စမ်းကြယ်

လွန်ခဲ့တဲ့ နှစ်သုံးလေးဆယ်လောက်တုန်းက ချမ်းသာတဲ့သူတွေသာ ကားစီးနိုင်ကြတယ်။ ဆင်းရဲတဲ့သူတွေကတော့ မြင်းတွေ၊ နွားတွေကို အသုံးပြုကြရတယ်။ အခုခေတ်မှာ လူတိုင်းနီးပါး ကားစီးနိုင်လာကြတယ်။ ဒါပေမယ့် ဒိတ်ဒိတ်ကြဲသူဌေးတွေက မြင်းမျိုးကောင်းတွေကို အလှစီးရင်း အချိန်ကုန်ဆုံးကြတယ်။
ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် တီဗီမျက်နှာပြင်နဲ့ အရမ်းကပ်မကြည့်ဖို့ လူကြီးမိဘတွေက ဆူပူသတိပေးကြတယ်။ အခု လူတွေက ဖုန်းနဲ့မျက်နှာအပ်မိနေကြပြီ။
ဟိုးတုန်းကတော့ အိမ်မှာ ထမင်း၊ ဟင်းချက်တယ်ဆိုတာ နေ့စဉ်လုပ်ငန်းဆောင်တာတစ်ခုပါ။ ဒီဘက်ခေတ်မှာ ဟင်းချက်တယ်ဆိုတာ ဆိုရှယ်မီဒီယာပေါ်တင်ပြီး ဂုဏ်ဆာချင်နေကြတာပါ။
အတိတ်တုန်းက ခရီးထွက်ကြတဲ့အခါ အခက်ခဲဆုံးအလုပ်က မြေပုံကြည့်ရတာပါ။ အခုတော့ ခရီးထွက်တဲ့အခါ ဘယ်သီချင်းနားထောင်ရင် ကောင်းမလဲ ရွေးချယ်ရတာက အလုပ်တစ်ခုဖြစ်နေပြီ။
အရင်တုန်းက ရေကို အခမဲ့သုံးစွဲခဲ့ရတယ်။ သီချင်းနားထောင်ချင်ရင် ကတ်ဆတ်ခွေ၊ စီဒီတွေကို ငွေပေးဝယ်ခဲ့ရတယ်။ အခု သီချင်းတွေကို Streaming app တွေမှာ နားထောင်လို့ရနေပြီ။ ဒါပေမယ့် ရေကို သောက်ရေသန့်ဗူးအဖြစ် ဝယ်သောက်နေကြရပြီ။
ဟိုးတုန်းက "နေလောင်လို့ အသားမဲတယ်" ဆိုတာ နေ့စားအလုပ်သမားတွေ ပင်ပင်ပန်းပန်း အလုပ်လုပ်ရလို့ပါ။ အခုခေတ်မှာ လူတွေဟာ ကမ်းခြေကို တကူးတကသွားပြီး ဇိမ်ခံအပန်းဖြေရင်း နေလောင်ခံကုန်ကြပြီ။
အရင်ကာလတွေတုန်းက အိမ်တစ်အိမ်မှာ TV မရှိရင် ဆင်းရဲတယ်လို့ အကြမ်းဖျင်း သတ်မှတ်ကြတယ်။ အခုတော့ TV မရှိမှဘဲ ကိုယ့်ဘဝပိုမိုတိုးတက်ဖို့ အာရုံပိုစိုက်နိုင်မယ့် သဘောဖြစ်နေပြီ။
အတိတ်မှာ လူတွေ ဒိုင်ယာရီရေးလေ့ရှိခဲ့ကြပြီး လုံခြုံရာမှာ သိမ်းထားတတ်ကြတယ်။ အခုခေတ်မှာ လူတွေက သူတို့ထင်မြင်တာတွေ၊ ခံစားရတာတွေကို ဆိုရှယ်မီဒီယာပေါ် တင်နေကြတယ်။
အရင်ခေတ်က စာတိုက်ကနေ စာပို့ရင် ရက်သတ္တ ပတ်အချို့ ကြာမြင့်လေ့ရှိတယ်။ ခုများတော့ cb မှာ စာပို့ထားတာကို ချက်ခြင်းပြန်မဖြေရင် ကိုယ့်ကိုဂရုမစိုက်ဘူး၊ အလေးမထားဘူးလို့ သတ်မှတ်လက်ခံထားကြတယ်။
အတိတ်တုန်းက လူတွေဟာ မျက်မှန်တပ်ဖို့ အတတ်နိုင်ဆုံးရှောင်ကြတယ်။ မှန်ကြောင်တို့၊ စာကြောင်တို့ အခေါ်ခံကြရလို့ပါ။ အခုတော့ လူတွေက မျက်မှန်တပ်ဖို့ မလိုတာတောင် ဖက်ရှင်အရ ဒါမှမဟုတ် လူစိတ်ဝင်စားခံရဖို့ မျက်မှန်ကို တကူးတက တပ်လာကြတယ်။
ငယ်ငယ်တုန်းက အထိုင်ဖုန်းရှိတဲ့အိမ်က သူဌေးပဲ။အခုတော့ တကယ့်သူဌေးတွေက ဖုန်းတစ်နေ့လောက်မသုံးဘဲ အနားယူနိုင်ဖို့က ဇိမ်ခံနည်းတစ်မျိုး ဖြစ်လာခဲ့ပြီ။
ငယ်ငယ်တုန်းကတော့ နွားနို့ဝယ်ချင်ရင် ဈေးထဲ သွားကြရတယ်။ အခု ကုန်ခြောက်တွေ၊ အစားအသောက်တွေ၊ အဝတ်အစားတွေ၊ ပရိ ဘောဂတွေ ပစ္စည်းတော် တော်များများကို Deli နဲ့ မှာလို့ ရနေကြပြီ။
အတိတ်တုန်းက လူတွေဟာ မိုးမိမှာ တအားစိုးရိမ်ကြတယ်။ အခုတော့ မိုးရေထဲ ထီးမပါဘဲထွက်ရဲမှ လွတ်လပ်တဲ့အရသာကို ခံစားကြရတယ်။
အရင်တုန်းက သူငယ်ချင်းတွေဆုံကြဖို့ လည်ပတ်စရာ တစ်နေရာရာကို ချိန်းဆိုကြတယ်။ အခုတော့ msg မှာ Group Chat ဖွဲ့လိုက်ရုံပဲ။
ရုပ်ရှင်ကြည့်ဖို့ အခွေဆိုင်မှာ သွားငှားရတာ ပုံမှန်ပါပဲ။ အခုတော့ Netflix မှာ ဘာကားရွေးကြည့်ရမှန်းတောင် မသိတော့ဘဲ ခေါင်းစားနေကြရပြီ။
အတိတ်တုန်းက လူတစ်ဦးဟာ ယေဘူယျဗဟုသုတမြင့်မားရင် ဉာဏ်စမ်းအစီအစဉ်တွေမှာ
ပွဲတိုးတယ်။ အခုကျတော့ လူတွေလည်း AI partner နဲ့ ရန်ပြောင်းဖြစ်၊ ငြင်းခုန်နေရတဲ့အဖြစ်ကို ရောက်နေကြပြီ။
ငယ်ငယ်တုန်းကတော့ အာကာသနဲ့ပက်သက်ပြီး စိတ်ဝင်စားကြတာဟာ ဈေးကြီးတဲ့ အိပ်မက်တစ်ခုပေါ့။ အခုခေတ် လူငယ်တွေရဲ့ အိပ်မက်က Streamer ဖြစ်ဖို့၊ YouTuber ဖြစ်ဖို့တဲ့။
အရင်ခေတ်က လူတွေဟာ နိုင်ငံသတင်း၊ နိုင်ငံ တကာသတင်းတွေ သိချင်ရင် ညနေပိုင်းသတင်းအစီ အစဉ်ကို စောင့်ကြည့်ခဲ့ကြရတယ်။ အခုခေတ်မှာ လူတွေက ဆိုရှယ်မီဒီယာတွေက ပွဲတွေကိုပဲ ပိုစိတ်ဝင်စားကြတော့တယ်။
အရင်တုန်းက တစ်ယောက်ယောက်ကို ချစ်မိပြီဆိုရင် ရည်းစားစာပေးခဲ့ကြတယ်။ အခုတော့ အွန်လိုင်း ရပ်ဝန်းဟာ Playground တစ်ခု ဖြစ်လို့နေရော။
ဒီတော့ အချိန်တွေ၊ ခေတ်ရေစီးကြောင်းတွေ ပြောင်းလဲလာတာနဲ့အမျှ ဘဝတွေ၊ လူနေမှုပုံစံတွေက မထင်မှတ်ဘဲ ပြောင်းလဲလာပါတယ်။ အပေါ်မှာရေးသားခဲ့တဲ့ ခေတ်နှစ်ခုလုံးကို မှီလိုက်ကြသူတွေလည်း ရှိကြမှာပါ။
"ခေတ်စနစ်ကို မပြောင်းလဲပါနဲ့" လို့ တားဆီးလို့မရတာကြောင့် ကိုယ်ဘယ်အချက်ကို ဆက်လက်ဆုပ်ကိုင်ထားမလဲ၊ ခေတ်နဲ့အညီ ဘယ်အချက်ကို လိုက်ပါစီးမျောမလဲဆိုတာ စာဖတ်သူတို့ တစ်ဦးတစ်ယောက်ခြင်းစီမှာပဲ မူတည်နေပါတော့တယ်။
Facebook မှ English video တစ်ခုအား ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
စမ်းကြယ်
#photoscrdtooriginaluploaders
Keep Reading