စောမြတ်နွယ်

ဘဝမှာ
အခက်အခဲတွေ
ကြုံတွေ့ရတဲ့အခါ
ဒါမှမဟုတ်
စိတ်ပင်ပန်းနာကျင်ရတဲ့အခါ
ကိုယ့်ကိုယ်ကိုယ်
ဗဟိုပြုမစဥ်းစားပါနဲ့။
ကမ္ဘာကြီးကို
ဗဟိုပြုစဥ်းစားပါ။
ကိုယ့်ကိုယ်ကိုယ်
ဗဟိုပြုစဥ်းစားတဲ့ခါ
ငါ့ကျမှ ကံဆိုးလိုက်တာ
ငါ့မှာမှ ဖြစ်ရလေခြင်းဆိုတဲ့
ကျဥ်းမြောင်းတဲ့
အတွေးတွေထဲမှာ ပိတ်မိပြီး
ဒဏ်ရာတွေက လျော့ပါးမသွားဘဲ
ပိုနာကျင်ခံစားရတတ်ပါတယ်။
ကမ္ဘာကြီးကို
ဗဟိုပြုစဥ်းစားတဲ့ခါ
ငါဆိုတာ
ကမ္ဘာကြီးနဲ့စာရင်
အစက်အပြောက်ကလေးတစ်ခုပဲ
မြူမှုန်လေးတစ်ခုပဲ
ငါ့မှာဖြစ်နေတဲ့
ပြဿနာတွေဟာလည်း
ဒီကမ္ဘာကြီးထဲမှာ
အတူရှိနေတဲ့ လူတိုင်းမှာ
ကြုံတွေ့နေရတာတွေပဲ
အားလုံးမှာ
အခက်အခဲ
ကိုယ်စီရှိနေကြတာပဲလို့
တွေးလိုက်တဲ့အခါ
ကိုယ်ရဲ့ဒဏ်ရာတွေဟာ
အနည်းအကျဥ်းတော့
လျော့ပါးသက်သာသွားတယ်။
ဒါကြောင့်မို့
အဆင်မပြေမှုတွေ ကြုံလာတိုင်း
စိတ်ပင်ပန်းရတဲ့အခါတိုင်းမှာ
ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ
သတိရလိုက်ပါ။
စိတ်သက်သာရာ ရသွားပါလိမ့်မယ်။
#စောမြတ်နွယ်
Keep Reading