Author's Profile Photo

SarPhat Author

12/12/2023

ယုံကြည်မှု ဆိုသည်မှာ

1 min read
Life Style
Personal Development
Business



လုပ်ငန်းခွင်တခုကို လုပ်ကိုင်တဲ့အခါ ကိုယ့်အထက်က Senior, Manager တွေရဲ့ လုပ်ကိုင်ပုံကိုကြည့်ပြီး အမြဲ inspire ယူလေ့ရှိတယ်။

စာသင်ကျောင်း‌တွေမှာ ဆရာမ စာအသင်အပြကောင်းမကောင်းဆိုတာကို ကျောင်းသားလေးတွေ ဆုံးဖြတ်ကြသလိုပေါ့။ ဒါကြောင့် ကိုယ့်အောက်က Junior တွေက ကိုယ့်ကို အမြဲစောင့်ကြည့်နေလေ့ရှိတယ်ဆိုတာကို သတိရစေချင်တယ်။ ဒီ Senior, Manager က ခေါင်းဆောင်ကောင်းပီသရဲ့လား။ သူတို့ဆီက ဘာတွေ အတုယူလို့ ရပြီး၊ ဘာတွေလေ့လာလို့ရနိုင်မလဲပေါ့။

လုပ်ငန်းခွင်ကို စပြီးဝင်‌ရောက် လုပ်ကိုင်ခဲ့တဲ့ အချိန်ကတည်းက salary ထက် experience ကို ပိုအားထားပြီး ရွေးချယ်ခဲ့တယ်။
ဒီလုပ်ငန်းခွင်မှာ ဘာတွေသိလာပြီး ဘာတွေတိုးတက်ပြောင်းလဲလာခဲ့လဲ ဆိုပြီးတော့လဲ ကိုယ့်ကိုယ်ပြန်ပြီး reflect လုပ်‌လေ့ရှိတယ်။

တချို့အရာတွေမှာ သိပ်ပြီးအားမရခဲ့တာတွေလည်း ရှိခဲ့တယ်။ လုပ်ငန်းတိုင်းကတော့ ပြည့်စုံတယ်ဆိုတာမျိုးတော့လည်း မရှိပါဘူးလေ။

မိမိအတွက် ကောင်းတာဆိုရင်ယူပြီး မကောင်းတာတွေဆိုရင်လည်း လျစ်လျူရှုပြီး ရှေ့ဆက်ကြရတာပါပဲ။

ဘာပဲလုပ်လုပ် အကောင်းဆုံးပဲလုပ်တယ်။ အကောင်းဆုံးမေတ္တာထားပြီး မိမိရဲ့ကိုယ်ပိုင်လုပ်ငန်းလို စိတ်မျိုးနဲ့ပဲ အလုပ်လုပ်ပေးခဲ့တာတွေကြီးပါပဲ။

တချို့အချိန်မှာတော့ inspire ယူစရာတွေကို လုပ်ငန်းခွင်မှာ မတွေ့ရတတ်ပြန်ဘူး။ အဲ့လိုအချိန်ဆိုရင်တော့ social media မှာရှာဖွေလေ့ရှိတယ်။ ကိုယ့်ရဲ့ idol ဆိုတာက ကိုယ့်ရဲ့ mentor ကိုပြောခြင်းဖြစ်တယ်။ Knowledge sharing လုပ်နေတဲ့ influencer ထဲကပဲ Idol , mentor ထားဖြစ်တယ်။

အရင်အလုပ်မှာဆိုရင် Managing Director က သူ့မရှိတဲ့အခါတွေမှာ အရေးတကြီး လိုအပ်လာရင် သူ့ရဲ့ လက်မှတ်ကို ပုံတူထိုးဖို့ ခွင့်ပြုပေးထားတယ်။ ဒါပေမယ့် တခါမှ မထိုးခဲ့ဘူး။ ခရီးသွားဖို့အကြောင်းရှိလာခဲ့ရင် ကြိုပြောပေးပါလို့ပဲ request လုပ်ထားလိုက်တယ်။
ဒါကြောင့် သူကလည်း ကြိုပြောပေးတဲ့အတွက် လက်မှတ်လိုအပ်မယ်ထင်တဲ့ documents တွေကို ကြိုပြီးလက်မှတ်ယူထားလိုက်တယ်။

ယုံကြည်မှုဆိုတာ တည်ဆောက်ရတာ ခက်ပြီး ပျက်စီးဖို့က လွယ်ကူတဲ့အရာမဟုတ်လား။
လုပ်ငန်းခွင်မှာ ယုံကြည်ရတဲ့ သူတစ်ယောက်ဖြစ်ဖို့ဆိုတာ မိမိအတွင်းစိတ်ရင်းနဲ့ လှုပ်ရှားပြုမူနေထိုင်ပုံကနေပဲ စတင်လာတာဖြစ်တယ်။
မိမိက ယုံကြည်ရတဲ့သူလား၊ ယုံကြည်လို့မရတဲ့သူလား ဆိုတာကလည်း မိမိနဲ့ အလုပ်တွဲလုပ်နေတဲ့သူမှ အပဘယ်သူက ပိုပြီးသိမှာလဲ။

ခုရက်ပိုင်းတွေမှာ ယုံကြည်မှုနဲ့ ပတ်သက်ပြီး New feed မှာတက်လာတာလေးတွေတွေ့လို့ ထည့်ရေးလိုက်ပါတယ်။

Onseng Mi

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်လေးဆယ့်ငါး - သာမှန်ဘဝ