရတယ်ဆိုတာ လူကြီးမင်းတို့သိကြမှာပါ ကျွန်မကတော့ရတဲ့လစာကို မဖြစ်မနေစုပြီးမှာသာ
ကျန်ငွေကို မဖြစ်မနေလိုအပ်တဲ့နေရာမှာ အသုံးပြုဖြစ်ပါတယ်။လူကြီးမင်းတို့ကိုလည်း
မိမိဟာဘယ်လောက်ပဲ ဝင်ငွေနည်းသူဖြစ်နေပါစေ မိမိ၏ဝင်ငွေထဲကအရင်းဆုံးစုပြီးမှ ကျန်ငွေကို လိုချင်တဲ့နေရာတွေမှာ အသုံးမပြုပဲ၊ မဖြစ်မနေလိုအပ်တဲ့နေရာတွေမှာပဲ အသုံးပြုဖို့ အကြံပေးချင်ပါတယ်ရှင့်။ဒါမှလည်း လူကြီးမင်းတို့ အရေးကြုံလာတဲ့အခါ
ပြဿနာဖြေရှင်းနိုင်ပြီး အခက်အခဲဒုက္ခတွေနဲ့
မကြုံတွေ့ရမှာပါ။ဒါကြောင့်မဖြစ်မနေ ငွေစုပါ။အရင်က ငွေမစုဖြစ်ဖူးဘူးဆိုလဲ အခုကနေ
စပြီးငွေစုပါ။

ဘဝမှာမျှော်မှန်းမထားတဲ့ အခက်အခဲ၊ပြဿနာတွေကိုကျော်လွှားနိုင်ဖို့ ဒီနေ့က
စပြီးမဖြစ်မနေငွေစုပါ။

Keep Reading

ရွာရိုးကိုးပေါက်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါ့စတာယက်စကီးရဲ့ဘဝအမောပြေ‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်မရိုးတရိုးအကျပ်ထဲမှာ ချောင်ကြည့်ခြင်းအထက်တန်းစားနှင့်အောက်တန်းစားအဲလ်ဘတ်ကမူး၏ကိုးကွယ်ရာ