Author's Profile Photo

Moe Moe Soe Min

4/05/2024

ယနေ့ခေတ်လူငယ်များတွေးသော"အိမ်ထောင်ရေး"

1 min read
Personal Development
General Knowledge
ယနေ့ခေတ်လူငယ်များတွေးသော"အိမ်ထောင်ရေး"'s photo



ကျွန်မတို့ ယ​ေန့ခေတ်လူငယ်တွေဟာအယူအဆတွေလွဲမှားနေကြတယ်။

"အိမ်ထောင်ရေး"တစ်ခုမှာ လူနှစ်ဦးနှစ်ယောက်ချစ်နေရုံနဲ့တင် ပြည့်စုံတယ်လို့ထင်ကြတယ်။ဒါဟာ လွဲမှားတဲ့အယူအဆလို့ ကျွန်မထင်မြင်မိတယ်။ ယနေ့ခေတ်လူငယ်တွေက "အိမ်ထောင်ရေး"တစ်ခုကို လွယ်လွယ်တည်ဆောက်ကြတယ်။ အရွယ်မတိုင်ခင် အိမ်ထောင်ပြုကြတယ်။ အတောင်အလက်မစုံခင်ပျံသန်းချင်ကြတယ်။ သူတို့အတွေးတွေဟာရိုးရှင်းလွန်းလှတယ်။ "အိမ်ထောင်ရေး"တစ်ခုမှာ ကျန်တာမလိုအပ်ဘူး ချစ်နေဖို့သာအဓိကလို့ လွယ်လွယ်တွေးကြတယ်။ တစ်ကယ်တော့သူတို့ထင်သလောက် တွေးထားသလောက် မရိုးရှင်းလှဘူး။ ဆရာမမိုးမိုးအင်းလျားရေးတဲ့ ပျောက်သောလမ်းမှာစမ်းတဝါးဆိုတဲ့ စာအုပ်လေးထဲကစာကြောင်းလေးတစ်ခုလိုပေါ့ "လှိုင်တို့ချစ်ခဲ့ကြတုန်းမှာ ဆီပြဿနာ ဆန်ပြဿနာတွေမတွေးခဲ့မိဘူး တစ်ကယ့်တစ်ကယ်ကျမှ နေဖို့စားဖို့ဆိုတာ အချစ်ထက်အရေးကြီးတဲ့ ပြဿနာတွေပါလားဆိုတာသိခဲ့ရပြီ"။ အိမ်ထောင်တစ်ခုကိုမတည်ဆောက်ခင် ကျွန်မတို့ဟာအထပ်ထပ်လေးနက်စွာ တွေးတောသင့်တယ်လို့ကျွန်မထင်မြင်ပါတယ်။ ထောင်ကျရင်လွတ်နိုင်သေးတယ် အိမ်ထောင်ကျရင်တော့မလွတ်နိုင်ဘူးဆိုတဲ့ စကားလေးတောင်ရှိပါသေးတယ်။ ကျွန်မမေးချင်တာက အိမ်ထောင်ကျသွားရင် အချစ်ဆိုတာကြီးရဲ့နောက်မှာ နေစရာ၊စားစရာနဲ့ ဘဝအာမခံချက်တွေရော တစ်ပါတည်းလိုက်ပါလာနိုင်ပါ့မလား။ "အိမ်ထောင်" ပြောတော့သာစကားနှစ်လုံးထဲနော် လက်တွေ့ဘဝမှာကျ ခက်ခဲ ကြမ်းတမ်းလွန်းတဲ့ပြဿနာတစ်ခု၊ ဘဝခရီးလှိုင်းကြမ်းတစ်ခုသာဖြစ်တယ်။ လက်တွေ့ဘဝမှာရင်ဆိုင်ဖို့ ခက်ခဲလွန်းလှတယ်။ ကျွန်မတို့ပတ်ဝန်းကျင်တွေမှာလည်း တွေ့မြင်နေရတာပါပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျ ချစ်နေရင်ပြီးရောဆိုပြီးလွယ်လွယ်တွေးကြတယ်။ စားဝတ်နေရေးကို မတွေးတောကြဘူး။ မကြာပါဘူး ကွဲကြပြဲကြနဲ့။ ကျွန်မတို့ဟာ ဒါတွေကိုဘဝသင်ခန်းစာတစ်ခုအနေနဲ့ လက်တွေ့မဟုတ်ဘူးနော် မြင်တွေ့နေရရုံ ကြားနေရရုံတင် ဘယ်လောက်ပူလောင်လဲ ခက်ခဲလဲ ကြမ်းတမ်းလဲဆိုတာ သိနိုင်ကြတယ်မလား။ ကျွန်မပေးချင်တဲ့Messageတစ်ခုက "အိမ်ထောင်ရေး" တစ်ခုမှာ ချစ်နေရုံနဲ့တင်ပြီးပြည့်မစုံနိုင်ဘူးဆိုတာပါဘဲ။

ကျေးဇူးတင်ပါတယ်။
ချစ်လှစွာသော

မိုချီနွေး?

Keep Reading

မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။အရင်းအနှီးအကြောင်း ဂဃနဏ သိပါစေ။စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဘယ်လိုလုပ်ပြီး မိုက် ဂျက်ဆန် ရင်းနှီးမြှုပ်နှံသူ ဖြစ်လာတာလဲ။ ဘယ်လုပ်ငန်း နယ်ပယ် အရင်းအနှီး ဈေးကွက်ထဲကို ရောက်နေသလဲဆိုတာ အရင်သိအောင်လုပ်ပါ။ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်အဲလက်ဇ်ရဲ့ အရင်းအနှီးက ဘာတွေဖြစ်မလဲ။ချိုသာစွာပြောဆိုဆက်ဆံပါအဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်အကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ