Author's Profile Photo

Noon (နွန်း)

28/08/2024

ချုံထဲက ကျွန်မဘဝ အပိုင်း-၁

3 mins read
Life Style
General Knowledge
History
ချုံထဲက ကျွန်မဘဝ 
အပိုင်း-၁'s photo
  • နွေသည် အောင်မြင်ကျော်ကြားဖို့ မွေးဖွားလာသူမဟုတ်ပါ။
  • နွေသည် ဘယ်တေ့ာမှ လူရာဝင်ခဲ့သူမဟုတ်ခဲ့ပါ။
  • နွေ၏ဘဝသည် လမ်းဘေးမှာ ဈေးရောင်းရတဲ့ ကလေးများသဖွယ် ဘဝမဆိုးခဲ့ပါ။
  • သို့ပေမဲ့ နွေ ငယ်ကတည်းကပင်ခံစားချက်ပေါင်းများစွာ‌ ခံစားရတတ်ဖူးသည်။....


ပုံပြင်လေးကို နွေ၏ငယ်ဘဝကနေ စတင်ခဲ့ပါသည်။

နွေ မွေးဖွားလာခဲ့သည့် အချိန်သည်
မြူဆိုင်းသော ဆောင်းရာသီဖြစ်‌‌လေသည်။
မွေးဖွားရာဌာနေမှာ တောင်တန်းဒေသဖြစ်၍
အေးမြနေ‌‌လေ၏။
နွေ မွေးစဉ်က ၃လသားကြောင် အရွယ်လောက်သာရှိ၍ ငါးဖောင်ရိုးခြောက်ပမာ အသားရည်တွန့်ကာ မဲခြောက်နေလေသည်။ အသက်ရှင်မည်ဟုပင် မည်သူကမျှ မထင်ခဲ့ကြ။
မိဘ၏ အကျွေးအမွေးကောင်း၍သာ နွေ
တည်ရှိခဲ့သည်လော။...

ဤသို့တစ်ရွေ့ရွေ့ဖြင့် ၅နှစ်အရွယ် မူကြိုအရွယ်က‌လေးဘဝရောက်လာခဲ့‌လေသည်။ နွေ၏ အစ်မမှာ နှစ်တန်းအရွယ်ဖြစ်၍ တူတူနေခွင့်မရှိ‌ချေ။ နွေတွင် 'မိုး'
ဆိုသော သူငယ်ချင်းတစ်ယောက်သာရှိ‌လေသည်။
မူကြိုကျောင်းများ၏ထုံးစံအတိုင်းပင် နေ့လယ်၁၂နာရီရောက်လျှင် အိပ်ရ‌လေသည်။ နွေ၏အကျင့်မှာပင် နေ့လယ်တွင် မအိပ်တတ်‌ပေ။ အခြားကလေးများအား
အနှောင့်အယှက်ဖြစ်မည်ကို ပူပန်သော်
မူကြိုဆရာမမှ နွေ ကို အိပ်ခန်း၏ အောက်ဆုံးပြတင်းပေါက် အဝနားတွင် တစ်‌ယောက်တည်းအိပ်ခိုင်းခဲ့‌လေသည်။ သူတစ်ပါးအမြင်တွင် နွေက ရယ်စရာကလေးပမာ။ စည်းကမ်းကို မလိုက်နာတတ်‌။ သို့သော် နွေ၏ရင်တွင်းခံစားချက်ကို မည်သူသိမည်နည်း။ မူကြိုကလေးအရွယ်တွင်ပင် နွေ မှာအထီးကျန်ခြင်းကို ခံစားခဲ့ရ‌လေသည်။

‌နွေ တစ်တန်းအရွယ်‌ရောက်လာသော်
ခရီးကြောင့် စာမေးပွဲ တစ်ခုကိုမဖြေခဲ့ရချေ။
အဲဒီခေတ်အခါက စာမေးပွဲတစ်ခုမဖြေလျှင် စာမေးပွဲကြီး၌ အမှတ်မပေး‌ချေ။ စာမေးပွဲကြီး
ဖြေမည့် နေ့တွင် နွေသည် ဆိုင်ကယ် မတော်တဆမှု
ဖြစ်ခဲ့‌လေသည်။ ခြေထောက်တွင် သွေးစီးနေခဲ့သော်လည်း စာမေးပွဲကို ရအောင်ဖြေခဲ့ရ‌လေသည်။သို့သော် စာဖြေသူကျောင်းသား ၂၀၇ ယောက်ရှိရာတွင် နွေ၏အဆင့်မှာ ၂၀၇ ဖြစ်နေခဲ့သည်။ တစ်တန်းအရွယ်၌ ရှုံးနိမ့်သည့်ဒဏ်ကိုခံစားမိတတ်ခဲ့သည်။သို့‌ပေမဲ့ နွေ မငိုခဲ့ပေ။

တစ်ရွေ့ရွေ့ပင် စာလုပ်သောနှစ်တန်းအရွယ်
ရောက်လာခဲ့လေသည်။ Bအခန်းဖြစ်‌နေ၍ ဆရာမတို့ပင် အမည်‌ အဖော်မခံခဲ့ရ။ ကျူရှင်တူသူများသည်လည်း A အခန်းကဖြစ်၍ နွေကို မခေါ်ချင်။ငယ်သူငယ်ချင်းနှစ်ယောက်သာရှိသည်။
နွေ၏အိမ်ထောင့်ဆုံးခုံ၌ နွေ စာလုပ်တာကို မြင်ယောင်နေသေးသည်။
စာကြိုးစားခဲ့ကာ ဆုရရှိခဲ့သော်လည်း
အတန်းဖော်များက နွေရှိနေသည်ဟုပင် မထင်။
အေးစပ်မှုဒဏ်ကို သိလာခဲ့သည်။

တစ်နှစ်ကုန်၍ အသက်တစ်နှစ်ကြီးကာ
ရှက်တတ်သည့်အရွယ်သို့ နွေရောက်လာခဲ့သည်။သုံးတန်းအရွယ်၌ နွေသည် အမဲစက် အထင်ခံခဲ့ရသည်။ နွေ၏ခုံအောက်၌ ပိုက်ဆံကျ‌နေသည်ကိုမြင်သောကြောင့် သူငယ်ချင်းငွေထင်ခဲ့ကာ သူ့ကို ပေးခဲ့သည်။ ဆရာမအား အလှူငွေဟုဆိုကာ သူငယ်ချင်းမှပေးခဲ့သည့်အချိန်

(သမီး ဒီပိုက်ဆံက ဘာလုပ်ဖို့အတွက်‌ ပေးတာလဲ။

သမီးအလှူငွေမထည့်ရသေးလို့ ဆရာမစီ လာပေးတာပါ။

ကထိန်ခကို သမီးအမေလာပေးပြီးပြီနော်။
ဒီလောက်ပိုက်ဆံအများကြီးကို သမီးဘယ်ကရလာတာလဲ။

နွေက ပေးလိုက်လို့ပါ ဆရာမ)

ဟုဆိုကာ နွေကို လက်ညိုးထိုးပြခဲ့သည်။

တကယ်တော့ သူ့ပိုက်ဆံမဟုတ်၊ အနောက်ခုံက လူချမ်းသာကောင်မလေး၏ပိုက်ဆံမှန်း နွေ မသိခဲ့။
နွေ၏ လိုအပ်ချက်ပင်ဖြစ်သည်။
ဆရာမကို မမေးမြန်းဘဲ အယုံကြည်လွန်ကာ သူငယ်ချင်းကို ပေးခဲ့‌ခြင်းကြောင့်ဖြစ်သည်။
' နွေမှာ သူခိုးတစ်ယောက်ကဲ့သို့ သူများပိုက်ဆံကို ခိုးယူသည်'ဆိုကာ တစ်ခန်းလုံးရှေ့‌၌ အမည်အခေါ်ခံခဲ့ရလေသည်။ ဂျယ်လီပေတံဖြင့် လက်တွင် အချက်နှစ်ဆယ် အရိုက်ခံခဲ့ရကား

" သူများပစ္စည်းကို မသိအောင် မယူနှင့်" ဟု ဆူပူခံခဲ့ရ‌လေသည်။ ၎င်းနေ့မှစ၍ နွေမှာ မျက်နှာပျက်ခဲ့ရ‌လေသည်။ သူငယ်ချင်းများကလည်း မခေါ်ချင်ကြတော့ပေ။ ဖြစ်ချင်‌သော်ငြားလည်း ပိုက်ဆံပျောက်သည့်ကလေးမက စာတော်သည့်အသိုင်းအဝိုင်းကဖြစ်နေ၍ သူတို့အဖွဲ့တွင်ပင် နွေမျက်နှာပျက်ခဲ့ရသည်။ နွေမှ အရှက်တရားကို ခံစားမိတတ်ခဲ့သည်။

ခံစားမှုပေါင်းများစွာကို ကျောင်းသင်အရွယ်၌ တစ်ဖြည်းဖြည်းသင်ယူလာခဲ့ရာ....

ခုနှစ်တန်းအရွယ်သို့ ရောက်ခဲ့‌လေသည်။
နွေ၏ဘဝမှာ မလွယ်ကူခဲ့ပေ။ နွေ ခုနှစ်တန်းအခန်းတွင်စာဖတ်ဝါသနာပါ၍စာတော်သည့် ဇူး'ဆိုသော အတန်းဖော်ကို အရမ်းခင်သည်။
နှစ်တစ်ဝက်အရောက်ထိပေါင်းခဲ့သည့် သူငယ်ချင်းဖြစ်သည့်အတွက် အရမ်းချစ်သည်။သို့သော်
ဇူး မှာ နွေကို မခေါ်တော့ပေ။ မည်သည့်အကြောင်းကြောင့်မှန်းမသိ။

နွေက စာညံ့တဲ့ လူထဲပါလို့များလားဆိုပြီး ဝမ်းနည်းစိတ်နဲ့ နွေက တွေးပူခဲ့မိသည်။

ကိစ္စတစ်ခုကဖြစ်ချင်လေသော် နွေ၏ အခန်းတူ‌
ကျောင်းပြောင်းလာသော ကောင်လေးခက်ဆိုးဆိုးက နွေကို စနှောက်လှောင်ပြောင်သည်။
နွေက သူ့ကို မ‌ခင်ပါ။သို့သော် အခန်းတွင်းဆရာမစာသင်ချိန်တွင် နွေ၏ ခုံဘေးနားသို့ ကပ်လာ၍

(မိန်းမ ဟဲ့ မိန်းမ ငါပြောနေတယ်။
ချစ်ချစ် ဘာလုပ်နေတာလဲ။
ငါပြောတာလည်း ပြန်မဖြေဘူး။
နှင်းသီးရေ ဘာလုပ်နေတာလဲလို့။ မိန်းမရေ။)

ထိုကဲ့သို့ အော်ခေါ်သည်။ နွေမှာ ထားစရာမျက်နှာမရှိ။ အရှက်ရခဲ့ရသည်။
နောက်ဆုံး၌ နွေမသည်းခံနိုင်၍ သူ၏ဖတ်စာအုပ်အား ဆွဲဖြဲကာ မှင်နှင့် လျှောက်ခြစ်မှ ငြိမ်သွားခဲ့သည်။
ထိုအကြောင်းကို နှင်း ဆိုသော ခုံနောက်က ကောင်မလေးကဆရာမအား
ကောင်လေးဆိုးကြောင်း ဆုံးမပေးပါရန် သွားပြောဆိုခဲ့သည်။ထိုအချိန်မှစ၍ ကောင်လေးက နွေကို မစရဲတော့ချေ။

နှစ်ဆုံးတွင် နွေကိုခေါ်ချင်သော အတန်းဖော်နှင်းကရောက်လာသည်။ နှင်း သည်‌နွေတို့အတန်းမှ အဖွဲ့တစ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ နွေကိုခေါ်သည်မှာ ဖဲ့ချင်သည့်စိတ်ကြောင့်ဖြစ်မည်ထင်သည်။အဘယ်ကြောင့်ဆိုသော် ခုနှစ်တန်းကျောင်းနောက်ဆုံးနေ့တွင် လက်ဆောင်မဲဆော့သည့်အခါ နွေက အရုပ်ဖြူလေးရခဲ့သည်။ နှင်းက အရုပ်လှလှလေးမရခဲ့ချေ။ နှင်း၏ သူငယ်ချင်းအပေါ်အဖော်များက နွေ၏အရုပ်ကို အတင်းကြည့်ချင်ကြသည်။

နွေအတွက်‌ထိုအရုပ်ဖြူလေးက သူငယ်ချင်းဆီမှ ပထမဆုံးရဖူးသော လက်ဆောင်ဖြစ်၍ အမြတ်တနိုးထားကာ ပေကျံသွားမှာစိုးရိမ်မိသည်။

ထိုကြောင့် မပြချင်ခဲ့ချေ။ ထိုအခါ နှင်း မှ သူ့အဖွဲ့သားများအား

(ဟဲ့ သူများကကြည့်ချင်‌နေတာကို ပြလိုက်လေ။
နင့်အရုပ်ဘာဖြစ်သွားမှာလဲ။ ခိုးယူမှာမှမဟုတ်တာကို။ဒါလေးကို ပေးကြည့်ရမှာ ချေးများနေသေးတယ်။

နင်တို့တွေ နွေအရုပ်ကို ကြည့်မနေနဲ့တော့။ ဘာမှ အသုံးမဝင်တဲ့ဟာကိုများ ကြည့်ချင်နေသေးတယ်။သူ့ကိုပစ်ထားလိုက်။)

ထိုအချိန်မှ စ၍ နွေတွင် သူငယ်ချင်းမရှိတော့ပေ။မိူးဆိုသော ငယ်သူငယ်ချင်းကလည်း အတန်းမတူဖြစ်နေခဲ့သည်။ထိုအဖြစ်အပျက်ပြီးနောက်ပိုင်း
‌နွေ လူတွေနှင့် လွယ်လွယ်မပေါင်းသင်းတော့ချေ။

နွေ၏ ဘဝမှာ ခုနှစ်တန်းအရွယ်ပင် သစ္စာဖောက်ခံရခြင်း၊ကဲ့ရဲ့ရှုံ့ချခံရခြင်း၊မျက်နှာပျက်ခြင်းစသော စိတ်ဝေဒနာများ ခံစားတတ်မိလာခဲ့သည်။
‌‌
အပိုင်း၁လေးက ဒီလောက်လေးပါပဲ။?

ချုံထဲက ကျွန်မဘဝလို့ ပြောလိုက်တဲ့အချိန် တော်တော်များများက ကိုယ့်ကိုယ်ကို အောက်ချေအထိ ဆွဲချပြီးပေးထားတာလား ဟု ထင်မိသည်။
ခေါင်းစဉ်က 'ချုံ' ဆိုတာ ချုံပုတ်ဟုလှောင်‌ပြောင်ခံရချိန် ပေးခံရတဲ့နာမည်ပြောင်လေးတစ်ခုကနေ ရလာခြင်းပါ။ သို့ပေမဲ့ ချုံပုတ်ဆိုတဲ့ နာမည်တစ်ခုကပဲ ဆောင်းပါးဖြစ်အောင် ခွန်အားပေးခဲ့ပါသည်။?️

အိမ်ကိုမရောက်‌သောလမ်း ဆိုတဲ့ ‌ဆောင်းပါးလေးထဲက 'နွေ'ဆိုသောနာမည်လေးနဲ့ ဒီဆောင်းပါးလေးကိုထပ်မံရေးသားခဲ့ပါသည်။?





Noon (or) Noon Hnin Wai 


Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)