Pai (ဆက်မောဝ်)
ဆေးဆိုင်တခုမှာ
တိုးကြိတ်တိုးဝှေ့နေကြတယ်။
သားလေး ချောင်းဆိုးလို့ စပ်ဆေးတခွက်
သမီးလေးဖျားလို့ စပ်ဆေးတခွက်
နိုင်ငံတော် နာမကျန်းဖြစ်နေလို့ စပ်ဆေး တခွက်
နင်းပြားတွေအတွက်
မြက်တပင်စာ ကောက်ရိုးတမျှင်စာ
နင်းပြားတွေဟာ
ပိုးလောက်လန်းပမာ
တသီကြီး သားဖောက်ခံလိုက်ရသလို
အရောင်မှိန်နေတဲ့
သူငယ်အိမ်တွေ စိတ်အသေတွေ
အကိုရေ သူငယ်အိမ် ကျယ်ဆေးတခွက်
စိတ်ပြန်ရှင်ဖို့ စပ်ဆေးတခွက်
လက်သီးဆုပ်တွေ ပြေဖို့ စပ်ဆေးတခွက်
ကျွန်တော့်ကို စပ်ဆေးတခွက်။
ဆက်မောဝ်
Keep Reading