Author's Profile Photo

SarPhat Author

4/05/2024

အနှောင့်အယှက်ခေတ်ကြီးထဲမှာ အာရုံစူးစိုက်နိုင်တာဟာ မဟာစွမ်းအားပါ

1 min read
Life Style
Personal Development
Book Review
အနှောင့်အယှက်ခေတ်ကြီးထဲမှာ အာရုံစူးစိုက်နိုင်တာဟာ မဟာစွမ်းအားပါ's photo

▪️ကျွန်တော်တို့တွေဟာ နည်းပညာအနှောင့်အယှက်ထဲမှာ အမြဲတစေ ရှုပ်ယှက်ခတ်ပြီး လက်ရှိတာဝန်တွေကို အာရုံစိုက်နိုင်ဖို့ စိန်ခေါ်မှုက ပိုကြီးမားလာပါပြီ။
အာရုံစူးစိုက်နိုင်တာဟာ မဟာစွမ်းအားဆိုတဲ့ အတွေးအခေါ်ဟာ ချဲ့ကားထားတာမဟုတ်ပါဘူး။ ▪️အနှောင့်အယှက်တွေရှိနေရင်တောင်မှ အာရုံစူးစိုက်နိုင်မှုဟာ လုပ်ငန်းပိုင်းနဲ့တကိုယ်ရည် လုပ်ဆောင်မှုကို မြှင့်တင်ပေးပြီး ထိထိရောက်ရောက်၊ထက်ထက်မြက်မြက်နဲ့ လိုချင်တဲ့ပန်းတိုင်ရောက်အောင် ကူညီ‌ပေးပါတယ်။
အဆင့်မြင့်အာရုံစိုက်နိုင်စွမ်းဟာ အတားအဆီးမြူထုကို ပိုင်းဖြတ်နိုင်စွမ်းရှိတဲ့ စွမ်းအားကြီးတဲ့လေဆာနဲ့တူပါတယ်။ ကျွန်တော်တို့ရဲ့စွမ်းအား(energy)နဲ့ သိမြင်နိုင်စွမ်းရှိတဲ့ ရင်းမြစ်တွေကို အချိန်တိုတိုအတွင်းမှာ အရည်အသွေးမြင့်မြင့် အလုပ်တစ်ခုပြီးမြောက်အောင် လုပ်ဆောင်ပေးပါတယ်။
▪️အာရုံစိုက်နိုင်စွမ်းရဲ့ အဓိကအကျိုးကျေးဇူးထဲကတစ်ခုကတော့ အလုပ်ပြီးမြောက်စေမှု( productivity) ပါပဲ။ ကယ်လီဖိုးနီးယားတက္ကသိုလ်က ဂလော်ရီယာမာ့ခ်ရဲ့ လေ့လာမှုအရ ကြားဝင်နှောက်ယှက်မှုအပြီး အာရုံစူးစိုက်မှုပြန်ရဖို့ (၂၃)မိနစ်နဲ့(၁၅)စက္ကန့် ကြာတယ်လို့ဆိုပါတယ်။ အဆက်မပြတ်နှောင့်ယှက်မှုတွေပြည့်နေတဲ့ နေ့တစ်နေ့ကို စိတ်ကူးသာကြည့်ပါတော့။
▪️ဆုံးရှုံးသွားတဲ့ မိနစ်ပိုင်းလေးတွေဟာ သိသာထင်ရှားတဲ့ အချိန်ဆုံးရှုံးမှုအစုကြီးအဖြစ်ပေါင်းစုသွားပါတယ်။ ဒါကြောင့်ဆူညံသံတွေကို အာရုံမထားဘဲ အလုပ်တစ်ခုကိုပဲ အာရုံစူးစိုက်ခြင်းဟာ ကျွန်တော်တို့ရဲ့ အလုပ်ပြီးမြောက်စေမှု( productivity) ကို သိသာထင်ရှားစွာတိုးတက်စေပါတယ်။
▪️အာရုံစူးစိုက်မှုဟာ အလုပ်အရည်အသွေးပေါ်လည်းသက်ရောက်မှုရှိပါတယ်။ အလုပ်တစ်ခုထဲ ဈာန်ဝင်နေတဲ့အခါ ချင့်ချင့်ချိန်ချိန် ဆန်းဆန်းသစ်သစ် ပိုတွေးမိပါတယ်။ အဲဒါဟာ ရှုပ်ထွေးတဲ့ ပြဿနာတွေကိုဖြေရှင်းပေးပြီး ပိုကောင်းတဲ့ရလဒ်ကို ထုတ်ပေးပါတယ်။
▪️အာရုံစူးစိုက်နိုင်မှုရဲ့ ရလဒ်တွေဟာ ထင်ရှားနေပေမယ့် အာရုံကိုအနှောင့်အယှက်ပေးမယ့် အရာတွေအပြည့်ရှိတဲ့လောကကြီးမှာ အာရုံတစ်ခုကိုစိုက်နိုင်ဖို့ဆိုတာ တကယ့်ကို စိန်ခေါ်မှုပါပဲ။ ဦးတည်ချက်ရှိရှိလေ့ကျင့်ဖို့နဲ့ သတိကပ်တဲ့ အားထုတ်မှုတွေလိုအပ်ပါတယ်။ အောက်ဖော်ပြမယ့်နည်းလမ်းတွေကတော့ စူးစိုက်မှုရဲ့စွမ်းအားကို ထိန်းချုပ်အသုံးချဖို့ကူညီပေးမယ့်နည်းတွေပါ။
၁)ပတ်ဝန်းကျင်အခြေအနေကိုထိန်းချုပ်ပါ။
ဘေးပတ်ဝန်းကျင်ဟာ ကိုယ့်ရဲ့အာရုံစူးစိုက်နိုင်စွမ်းတွက် အရေးကြီးတဲ့ကဏ္ဍကနေပါဝင်ပါတယ်။ အလုပ်လုပ်တဲ့နေရာကို သန့်ရှင်းပြီး စနစ်ကျအောင် စီမံပါ။ ဖြစ်လာနိုင်ခြေရှိတဲ့ အနှောင့်အယှက်တွေကို တတ်နိုင်သမျှ ဖယ်ထုတ်ရှင်းလင်းထားပါ။
၂)အလုပ်တာဝန်တွေကိုဦးစားပေးပါ။
တာဝန်တွေအကုန် အရေးကြီးမှုအတိုင်းအတာမတူပါဘူး။ အရေးကြီးတဲ့အလုပ်နဲ့ ချက်ချင်းစလုပ်ဖို့လိုတဲ့အလုပ်တွေကိုခွဲခြားဖို့ Eisenhower Box လို နည်းလမ်းအသုံးပြုပြီး ဦးစား ပေးသင့်တာပေးပါ။( urgent,not urgent, important,not important)
၃)သတိကပ်မှုကိုလေ့ကျင့်ပါ။
တရားထိုင်ခြင်းလိုသတိကပ်မှုလေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ခြင်းအားဖြင့် အာရုံစူးစိုက်နိုင်စွမ်းကိုတိုးစေပြီး စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။
၄)နေ့စဉ်အလုပ်အဖြစ်သတ်မှတ်ပါ။
နေ့စဉ်အလုပ်အဖြစ်လုပ်ခြင်းက စိတ်ကိုအာရုံစူးစိုက်မှု ပိုကောင်းစေဖို့ကူညီပေးပါတယ်။ နိစ္စဓူဝအလုပ်အဖြစ်သတ်မှတ်ထားခြင်းကတာဝန်တစ်ခုစဖို့ လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာအားထုတ်ရမှုကို လျှော့ချပေးပါတယ်။
▪️အနာဂတ်ဟာ ဆူညံသံတွေကို ဥပေက္ခာပြုနိုင်သူ၊ လက်ထဲအလုပ်ကြွေးမရှိသူ၊ ဖော်ပြလို့မရနိုင်တဲ့အာရုံစူးစိုက်မှုစွမ်းအားကို လိုသလိုမြောင်းသွယ်တတ်သူတွေဆီမှာပဲရှိပါတယ်။ သူတို့ထဲကတစ်ယောက်ဖြစ်ဖို့ ကြိုးပမ်းအားထုတ်ကြပါစို့။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)