Author's Profile Photo

Sunní

12/09/2024

Silence

1 min read
Poetry
Silence's photo

ငါအခုရောက်နေတဲ့နေရာ•••

ငါလုပ်နေတဲ့အလုပ်•••

ငါကြိုးစားနေတဲ့အရာ•••

ဒါတွေအားလုံးဟာသေချာစဉ်းစားကြည့်ရင်
ဘာအတွက်ကြိုးစားနေမှန်းတောင်
ငါကိုယ်‌တိုင်ကတိတိကျကျမသိဘူး။

ငါ့ရဲ့ပတ်ဝန်းကျင်ဟာ လူအမျိုးမျိုးတို့ရဲ့
နိုင်၊စား၊ကူ၊ဖား‌ မှုတွေ‌နဲ့ ရုန်းကန်လုပ်ရှားမှုတွေ
အတ္တတရားတွေ အချင်းချင်းယှဉ်ပြိုင်‌မှုတွေကြောင့် ဆူညံနေခဲ့တာတောင်•••

ငါ့ရဲ့ကမ္ဘာမှာတော့ ဘာကိုမှရေရေရာရာမသိနိုင်ဘဲ
တိတ်ဆိတ်ပြီးမှောင်မိုက်တဲ့အခန်းငယ်တစ်ခုလိုဖြစ်နေတယ်။

တစ်ချက်တစ်ချက်လူတွေရဲ့နာနာကျင်ကျင်နဲ့
အော်ဟစ်အကူညီတောင်းနေတဲ့အသံကိုကြားနေရပေမယ့်•••

ငါမကူညီနိုင်ခဲ့ဘူး။

သူတို့ရဲ့နာကျင်ဆုံးရှုံးမှုတွေကို‌ အားလုံးသိအောင်ဖော်ထုတ်ပြချင်ခဲ့ပေမယ့်•••

လောကကြီးရဲ့ပြောင်းပြန်အချိုးကျတဲ့ နိယာမအချို့ကြောင့်မမျှတမှုတွေကို
ထုတ်ဖော်မပြောနိုင်ဘဲ ‌ ကြောက်လန့်စွာနဲ့ ငါနှုတ်ပိတ်နေမိခဲ့တယ်။

လူတို့ရဲ့အကျင့်ပျက် လာဘ်စားမှု၊နိုင်ထက်စီးနင်းမှုတွေ၊ငွေ နဲ့ အတ္တတရားများကို ကိုးကွယ်နေကြတဲ့လောကကြီးမှာတော့ မျှတမှုဆိုတဲ့အရာဟာ In The Silence...

12.9.2024?

Sunní✨

Life goes on?
Keep going and Paint your life??️



Keep Reading

အထီးကျန်နန်းကျဘုရင်ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းမေတ္တာဖြင့် ချစ်ခွင့်ပန်ခြင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)ယနေ့ကဗျာ"ရေသောက်ပြီး ရယ်ပါ"