သစ်တိုင်းမွှေး
...အစိမ်းရောင်နံနံပင်ခင်းရယ်၊ပူလောင်တဲ့ ငရုတ်သီးမှုန့်ရဲရဲတွက်၊ခပ်ချိုချို ဟင်းရည်တစ်ခွက် ခေါက်ဆွဲလက်ဆုပ်တစ်ခုစာရယ် ပေါင်းစပ်လိုက်ရင်တော့ဖြင့် မြိန်လှပါတဲ့မုန့်ဟင်းခါးတစ်ခွက်ရလာပါလိမ်မယ်...
............
မုန့်ဟင်းခါးဆိုတာ မြန်မာ့ရိုးရာအစားအစာလို့ ကျွန်တော်တို့ သိကြမှာပေါ့။အလှူအတန်း၊သာရေးနာရေးသည်မှာ အခါအားလျော်စွာဖြင့် ဒီမုန့်ဟင်းခါးကိုပဲ ကျွေးကြမွေးကြသည်ကို။မုန့်ဟင်းခါးတစ်ပွဲက ချို၊ချဉ်၊ငန်၊စပ်စပ် လေးမှစားကောင်းသည်ကို ကျွန်တော်တို့တစ်တွေအမြဲ သတိထားမိကြမှာပါ။ရှေးအခါက လူကြီးသူမများကတော့ ဘယ်ပုံဘယ်နည်းဖြင့် ထွင်ခဲ့လေသလဲ မသိ။ဒီမုန့်ဟင်းခါးဟာဖြင့် ကျွန်တော်တို့ ဘဝနဲ့ တစ်နည်းတစ်ဖုံအားဖြင့် ခံစားမိနေသည်မှာ ကြာလှချေပြီ။
ဘဝဆိုသည်ကို အဓိပ္ပာယ်လေးဖွင့်ရရင်ဖြင့် ရှင်သန်ရပါတဲ့ ကာလပတ်လုံးဟူ၍ ကျွန်တော်အဓိပ္ပါယ် ဖွင့်ဆိုချင်ပါရဲ့။ဘဝမှာလဲ မုန့်ဟင်းခါးလိုပဲ အခတ်အခဲဆိုတဲ့ နံနံမြိတ်၊အပူမီးလို့ ဆိုရပါမဲ့ ငရုတ်သီး ၊အပူတွေကို ငြိမ်းမဲ့ ဟင်းရည်တစ်ခွက်၊လောကဓံတရားရဲ့ သာမာန်လှည့်ကွက်များကို ဆိုရလောက်ပါတဲ့ သံပုရာသီး။မုန့်ဟင်းခါးမှာလဲ ဟင်းအမယ်စုံသလို ဘဝမှာလဲ ဖြစ်တဲ့ ပျက်တဲ့အကြောင်းအရာ အရောင်အသွေးစုံစုံရယ်ပါ။
ဒါမို့လို့ကို မုန့်ဟင်းခါးချက်တဲ့ လူတွေက ဟင်းအမယ်စုံအောင် လိုက်ရှာရသလို၊ကျွန်တော်တို့ဟာလဲ ဘဝရဲ့အရောင်အသွေးတွေကို လိုက်၍ရှာရမယ်ထင်ရဲ့။အကြောင်းက ဘဝမှာအခတ်အခဲမရှိရင် ကြိုးစားမှုမရှိသလို၊ပူလောင်မှုမရှိရင် ငြိမ်းအေးမှုဆိုတာ ရှာမတွေ့နိုင်သလို၊လောကဓံက လှည့်ကွက်တွေ ထုက်သုံးလာရင် ကျော်လွှားရခတ်နေပါလိမ့်မယ်။
ဘဝရဲ့အရောင်အဆင်းတွေကို လိုက်ရှာပါ။တွေ့ခဲ့ရင်တော့ အရသာရှိလှတဲ့ မုန့်ဟင်းခါးလို့ အဓိပ္ပါယ်ရှိတဲ့ ဘဝ။ ။
မေတ္တာထွေး၍ နွေးကြစေသော်
သစ်တိုင်းမွှေး
5.7.2024
9:05
Keep Reading