Author's Profile Photo

သံလွင် မြင့်

26/09/2023

အချစ်ကဗျာ (၂)

1 min read
Poetry
အချစ်ကဗျာ (၂)'s photo

ဖမ်းဆုပ်မရတဲ့
တိမ်ခိုးတွေနဲ့ အိမ်ကလေး
ဆောက်ကြစို့ကွယ်။

မမြဲခြင်းလောကမှာ
မျက်ဝန်းနက်နက်လေးကို
ထာဝရလို့ထင်နေတဲ့ကိုယ်နဲ့
ကိုယ့် လက်မောင်းကို
လွတ်မြောက်နယ်မြေလို့သတ်မှတ်ထားသူမင်းနဲ့
တို့နှစ်ယောက်သားဟာ
တိမ်သားတိမ်လိပ်တွေနဲ့ အိမ်ဆောက်ကြတာကိုး။
မိုက်ပါပေ့။
ကန်းပါပေ့။
ကြည်နူးစရာကောင်းပါပေ့။
ပျံသန်းကြစို့ကွယ်။
ချစ်ခြင်းရဲ့မိုက်မဲမှုနဲ့ပဲ
နီးစပ်ရာကို ရေမှုံရေမွှားလေးတွေနဲ့
လန်းဆန်းစေရအောင်နော်။

#အချစ်ကဗျာ

Keep Reading

Hope or Hopelessမိုးရွာတဲ့​ ​နေ့မာရသွန်​အ​ပြေးသမားကောက်ရိုးတစ်မျှင်တစ်ဝက်လူသားလေနှင်ရာ'' ကုက္ကိုပင်လမ်း "နေချင်တဲ့ ဘဝနှင်းဆီမွေး​နေ့လက်​ဆောင်