SarPhat Author
တန်ဖိုးကိုယ်စီ
-------------------------
ကျွန်တော်တို့နေထိုင်ရာ လောကကြီးမှာ ရှိတဲ့ လူတိုင်း လူတိုင်းဟာ တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ တန်ဖိုးကိုယ်စီ ရှိကြပါတယ်။ ယောကျာ်လေးမို့ မိန်းကလေးထက် တန်ဖိုးပိုရှိတာ မဟုတ်သလို LGBTဖြစ်နေလို့လည်း တန်ဖိုး နိမ့်သွားတာမျိုး မရှိပါဘူး။ အားလုံးဟာ ကိုယ့်မှာ ရှိတဲ့ အရောင်တွေနဲ့ ကမ္ဘာကြီး ပိုလှအောင် အလှဆင်နေကြတဲ့ ပိုးစုန်းကြူးလေးတွေလို ပါပဲ။
ဒါပေမဲ့ ကိုယ်နဲ့ မတူ ကိုယ့်ရန်သူဆိုတဲ့ စိတ်နဲ့ သဘောထားပြီး နေထိုင်နေကြတဲ့ လူ့အန္ဓ္ တွေဟာလည်း ကမ္ဘာကြီးပေါ်မှာ ယနေ့အချိန်ထိ ရှိနေတုန်းပါပဲ။ သူတို့တွေကြောင့် ကမ္ဘာကြီးဟာ ပိုပြီး အရုပ်ဆိုး အကျည်းတန်နေရခြင်းလည်း ဖြစ်ပါတယ်။
အချို့သောသူတွေဟာ ကိုယ်နဲ့ လိင်စိတ်ခံယူမှု မတူတဲ့သူတွေကို တွေ့တဲ့အခါ အထူးအဆန်း တစ်ယောက်လို ဆက်ဆံ ကြပါတယ်။ မသိမသာရော၊ သိသိသာသာ ပါ လှောင်ပြောင်ဆက်ဆံ ကြပါတယ်။ တစ်ဖက်လူ အနေခက်အောင် ပြုမူပြောဆို တတ်ကြပါတယ်။
မြန်မာနိုင်ငံဟာ မတူညီကွဲပြားမှုကို အလှတရား တစ်ခု အနေနဲ့ မြင်တတ် ဖို့ သွန်သင်မှုမှာ အားနည်းခဲ့ပါတယ်။ ဒါကြောင့်လည်း တစ်
ယောက်နဲ့ တစ်ယောက် လေးစားမှု မပေးနိုင်ဘဲ ပဋိပက္ခ အသွင်ကို အမြဲဦးတည်ကာ နိုင်ငံမငြိမ်းချမ်းရ ခြင်းပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ရုပ်ရှင်အနုပညာတွေမှာ LGBT တွေကို ဟာသလုပ်ထားတာ၊ သူတို့ရဲ့ အသံ၊ အဝတ်အစားတွေကို လှောင်ပြောင်တာတွေဟာ နိမ့်ကျတဲ့ လုပ်ရပ်တစ်ခုသာ ဖြစ်ကြောင်း သိဖို့လိုပါတယ်။ လူတစ်ယောက်ဟာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိတာက
Unlock to read this premium article with 10 points.