Author's Profile Photo

Nway Oo Maung

10/10/2024

သီတင်းကျွတ်နှင့်အဘိဓမ္မာ

4 mins read
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ


တာဝတိံသာနတ်ပြည့်ကနေ အဘိဓမ္မာတရားဟောကြားပြီး မြတ်စွာဘုရား လူ့ပြည်သို့ ပြန်လည်ကြွလာသောနေ့ဟာ သီးတင်းကျွတ်လပြည့်နေဖြစ်သောကြောင့် သီတင်းကျွတ်လပြည့်နေ့ကိုအဘိဓမ္မာအခါတော်နေ့ဟု ဗုဒ္ဓဘာသာဝင်အပေါင်းတို့ကသက်မှတ်ကြ​၏၊ ကျွန်တော်ကအဘိဓမ္မာအခါတော်နေ့ထက် အဘိဓမ္မာကိုပိုပြီးစိတ်ဝင်းစားမိ​၏။ ထိုသို့ဖြစ်သောကြောင့် ဦးပဉ္စင်းတစ်ပါးကိုမေးလျောက်ဟန်နှင့် ပိုပြီးနာလည်အောင် ကျွန်တော်လေ့လာထားသလောက် ရေးသားပါမည်။
ကျွန်တော်။ ။ ဆတော် နေကောင်းကျန်းမာပြီး ဣရိယာပုတ်၄ပါးမျှတပါရဲ့လား ဘုရား၊
ဆတော်။ ။အေးဒကာလေး လူတော့ကျန်းမာပါရဲ့၊ စိတ်ကတော့ သိပ်မရွှင်ပြဘူး၊
ကျွန်တော်။ ။မှန်ပါ့ဘုရား ဘယ်လိုဒုက္ခတွေများကြုံတွေ့နေသလဲဘုရား၊
ဆတော်။ ။ ကိုယ့်ဒုက္ခတော့မဟုတ်ပါဘူး ပစ္စည်းလေးပါးဒကာဒကာမတွေ ရဲ့ဒုက္ခပါ ဒကာတော်၊
ကျွန်တော်။ ။မိန့်လို့ရရင်လည်း မိန့်ပါဦးဘုရား၊
ဆတော်။ ။နိုင်ငံအုပ်ချုပ်တဲ့သူတွေက မိသားစု တစ်သက်စာ စားမကုန်လောက်အောင်ရှိနေပါလျက်နှင့် အတိလောဘတက်ပြီး အာဏာသိမ်းတယ်ဆိုလား ထိန်းတယ်ဆိုလားမသိပါဘူး၊အဲ့ကနေစပြီး အခုနိုင်ငံတဝှမ်းကပ်ဘေးဆိုက်တဲ့အထိပေါ့၊ကာလဝိပ္ပတ္တိမှာ ကုန်ဈေးနှုန်းတွေကတက် သူခိုးဓားပြတွေကပေါတော့ ရုန်းကန်နေရတဲ့ ဒကာဒကာမတွေကြည့်ပြီး စိတ်မရွှင်ဘူးဒကာ၊ ဦးပဉ္စင်းလည်း သတ္တဝါတွေမေတ္တာပို့ရုံကလွဲပြီးဘာမှမတက်နိုင်းဘူး၊ ဒါနဲ့ဒကာလေးက ဘာမျာမေးလျောက်မလို့တုန်း။
ကျွန်တော်။ ။မှန်ပါ့ သီတင်းကျွတ်ခါနီးတော့ အဘိဓမ္မာအခါတော်နေ့နှင့်ပက်သတ်တာရယ် အဘိဓမ္မာအကြောင်းလေးရယ်မေးချင်လို့ပါဘုရား။
ဆတော် ။ ။မေးစေဗျာ သိသလောက်တော့ဖြေပေးရမှာပေါ့၊ ဦးဇင်းလည်း စာပေးကျမ်းဂန်
သိပ်တက်မြောက်တာမဟုတ်ဘူး ဒကာ။
ကျွန်တော်။ ။မှန်ပါ့ အများကြီးတော့မဟုတ်ပါဘူး ဘုရား အခြေခံသဘောလောက်ပါ။
ဆတော်။ ။အေး
ကျွန်တော်။ ။အဘိဓမ္မာဆိုတာ ဘာလဲ ဘုရားမြန်မာလိုနားလည်းအောင်ရှင်းပြပါဦးဘုရား။
ဆတော်။ ။အဘိဓမ္မာဆိုတာမြန်မာလိုအတိုချုပ်ပြောရရင်တော့ ထူးကဲနက်နဲ့သောတရားပေါ့၊ (အဘိ-ထူးသော ၊ဓမ္မာ-တရားများ)
သဘာဝတရားတွေထဲကမှ ထူးကဲနက်နဲ့ပြီး ဉာဏ်ထက်သူတို့သာ နားလည်နိုင်တဲ့သဘောပေါ့။
ကျွန်တော်။ ။အဲ့ဒါဆို တပည့်တော်လေ့လာရင် အတော်ခက်ခဲမှာပေါ့ဘုရား။
ဆတော် ။ ။အားစိုက်ပြီးကြိုးစားပြီးလေ့လာရင် နားလည်နိုင်တယ်ဒကာ။
ကျွန်တော်။ ။မှန်ပါ့ ဘုရား နေ့စဉ်ဘဝမှာ အဘိဓမ္မာက ပက်သတ်မှုရှိလားဘုရား၊
ဆတော်။ ။နေ့စဉ်ဘဝမှာမှ မဟုတ်ဘူး မွေးဖွါးသည်မှသေဆုံးသည်တိုင်အောင် လူတစ်ယောက်​၏ဘဝမှာ အဘိဓမ္မာကပက်သတ်မှုရှိတယ်၊
ကျွန်တော်။ ။ဘယ်လိုမျိုးလဲဘုရား
ဆတော်။ ။ လူတစ်ယောက် အမိဝမ်းထဲမရောက်ခင် ပဋိသန္ဓေတည်တဲ့အခါ ဘယ်စိတ်မျိုးနှင့်တည်ခဲ့တာတို့၊ သေရင်ဘယ်လိုစိတ်မျိုးနှင့်သေတာတို့က အဘိဓမ္မာသဘောတွေပဲ၊အဲ့လို့မျိုးခက်ခဲနက်နဲတော့ လူငယ်တွေအဖို့ပျင်းရိဖွယ်လို့ရှိတာပေါ့၊
ကျွန်တော်။ ။နေ့စဉ်ဘဝကောပါဝင်ပုံရှင်းပြပါဦးဘုရား။
ဆတော်။ ။မနက်ခင်း အိပ်ယာထရင် ဒကာ​၏ပုံစံဘယ်လိုဖြစ်တာများလည်း ကြည်လင်နေလား ထိုင်းမှိုင်းနေလား။
ကျွန်တော်။ ။ထိုင်းမှိုင်းနေတာများတယ်ဘုရား၊
ဆတော်။ ။အဲ့ဒါက ထိနမိဒ္ဓလို့ခေါ်တယ်၊ ကြည်လင်နေရင် သဒ္ဓါပေါ့၊ထိနမိဒ္ဓဖြစ်တယ်ဆိုတာ အိပ်ခါနီးမှာ မကောင်းသောအတွေး မကောင်းသောအာရုံတွေနဲ့အိပ်ခဲ့လို့ပဲ၊မနက်ခင်းနိုးလာလို့ စိတ်ကြည်လင်နေတယ်ဆိုရင် အဲ့ဒါက ညကအိပ်ခါနီးမှာ မေတ္တာပို့တာပဲဖြစ်ဖြစ်၊ ဘုရားရှိခိုးတာပဲဖြစ်ဖြစ် ကောင်းသောအတွေး ကောင်းသောအာရုံနှင့်အိပ်ခဲ့လို့ပေါ့၊
အဲ့ဒီလိုနေစဉ်ဘဝမှာ စိတ်တို့ကြောင်းကျိုးစပ်နွယ်မှုဟာ အဘိဓမ္မာပဲ။
ကျွန်တော် ။ ။ဘဝအတွက် အဘိဓမ္မာက အရေးပါလားဘုရား။
ဆတော်။ ။ဘဝအတွက်ပါမဟုတ်ဘူး သံသရာခရီးအတွက်ပါလူတွေလေ့လာသင့်တယ်၊ ဥပမာဆိုပါတော့ လူတစ်ယောက်ဒေါသထွက်တယ်။အဘိဓမ္မာသဘောအရ ဒေါသဆိုတာ ခက်ထန်ကြမ်းတမ်းတယ်၊ ဒေါသဖြစ်တဲ့သူဟာ ခန်ထန်ကြမ်းတမ်းလာမယ် ၊ဒေါသဆိုတာအကုသိုလ်စိတ်ပဲ၊ အဲ့ဒါကိုအဘိဓမ္မာမလေ့လာထားရင် ကိုယ့်သန္တာန်မှာဒေါသဖြစ်တဲ့အခါ အကျိုးဆက်ကိုမသိတဲ့အတွက်ကြောင့် ဒေါသမထိန်းတော့ဘူး၊ဒေါသမထိန်းရင် မဖြစ်သင့်တာတွေဖြစ်ကုန်တာပေါ့၊လေလာထားတဲ့အခါကြ ဒေါသထွက်စရာတွေ့တဲ့အခါ အော်ဒေါသပဲ ဒေါသကိုငါထိန်းရမယ်လို့သိသွားတာပေါ့၊ကျန်တဲ့အဘိဓမ္မာတရာတွေလည်းထိုနည်းတူပေါ့၊ လေ့လာထားရင် ကို့စိတ်မှာကောင်းတာဖြစ်နေတာလား မကောင်းတာဖြစ်နေတာလား သိနိုင်တာပေါ့၊ဘဝခရီမှာ စိတ်ကိုတည်ငြိမ်စွာထားနိုင်ဘို့ ၊မဖြစ်သင်တာတွေမဖြစ်ဘို့ အဘိဓမ္မာကို အခြေခံလောက်တော့ လေလားထားသင့်တယ်ဒကာ။
ကျွန်တော်။ ။မှန်ပါ့ဘုရား နည်းနည်းတော့သဘောပေါက်သလိုတော့ရှိလာပြီ၊ အသိခက်ပြီးနက်နဲ့ပုံလေးရှင်းပြပါဦးဘုရား။
ဆတော်။ ။နားလည်အောင်တော့အတက်နိုင်ဆုံးရှင်းပြပါ့မယ်၊ စိတ်ထဲမှာဖြစ်နေတဲ့တရားဆိုတော့အခက်သား၊ဒကာ မြစ်ကမ်းနဘေးကနေ မြစ်ရေစီးနေတာတွေကြည့်ဘူးလား၊
ကျွန်တော်။ ။မှန်ပါ့ ကြည့်ဖူးပါတယ်။
ဆတော်။ ။ဒကာငါးမိနစ်လောက်ကြည့်တဲ့အခါ အစပထမ တစ်မိနစ်မှာစကြည့်မိတဲ့မြစ်ရေနဲ့ နောက်ဆုံးငါးမိနစ်အပြည့်မှာကြည့်မိတဲ့မြစ်ရေကတူသလားဒကာ၊
ကျွန်တော်။ ။တူသလိုလိုတော့ရှိတယ်ဘုရား။
ဆတော်။ ။သေချာစဉ်းစားပါဦး ဒကာ ရေကတော့တူပါတယ်၊ မြစ်ရေကအမြဲစီးနေတော့ ပထမမိနစ်မှာစကြည့်တဲ့ရေဟာ အောက်သို့စီးဆင်းသွားပြီး ၊ ငါးမိနစ်မှမြင်ရတဲ့မြစ်ရေဟာ အသစ်ပါ မတူပါဘူး။ အမြဲစီးနေလို့အတူတူလို့ထင်ရတာ၊အဲ့လို့ပဲ လူတွေစိတ်က အမြဲပြောင်းနေတာ အဲ့ဒါကို ဦးဇင်းတို့ဒကာတို့သာမန်လူတွေမမြင်နိုင်ဘူး၊ ဦးဇင်းလည်းစာအသိပဲရှိတယ်။ မြင်အောင်မကြည့်နိုင်ဘူး ဘုရားရဟန္တာတို့ တရားအားထုတ်ပြီး အတော်အတန်တရားသိတဲ့ပုဂ္ဂိုလ်တွေသာမြင်နိုင်တယ် ။
နောက်တစ်ခုဥပမာပြမယ် လူတစ်ယောက် အခန်းတစ်ခုထဲမှာ ဆိုဖာအိအိလေးပေါ်မှာထိုင်နေတယ်၊ အဲ့ကွန်းလဲဖွင့်ထားမယ် TVမှား ဇာတ်လမ်းကြည့်နေတယ်၊ ဖာလူဒါတစ်ခွက်ကိုသောက်ရင်းပေါ့၊ အဲ့ဒီမှာ ဒကာမျက်စိထဲမြင်ကြည့် အာရုံငါးပါကို တပြိုင်နက်ခံစားနေတယ်လို့ထင်ရတယ်နော်၊ ဒါပေမဲ့ အဘိဓမ္မာသဘောအရ စိတ်ကတစ်ခုပြီးမှတစ်ခုခံစားနေတာ မမြင်နိုင်ဘူးနော်။စိတ်​၏ဖြစ်ပုံက အလွန်အင်မတန်မြန်တဲ့အတွက်ကြောင့် မသိနိုင်ဘူး အဲ့ဒါကြောင့်ခက်ခဲနက်နဲတယ်လို့ပြောတာ။
ကျွန်တော်။ ။မှန်ပါ့ အဘိဓမ္မာကိုတော့ရေးရေးလေးသဘောပေါက်လာပြီ ဘုရား၊နောက်ပြီးအဘိဓမ္မာအခါတော်နေ့အကြောင်းနည်းနည်းအတိုချုပ်မိန့်ပါဦးဘုရား။
ဆတော်။ ။အတိုချုပ်ရရင်တော့ ၊
မြတ်စွာဘုရား၆ဝါမြောက်ရာဇဂြိုဟ်မြို့မှာဝါဆိုပြီး၊ ၇ဝါမြောက်ကို တာဝတိံသာနတ်ပြည်မှာဝါဆိုရန် ဝါဆိုလပြည့်ကျော်တစ်ရက်နေ့၌ တာဝတိံသာသို့ကြလေ​၏။
ရည်ရွယ်ချက်ကတော့ မယ်တော်ဖြစ်ခဲ့ဖူးသောသန္တုသိတနတ်သားကိုအကြောင်းပြုပြီး အဘိဓမ္မာခုနှစ်ကျမ်းဟောဖို့ဖြစ်တယ်။
ကျွန်တော်။ ။ဘာလို့လူပြည့်မှာမဟောသလဲဘုရား။
ဆတော်။ ။တစ်ထိုင်တည်းနဲ့ အဘိဓမ္မာခုနှစ်
ကျမ်းကို လူပြည့်မှာဟောဖို့မဖြစ်နိုင်ဘူးဒကာတော်။ တာဝတိံသာနတ်သက်တစ်ရက်က လူပြည့်သက်တမ်း နှစ်တရာရှိတာဆိုတော့မလွယ်ဘူး။ လူ့သက်တမ်းအနေနဲ့ ဝါးတွင်းသုံးလဆိုပေမဲ့ တာဝတိံသာနတ်ပြည်မှာနတ်သက်
တမ်းအရ၃/၄နာရီလောက်ပဲကြာမယ်ထင်တာပဲ။
ကျွန်တော်။ ။ ဝါတွင်းသုံးလလုံးမြတ်စွာဘုရားဟာ လူပြည်ကိုမဆင်းပဲ နတ်ပြည်မှာပဲနေပြီးဟောသလားဘုရား။
ဆတော်။ ။ ဆွမ်းခံချိန်ရောက်ရင် ဖန်ဆင်းထားသောနိမ္မိတရုပ်ပွါးတော်ဟာ တရားဟောနေပြီး၊မြတ်စွာဘုရားကတော့ လူပြည့်ကိုကြွလျက် ကိုယ်လက်သန့်စင်တော်မူပြီး ဆွမ်းခံကြွတော်မူတယ်ဒကာ။ အလုပ်အကျွေးပြုစုရန်လာသော အရှင်သာရိပုတ္တရာအား နတ်ပြည်မှာအကျယ်ဟောတော်မူခဲ့သော အဘိဓမ္မာတရားတော်ကို အကျဉ်းချုပ်၍ဟောတော်မူ​၏။
ကျွန်တော်။ ။မှန်ပါ့ဘုရား သုံးလပြည့်တော့ လူ့ပြည်ကိုဘယ်လိုပုံစံမျိုးနှင့် ပြန်ကြွလာလဲဘုရား။
ဆတော်။ ။ သီတင်းကျွတ်လပြည့်နေ့လူ့ပြည်မှာတော့ အဘိဓမ္မာတရားဟောကြားပြီး ပြန်ကြွလာမဲ့ မြတ်စွာဘုရားကိုဖူးမြော်ရန် စုရုံးနေတဲ့ ရဟန်းရှင်လူထုကအတော်များသတဲ့။ အရှင်မဟာမောဂ္ဂလန်
မထေရ်မြတ်က ပရိတ်သတ်လေးပါးကြည့်ပြီး
တာဝတိံသာနတ်ပြည်ကြွလျက် မြတ်စွာဘုရားကိုလျောက်ထားမူ​၏။"အရှင်ဘုရား လူ့ပြည်ကိုဘယ်ချိန်ပြန်ကြွတော်မူမလဲဘုရား "ဟုလျောက်တော်မူ​၏။မြတ်စွာဘုရားက "ချစ်သားမောဂ္ဂလာန် သာရိပုတ္တရာ ဘယ်မှာသီတင်းသုံးနေလဲ ၊သာရိပုတ္တရာရှိတဲ့မြို့ကို ငါဘုရားကြွတော်မူမယ်"ဟု မိန့်ကြား​၏။ အရှင်မဟာမောဂ္ဂလာန်က "မှန်ပါ့ဘုရား အရှင်သာရိပုတ္တရာမထေရ်က သင်္ကဿမြို့မှာ သီတင်းသုံးနေပါတယ်ဘုရား"ဟုလျောက်တော်မူ​၏။ထိုကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဟာ အဘိဓမ္မာတရားဟောကြားပြီးတဲ့ သီတင်းကျွတ်လပြည့်နေမှာပဲ လူ့ပြည်ကိုပြန်ကြွတော်မူတယ်။ ပြန်မကြွခင် သိကြားမင်းဟာ လက်ယာဘက်မှာရွှေစောင်းတန်း၊လက်ဝဲဘက်မှာငွေစောင်းတန်း၊ အလယ်မှာပတ္တမြားစောင်းတန်းတို့ကိုဖန်းဆင်းပေးတော်မူ​၏။ငွေစောင်းတန်းကနေ ဗြဟ္မာတွေဟာခြံရံပြီးလိုက်​၏၊ရွှေစောင်းတန်းကနေသိကြားမင်းနှင့်နတ်အပေါင်းခြံရံလျက်လိုက်​၏။မြတ်စွာဘုရားက အလယ်ပတ္တမြားစောင်းတန်းကနေကြွတော်မူ​၏။ပဉ္စသိခနတ်သားက ဗေလုဝပဏ္ဍုစောင်းတီးပြီးပူဇော်လျက်နောက်ကနေလိုက်ပါ​၏။ မာတလိနတ်သားက စာမရီသားမြီးယပ်ကိုကိုင်၍ လက်ဝဲဘက်ကနေလိုက်ပါ​၏။ အဲ့ဒီလို အခြံရံအပေါင်းနှင့်ကြွတော်မူလာသည်ကို မရေတွက်နိုင်သော ပရိသတ်ကရှိခိုးပူဇော်သည်မှစ၍၊ အဘိဓမ္မာတရားကို ဟောကြားရာပြီးဆုံးသောနေ့ဖြစ်သောကြောင့် သီတင်းကျွတ်လပြည့်နေကို အဘိဓမ္မာအခါတော်နေ့ဟုလည်းကောင်း၊ တာဝတိံသာနတ်ပြည့်ကနေအခြံရံကြွလာခြင်းကို ရဟန်းရှင်လူ ပရိတ်သတ်အပေါင်းတို့က ပူဇော်ခြင်းကိုအကြောင်းပြု၍ ဗုဒ္ဓဘာသာအပေါင်းတို့က တာဝတိံသာပွဲ မြင့်မိုရ်ပွဲဟုလည်းကောင်းခေါ်ဆိုကြကုန်​၏။ သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်း မြတ်စွာဘုရားကို မီးပူဇော်ကြပြီး ကိုယ့်ထက်အသက်ရွယ်ကြီးသူတို့ကို ဝန်ချတောင်းပန်ပြီးရှိခိုးကန်တော့တာ ကောင်းတဲ့အစဉ်လာယဉ်ကျေးမှုပေါ့ကွယ်။
ကျွန်တော် ။ ။မှန်ပါ့ ကျေးဇူးကြီးမားလှပါ​၏ဘုရား။
# မှားတာများရှိရင်ဝေဖန်ထောက်ပြကြပါ
နွေဦးမောင်

Keep Reading

"အရိုးကို အရွက်မဖုံးနဲ့" --------------------မြန်မာနှင့်သင်္ကြန်၊ သင်္ကြန်နှင့် ပိ​တောက်"စိတ်ဓာတ်ရင့်ကျက်စေဖို့....."မြန်မာတို့ရဲ့ သင်္ကြန်"လူမှုပတ်ဝန်းကျင်၌လိုက်လျောညီထွေနေထိုင်တတ်မှု(Adaptable In Society)"ပျောက်ကွယ်မသွား၊အမွေအနှစ်များ"စာပေ၏အသက်ရှင်မှုအချစ်ကို အသုံးချတတ်ရင်လဲ အောင်မြင်ဖို့အတွက်တွန်းအားပထမဆုရှင်အိမ်ထောင် ငရဲ