Yam

ဘယ်လို ဂုဏ်ထူးဘွဲ့ထူးတွေရထားဆိုတာဟာ
အရေအတွက် သာမညပါ...
တတ်ထားတဲ့ပညာနဲ့
ကိုယ့်အကျိုး အများအကျိုးကို
ဘယ်လောက်ထိ သယ်ပိုး
သလဲဆိုတာကမှ
အဓိပါ...
"ဘယ်လိုချစ်တယ်"လို့
ခဏခဏ တစ်ဖွဖွပြောနေတာတွေက
အရေအတွက် သာမညပါ...
ကိုယ်ချစ်သူကို
ဂရုစိုက်တာ အချိန်ပေးတာ
နားလည်ခွင့်လွတ်ပြီး
အေးမြတဲ့ မေတ္တာ
နွေးထွေးတဲ့ အကြင်နာတွေနဲ့
ဘယ်လောက်ထိ ပေးဆပ်ခြင်းနဲ့ ချစ်သလဲဆိုတာကမှ
အဓိကပါ...
"နေကောင်းလား?
ကျန်းမာရေးဂရုစိုက်ပါ"လို့
ပြောကြဆိုကြတာတွေဟာ
အပေါ်ယံသာမညပါ...
ကိုယ်ကိုယ်တိုင်
ကျန်းမာရေးလိုက်စားတာ
ဆေးလိပ် အရက် အပျော်အပါး
ကိုယ်ခန္ဓာနဲ့မတည့်တာတွေ
မစားတာ
စိတ်ချမ်းသာအောင်
နေခြင်းတွေက
ကျန်းမာရေးအတွက်
အဓိကပါ...
ရာထူး အာဏာ
ပါဝါတွေက အရေအတွက်
သာမညပါ...
ရထားတဲ့ ရာထူးအာဏာနဲ့
နိုင်ငံအကျိုးကို ဘယ်လောက်ထိ
ပေးဆပ်သယ်ပိုးဆိုတာက
အဓိကပါ...
ရွှေငွေ တိုက်တွေကားတွေနဲ့
စီးပွားဥစ္စာချမ်းသာတယ်
ဆိုတာ
တစ်ဘဝစာမို့ သာမညပါ...
ရှိတဲ့စီးပွားဥစ္စာတွေနဲ့
ဒီဘဝမှာ သုံးသင့်တာ
သုံးပြီး
နောင်သံသရာအတွက်
ဘယ်လောက်ယူသွားနိုင်သလဲဆိုတာက
အဓိကပါ...
တရားစာပေဗဟုသုတများတာ
ရိပ်သာကို ဘယ်နှစ်ကြိမ်ဝင်တာ
ဘယ်နှစ်နာရီထိ ထိုင်နိုင်တယ်ဆိုတာတွေက
အရေအတွက် သာမညပါ...
ရုပ်အကြောင်း
နာမ်အကြောင်း
ခန္ဓာအကြောင်းကို ကိုယ်ပိုင်ဉာဏ်နဲ့ သိပြီး
လောဘ ဒေါသ မာနစတဲ့
ကိလေသာတွေ ဘယ်လောက်ထိ
လျော့နည်းသွားတယ်ဆိုတာကမှ
အရည်အချင်း အနှစ်သာရ
အဓိကပါ...
အရာရာကို
အပေါ်ယံ အရေအတွက်
သာမညနဲ့
အတွင်းပိုင်း အရည်အချင်း
အနှစ်သာရ အဓိကကို
ခွဲခြား၍ သိမြင်ပြီး
လောကီလောကုတ္တရာ
နှစ်ဖြာသော ကောင်းကျိုးချမ်းသာကို
ပိုင်ဆိုင်အောင် ကြိုးစားကြမယ်။
-Yam [19.8.2024]✓
Keep Reading