SarPhat Author
လူတိုင်းလူတိုင်းဟာ မိမိတို့ဘဝရှင်သန်ဖို့ ရာအတွက် တိုးတက်ရာတိုးတက်ကြောင်း တွေကိုအမြဲလေ့လာရှာဖွေနေကြပါတယ် ။လူတော်တော်များများဟာ
မိမိတို့ဘဝမှာ အဆင်ပြေပြေချေချောမွေ့မွေ့နေနိုင်နိုင်ဖို့ရာအတွက်မိမိတို့ရဲ့ဘဝဒုတိယအရွယ်ဖြစ်တဲ့ စိးပွားရှာချိန်မှစလို့ အစဉ်တစ်စိုက် လေ့လာသင်ယူရင်းဘဝရဲ့ အချိန်ကာလတွေကိုကြိုးစားဖြတ်သန်းနေကြပါတယ်။
ယခုရေးသောဆောင်းပါးသည် လူငယ်တစ်ယောက်၏ လေ့လွင်နေသော နေ့စွဲများကိုအခြေခံပြီး မည်သို့ လေ့လွင့်သူဖြစ်သွားရသည်ကို ရေးဖွဲ့ခြင်းဖြစ်ပါသည်။
ကျွန်တော်တို့လူငယ်အများစုဟာ ဖြစ်ချင်တာကိုဘဲပိုပြီးစိတ်အားထက်သန်ကြတဲ့အခါ ဖြစ်သင့်တာတွေနဲ့သွေဖယ်သွားတက်ကြတယ် ။ဒါပေမယ့် ကိုယ်ဖြစ်ချင်တာကိုဖြစ်ခွင့်ရတဲ့အတွက် မိမိလုပ်လိုက်တဲ့လုပ်ရပ်ဟာကျေနပ်စရာပေါ့ ဘယ်လောက်ထိကျေနပ်စရာဖြစ်သွားသလဲ ဖြစ်ချင်တာ လုပ်ချင်တာတွေကိုလုပ်လိုက်ရတဲ့အတွက် ဖြစ်သင့်ဖြစ်ထျုက်တာတွေနဲ့ဘယ်လောက်ထိသွေဖယ်သွားလဲ ဘယ်လျုတွေဘဲဖြစ်နေဖြစ်နေ မိမိဉိးစားပေးလုပ်လိုက်ရတဲ့လုပ်ရပ်အတွက်တော့ လူငယ်တွေ အင်မတန်ကျေနပ်သွားတက်ကြပါတယ်။ လေလွင့်သူတစ်ယောက်အနေနဲ့ ကိုယ်ဘာဖြစ်ချင်တာလဲဆိုတဲ့မေးခွန်းထဲမှာဘဲ အဖြေမပေးနိုင်တဲ့စိတ်တွေအကြောင်းပြချက်တွေ မပြတ်သားမူတွေကဘဲ လေလွင့်သူအဖြစ်သို့ဉီးတည်နေသလားပေါ့နော်။ရည်မှန်းချက်ပန်းတိုင်ရှိပါလျက်နဲ့ လက်တွေ့ဘဝကိုရဲရဲကီးရင်မဆိုင်ရဲတက်တဲ့စိတ်ထားကြောင့်လား ဘဝထဲကအခက်အခဲကိုကိုယ်တွေ့မြည်းစမ်းဘူးပါလျက်နဲ့ဘဝရဲ့ အဘယ်ကြောင့်အဖြေမထုတ်နိုင်ရပါသလဲ။လူငယ်တိုင်းဟာ
ရူးသွပ်တဲ့စိတ်ရှိကြတယ်ဆိုပေမယ့်လို့ လေလွင့်သူတစ်ယောက်အဖို့ ဘဝရဲ့မိမိဖြတ်သန်းမယ့်ဘဝရဲ့ပုံစံကိုမိမိကိုယ်တိုင်ထုစစ်ပုံဖော်ရဲသောစိတ်ဓာတ်ထက်သန်ဘာလျှက် လေလွင့်နေရသည်မှာ အဘယ်ကြောင့်နည်းဟု
မေးခွန်းပေါင်းများစွာကို မေးခဲ့ပါသော်လည်း အဖြေသည်နောက်ဆုံးတွင်ရရှိခဲ့ပါသည်။
လူတိုင်းလူတိုင်းတွေဝေနေတက်သောစိတ်ကိုပယ်ဖျောက်ဖို့အင်မတန်မှအရေးကြီးပါသည်။တွေဝေစိတ်သည်လူကိုကြောက်ရွံမူကိုဖြစ်ပေါ်ဖြစ်ပါတယ်။
လူငယ်တွေမှာတွေဝေစိတ်ဝင်လာပြီဆိုတာနဲ့နင်
ဖြစ်ချင်တာကိုဘဲပိုပြီးဉီးစားပေးလုပ်ချင်ကြတယ်။
ဖြစ်သင့်တာတွေကိုမစဉ်းစားတော့ပါဘူးဒါကြောင့်လူငယ်တွေ လေလွင့်မူမဖြစ်လေရအောင်
တွေဝေနေတက်သောစိတ်ကိုပယ်ဖျောက်နိုင်ရန်ကြိုးစားရပေမည်။.
မောင်ဝံသ (လယ်တီမြေ)
Keep Reading