SarPhat Author
အချစ်ဆိုတဲ့အရာကဘာလဲဆိုတာကိုသိပြီလို့ငါ့ကိုယ်ငါထင်ခဲ့တာ
အမှန်တကယ်က ဘာမှမသိသေးဘူး
အချစ်ဆိုတဲ့အရာကို သီချင်းတွေထဲမှာ ၊ ဝတ္ထုတွေထဲမှာ ၊ ကဗျာတွေထဲမှာ ကြားဖူးတွေ့ဖူး ၊ နားထောင်ဖူးတာတွေမှအများကြီး ၊ ပျော်ရွှင်ရတယ်ဆိုတာတွေရော ၊ ပူလောင်ရတယ်ဆိုတာတွေရောပေါ့
အဲ့လိုတွေကြားဖူးတွေ့ဖူးနားထောင်ဖူးပေမဲ့လည်း ၊ ကိုယ် ကိုယ်တိုင်ရောချစ်ဖူးခဲ့ပေမဲ့လည်း ခုထိကိုနားမလည်နိုင်သေးဘူးရယ်
တခြားလူတစ်ယောက်ကိုဘယ်လိုချစ်ရမလဲ ?
မှန်ကန်တဲ့ချစ်ခြင်းဆိုတာဘာလဲ ?
ကိုယ့်ကိုကိုယ် အရမ်းချစ်တတ်နေပြီလို့ထင်ခဲ့တာ တကယ်တော့ဘာဆိုဘာမှမသိတဲ့အရူးတစ်ယောက်ဖြစ်နေတာပဲ
တစ်ခါတလေ ကိုယ်တွေရဲ့အချစ်ဆိုတဲ့အရာက တစ်ဖက်သားအပေါ် စိတ်ဒုက္ခတွေဖြစ်စေနိုင်တာပဲ ကိုယ်တွေသတိမထားမိလို့သာ
ကိုယ်ကိုယ်တိုင်တော့တွေးမှာပေါ့ ဒီလိုလုပ်တာငါသူ့ကိုချစ်လို့ ဒီလိုပြောလိုက်တာငါသူ့ကိုချစ်လို့ ဆိုပြီးတော့ပေါ့ အဲ့လိုချစ်လို့ဆိုပြီးပြုမူလိုက်တဲ့အရာတွေ ပြောလိုက်တဲ့စကားတွေကြောင့်တစ်ဖက်လူ စိတ်မသက်မသာဖြစ်စေမှာကို ကိုယ်တွေဖက်ကမတွေးမိကြဘူးလေ
အမှန်တော့ ကိုယ်ကချစ်လို့ပါဆိုရင် တစ်ဖက်လူရဲ့အခက်အခဲကြီးငယ်ကိုနားလည်အောင်ကြိုးစားပေးရမှာပေါ့
အဲ့တာကြောင့် အချစ်ဆိုတာဘာလဲလို့နားမလည်သေးပေမဲ့လည်း . . .၊
ထပ်ချစ်ဖြစ်ခဲ့ရင် ၊ ထပ်ပြီးချစ်ခဲ့မိရင်ပေါ့
ကိုယ်ချစ်မိတဲ့လူသားလေးအတွက် အများကြီးနားလည်မှုရှိပေးနိုင်အောင် ကိုယ်ချင်းစားတရားထားပေးနိုင်အောင် အစွမ်းကုန်ကြိုးစားပါမယ်
ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်း မှန်ကန်တဲ့ချစ်ခြင်းလေးတွေနဲ့ချစ်နိုင်ကြပါစေ ။
Keep Reading