Author's Profile Photo

Yip( ရစ်ကြိုးငယ်)

20/05/2025

လမ်းမထက်က စိန်ငုဝါ

1 min read
Poetry
Art
18 Again

ငုဝါ စိန်ပန်း ရောကာယှက်၍
အလုအယက် ဖူးပွင့်ဝေစာ
ငုံဖူးနေသည် ။
လမ်းသွယ်သွယ်တွင် နီရဲစွေးစွာ
ပွင့်နေလေသော စိန်ပန်းနီ
သူ့၏အချိန် သူ့အကြိမ်မို့
အထိန်းအကွပ်မဲ့စွာ ရဲရင့်နေသည်
စိန်ပန်းနီသည်။
ငုဝါပိတောက် တွဲလောင်းကျကာ
ငိုနေတတ်တာ မိုးခိုချိန်မှာ
လှပလွန်းသည် ပန်းငုဝါသည်
ရာသီပန်းမို့ လွန်စွာလှသည်
ပွင့်ဖက်ကြွေကာ ပန်းငုဝါသည်
လမ်းမထက်ဝယ်နေရာယူလျှက်
အလှပျက်ခဲ့သည် ပန်းနီနီသည်။။။။။

Keep Reading

"The Flower Fadet" poemအရှင်သခင်ညနေခင်းများလက်တွေ့(action)လွှတ်ချချင်မိတယ်ပျော်မောသူလမ်းမထက်က စိန်ငုဝါ“သက်ငယ်ချစ်ခြင်း”"ရေသောက်ပြီး ရယ်ပါ"မျိုးစေ့