Author's Profile Photo

Nicolette

30/05/2024

အချမ်းသာဆုံး ကြောက်မက်ဖွယ်ရာဝတ္ထု စာရေးဆရာ

2 mins read
Life Style
Personal Development
Culture
အချမ်းသာဆုံး ကြောက်မက်ဖွယ်ရာဝတ္ထု စာရေးဆရာ's photo

နိုင်ငံတကာက စာရေးဆရာတွေက သိပ်ကို ချမ်းသာကြတာပဲ။


ဟိုးအရင်ကတည်းက အခုထိ ဝတ္ထုတစ်အုပ်လောက်များ ပေါက်သွားရင် တိုက်နဲ့ကားနဲ့ ခမ်းခမ်းနားနားနေနိုင်သွားတဲ့အပြင်


ဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်ရင်လဲ တန်ရာတန်ကြေး စာမူခကို အပြည့်အဝရကြပါတယ်။


အရင်ခေတ်ကတော့ စာအုပ်ကိုပဲ ရောင်းချပေမယ့် eReader တွေ ခေတ်စားလာတဲ့ နည်းပညာခေတ်မှာလဲ eBook တွေကို စာဖတ်သူတွေက ဝယ်ယူအားပေးကြပြန်ပါတယ်။


အားကျစရာကြီးပေါ့နော်။


ဒီစာရေးဆရာတွေထဲမှာမှ သူ့ဝတ္ထုတွေကို ခဏခဏ ရုပ်ရှင်ပြန်ရိုက်ရပြီး


ဝတ္ထုတွေကလဲ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့တဲ့ ကြောက်မက်ဖွယ်ရာ ဝတ္ထုတွေကိုရေးတဲ့


အချမ်းသာဆုံး စာရေးဆရာကတော့ စတီဗင် ကင်း (Stephen King) ပါ။


စတီဗင် ကင်းက တစ်နှစ်ကို $20 million ဝင်ငွေရှိပါတယ်။


ပိုင်ဆိုင်မှုတွေ အားလုံးပေါင်းရင် $500 million ရှိပြီး King of Horror ကြောက်စရာတို့ရဲ့ ဘုရင်ကြီးလို့ ချစ်စနိုးနဲ့ ခေါ်ဝေါ်ကြပါတယ်။


ကျွန်မက သရဲကားတွေ ကြိုက်တဲ့အတွက် စတီဗင် ကင်းရဲ့ ရုပ်ရှင်တွေကို ကြည့်ဖြစ်ပါတယ်။


သူ့ရဲ့စာအုပ်တွေကိုလဲ ဘာသာပြန်ရော၊ မူရင်းရော ဖတ်ဖူးပါတယ်။


စာအုပ်အားလုံးတော့ မဟုတ်ပါဘူး။ အနည်းငယ်လောက်ပါပဲ။


အကြိုက်ဆုံးစာအုပ်ကတော့ Joyland ပါ။ ရုပ်ရှင်တော့ မထွက်ထားသေးပါဘူး။


ဇာတ်လမ်းအကျဉ်းကတော့


အသဲခွဲသွားတဲ့ ချစ်ရသူကို မေ့ပစ်ဖို့ Joyland ဆိုတဲ့ ကစားကွင်းမှာ နွေရာသီ အလုပ်လာလုပ်တဲ့


ဆယ်ကျော်သက်ကောင်လေး ဒေဗင် ဂျုံး ကြုံတွေ့ခဲ့ရတဲ့ ကစားကွင်းထဲက ဖြစ်ရပ်ဆန်း‌တွေကို ရေးသားထားတာပါ။


စတီဗင် ကင်း ရေးထားတဲ့ထဲမှာ ရောင်းအားအကောင်းဆုံးစာအုပ်က The Shining ပါ။ ရုပ်ရှင်လဲ ရှိပါတယ်။


ရုပ်ရှင်ကလဲ အရမ်းအောင်မြင်ပါတယ်။


စတီဗင် ကင်း လုံးချင်းဝတ္ထုစာအုပ်စပြီးထွက်ခဲ့တုန်းက သူ့အသက် 26 နှစ်ပဲရှိပါသေးတယ်။


လုံးချင်းမထွက်ခင်တော့ အထက်တန်းကျောင်းဆရာအဖြစ် အလုပ်လုပ်ရင်း မဂ္ဂဇင်းတွေဆီ သူ့ရဲ့ဝတ္ထုတိုလေးတွေ ရောင်းချပြီး အသက်မွေးပါတယ်။


1974ခုနှစ်မှာ ပထမဆုံးထုတ်ခဲ့တဲ့ လုံးချင်းစာအုပ်ကတော့ Carrie ဖြစ်ပြီးတော့ အလွန်အောင်မြင်ခဲ့ပါတယ်။


နှစ်နှစ်အကြာမှာ ရုပ်ရှင်ကုမ္ပဏီတစ်ခုကနေ ရုပ်ရှင်အနေနဲ့ ရိုက်ကူးခဲ့ပြီး ရုပ်ရှင်ကလဲ အောင်မြင်ပြန်ပါတယ်။


စတီဗင်ရဲ့ ငယ်ဘဝက အလွန်ဆင်းရဲခဲ့ပါတယ်။


သို့ပေမယ့် ပထမဆုံးလုံးချင်းစာအုပ်ထုတ်အပြီးမှာပဲ ချမ်းသာသွားပါတယ်။


နောက်ထပ်စာအုပ်တွေကလဲ အရမ်းအောင်မြင်ပြီး ရုပ်ရှင်တွေ ရိုက်ရပါတယ်။


ဟိုးအရင်က ရေးခဲ့တဲ့ ဝတ္ထုတွေကို အခုထိ ရုပ်ရှင်၊ ဇာတ်လမ်းတွဲ ပြန်ရိုက်နေကြတုန်းပါပဲ။


IT ရုပ်ရှင်တုန်းကလဲ အုန်းအုန်းကျွတ်ကျွတ်အောင်မြင်ပါတယ်။


စတီဗင် ကင်းရဲ့ အောင်မြင်မှု လျှို့ ဝှက်ချက်ကတော့ စာရေးချင်စိတ်ပါပဲတဲ့။


စာရေးဖို့ စိတ်ပိုင်းဖြတ်ထားတဲ့အတွက် ဘယ်အရာကမှ သူ့ကို မတားဆီးနိုင်ခဲ့ပါဘူး။


သူက လက်လှမ်းမှီသလောက်စာပေအားလုံးကို ဖတ်ရှုခဲ့ပြီး သူ့မိတ်ဆွေပါမောက္ခများနဲ့လဲ စာပေအကြောင်းတွေ ဆွေးနွေးပါတယ်။


တခြား စာရေးချင်တဲ့ ကျောင်းသားတွေကိုလဲ အစွမ်းကုန် ကူညီခဲ့ပါတယ်။


စတီဗင် ကင်းရဲ့ စာအုပ်တွေဟာ ကြောက်စရာဆိုပေမယ့် သရဲခြောက်တာ တစ်မျိုးထဲမဟုတ်ဘဲ


သိပ္ပံပညာ၊ သဘာဝလွန် စိတ်စွမ်းအား၊ ဘာသာရေး အယူသီးမှု၊ စိတ်ပညာ၊ ဆယ်ကျော်သက် ပညာပေး စတဲ့ အမျိုးအစားစုံစုံလင်လင်ကို ဖတ်ရှုရမှာပါ။


စတီဗင် ကင်း စာအုပ်တော်တော်များများကို ဆရာလင်းခန့်က မြန်မာပြန်ပေးထားပါတယ်။

စတီဗင် ကင်းရဲ့ အထင်ရှားဆုံးစကား

The trust of the innocent is the liar's most useful tool.

ရိုးသားသူတို့ရဲ့ ယုံကြည်မှုဟာ လူလိမ်တွေအတွက် အသုံးဝင်ဆုံးကိရိယာဖြစ်သည်။



စာရေးဆရာတွေအတွက် စတီဗင် ကင်းရဲ့ အကြံပေးစကားများ

https://youtu.be/B6SKj_eiY9k?si=iJtZZO2GHJSVMdRI


စတီဗင် ကင်းရဲ့ အင်တာဗျူး

https://youtu.be/MoejU-tf4xI?si=ax9Qc-TnQzrl_HbN


စတီဗင် ကင်းရဲ့ ရုပ်ရှင်တွေ

https://www.youtube.com/watch?v=_D5W-vs579o&list=PLIiI4TlOIndeQ_5E_Oj5gP7lQbCKhkwEM


မူရင်း English စာအုပ်တွေကိုတော့ အောက်က Telegram Channel မှာ ဖြည်းဖြည်းချင်း တင်ပေးသွားပါမယ် ✌?

အမှန်တော့ ဝယ်ဖတ်သင့်တာပေါ့နော်။ အခုတော့ ဂုန်းပဲ ဆင်းလိုက်ပါဦး ?

https://t.me/+fDx3Hhe9OWoyZmY1


မြန်မာပြန်ဖတ်ချင်ရင်တော့ ဝန်ဇင်းမှာ ဆရာလင်းခန့်ရဲ့ ဘာသာပြန် eBook တွေ ရောင်းပါတယ်


တစ်အုပ်မှ တစ်ထောင်လောက်ပဲ ပေးရပါတယ်


Wuzin To Home Page မှာလဲ ဆရာလင်းခန့်ရဲ့ စာအုပ်တွေကို မှာယူနိုင်ပါတယ်


မြန်မာပြည်က စာရေးဆရာတွေ စာရေးသူတွေလဲ မီလီယန်နာကြီးတွေ ဖြစ်ကြပါစေ ✌?


Nicolette မှ ရေးသားပါသည် ?


⛔ပြန်ကူးတင်ခွင့် မပြုပါ⛔


ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေ၊ learning tips တွေ နဲ့ ဘာသာပြန်ဝတ္ထုတွေကို ရေးသားသွားဦးမှာဖြစ်လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ?


Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတော်လ်စတွိုင်း နောက်ဆုံးနေ့ရက်များဖတ်နိုင်သမျှ များများဖတ်ပေးပါမက္ကဇင်ဂေါ်ကီ နှင့် ခရီးသည်တစ်ဦးဘာလို့ မုန်းကြတာလဲစိတ်ဓာတ်ကျနေတဲ့အခါဆင်းရဲသားလေး ဂျက်လန်ဒန်မရိုးတရိုးရှောင်တာက ကြောက်ခြင်းမဟုတ်❝ မသိမှု ဝတ်ရုံကြီး ❞