Author's Profile Photo

SarPhat Author

29/04/2024

တစ်နေ့...ကိုယ်တို့ဝေးသွားခဲ့ကြရင်

1 min read
Poetry
Art

ကိုယ်မတွေးချင်တဲ့ ဖြစ်ရပ်ဆိုးတွေပါပဲ
ချစ်နေချိန်မှာ စိတ်ရှိသလောက်ချစ်မိသူမို့ ဝေးသွားကြရင် ကိုယ်မနေနိုင်မှာ ကိုယ်သိတယ်
ကိုယ်သိတာထက် ကိုယ့်ကိုချစ်တဲ့သူတွေက ပိုပြီးသိကြတယ်

ဝေးလို့မဖြစ်တဲ့အကြောင်းတွေမှာ
နေ့စဉ်ပို့နေကျ စာတိုလေးတွေမရခဲ့ရင် နေ့စဉ်ကျရမယ့် မျက်ရည်တွေအကြောင်းပါမယ်

ရာသီလာတဲ့ရက်တွေကို မေ့တတ်တဲ့ကိုယ်လိုလူအတွက် မှတ်မှတ်ရရ သတိပေးတတ်တဲ့ မင်းရဲ့ဂရုစိုက်မှုအကြောင်းတွေပါမယ်

အများကြီးချစ်တယ်လို့ ညစဉ်ပြောနေကျ မင်းစကားသံလေးတွေမကြားရရင် အိပ်မပျော်တော့မယ့် ညပေါင်းများစွာတွေလည်း ပါမှာပေါ့အချစ်ရယ်

ကိုယ်တို့ဝေးသွားခဲ့ကြရင် မင်းဘက်က နေနိုင်မလားမသိပေမယ့်
အဲဒီတစ်နေ့ကြုံလာခဲ့ရင် ကိုယ့်ဘက်ကတော့ ပြိုလဲမှာ။

#T.Kyi

Keep Reading

တွယ်ရာမဲ့စာဖတ်ခြင်းအရှင်သခင်မြစ်ရဲ့အနမ်းတွေကို ငါဝါးစားလိုက်တော့မယ်အချစ်အနာဂတ်ညနေခင်းများလက်တွေ့(action)လွှတ်ချချင်မိတယ်ပျော်မောသူ“သက်ငယ်ချစ်ခြင်း”