Author's Profile Photo

SarPhat Author

13/12/2023

အမျိုးသမီးတို့ဘုန်း ဆံထုံးလိုဆိုသလို ဆံပင်အမြန်ရှည်အောင် ဘယ်လိုလုပ်ရမလဲ။

1 min read
Health
General Knowledge
အမျိုးသမီးတို့ဘုန်း ဆံထုံးလိုဆိုသလို ဆံပင်အမြန်ရှည်အောင် ဘယ်လိုလုပ်ရမလဲ။'s photo


ကျွန်မအရင်ကတော့ ဆံပင်ကအရှည်နှေးခဲ့တာ တစ်နှစ်နေလို့ ဆံပင်တစ်ခါမညှပ်ရလောက်အောင်ကို နှေးခဲ့တာပါပဲ။ မိန်းကလေးလည်းဖြစ်၊ဆံပင်လည်းမြန်မြန်ရှည်ချင်တာနဲ့ ရှာဖွေဖတ်ရှုခဲ့ရတာလည်း အမောပါပဲ။

အခုတော့ အောက်မှာ ဆက်ပြီးပြောပြတာတွေကို တစ်ချိန်တည်း၊ တစ်ခါတည်းလုပ်လိုက်မှ အလုပ်ဖြစ်ခဲ့တာမို့ ကိုယ့်လို ဆံပင်ရှည်မြန်လိုသူများအတွက် မျှဝေပေးလိုက်ပါတယ်ရှင်။
အချက်လေးတွေက လွယ်ကူပြီး အိမ်မှာနေရင်း အပိုမကုန်ပဲ လိုက်လုပ်လို့ရတာမို့ ဆက်ဖတ်ကြည့်ရအောင်။

အာဟာရစုံလင်အောင်စားပါ။

ဆံပင်အတွက်မေးတာ အစားအသောက်ကနေစပြီး ပြောတာလားဆိုပြီးမတွေးပါနဲ့နော်။ ဆံပင်ကလည်း ကျွန်မတို့ခန္ဓာကိုယ် အစိတ်အပိုင်းပဲဖြစ်တာမို့ ကျန်းမာနေမှ ပိုသန်မာပြီး အရှည်မြန်စေပါတယ်။ ဒါကြောင့် အသီးအရွက်၊ပဲနဲ့ အသား အာဟာရအစုံစားပေးဖို့လိုအပ်ပါတယ်။ ကိုယ့်တုန်းကတော့ ပဲနီလေး၊ကြက်ဥ၊ ကန်စွန်းဥ၊ငါးနဲ့ အစေ့အဆံ(မြေပဲ) စသည်ဖြင့်စားဖြစ်ခဲ့ပါတယ်။

ရေများများသောက်ပါ။

ရေသောက်တာကတော့ အသားအရေ၊ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာသိပြီးသားပေမယ့် ဆံပင်အရှည်မြန်လိုသူတွေက ရေလည်းများများသောက်ပေးဖို့လိုအပ်ပါတယ်။ ရေသောက်နည်းတဲ့အခါ ဆံပင်ကခြောက်သွေ့ကျွတ်ဆတ်လာပြီး တစ်ခါတစ်ရံ ဆံပင်ကျွတ်တတ်ပါတယ်။
တစ်နေ့ကို အနည်းဆုံး တစ်လီတာတော့ အလုပ်လုပ်တဲ့စားပွဲမှာယူပြီး သောက်ဖြစ်ခဲ့ပါတယ်။

ဦးရေပြားရော ဆံသားကိုပါ သေချာဂရုစိုက်ပေးပါ။

ဆံပင်ရှည်ချင်တဲ့နောက်ပိုင်း ဆံသားကို သေချာဖြီးပေးတယ်။
ခေါင်းလျှော်ရင် သေချာအချိန်ပေးပြီး ပြောင်အောင်လျှော်တယ်။ ပေါင်းဆေးသုံးပြီး Serum လေးပါအမြဲလိမ်းပေးခဲ့ပါတယ်။

ဆံပင်ကို ကြမ်းကြမ်းမဖြီးဘူး။ ခဏခဏခေါင်းလျှော်တာမျိုးမလုပ်တော့ပဲ လျှော်တဲ့အခါ သေချာလျှော်ပေးပါတယ်။

အပေါ်က (၃)ချက်ကိုပဲ စွဲစွဲမြဲမြဲလုပ်ခဲ့တာ အခုတော့ ပခုံးကျော်ကျော်လောက်ကနေ ခါးလောက်ထိဖြစ်လာခဲ့ပါပြီ။

အခုဆိုရင် ကိုယ့်အိမ်မှာနေရင်း အလွယ်တကူ ဂရုစိုက်လို့ရမယ့် နည်းလမ်းလေးတွေ သိရှိသွားကြမယ်လို့ ယုံကြည်ပါတယ်။
နောက်ရက်တွေမှာလည်း အားလုံးအတွက် အကျိုးရှိမယ့် ဆောင်းပါးလေးတွေ ဆက်လက်မျှဝေသွားပါမယ်ရှင်။

Keep Reading

Doorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံမပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။စိတ်၏ အဟန့်အတား( barrier of mental health)