Default Profile Photo

SarPhat User

13/04/2024

အတာအိုးနဲ့ သင်္ကြန်ကြိုပွဲ?

1 min read
General Knowledge
Culture
History
အတာအိုးနဲ့ သင်္ကြန်ကြိုပွဲ?'s photo

နှစ်ကူးသင်္ကြန်‌ ရောက်တော့မယ်ဆိုတာနဲ့ မယ်ရေးတို့တွေ အရင်ဆုံး လုပ်ဆောင်ကြတာက ‘အတာအိုး’ ထိုးကြတာပါပဲ။?

အတာအိုးဆိုတာ သင်္ကြန်ကို ကြိုဆိုတဲ့အနေနဲ့ သင်္ကြန် မကျခင် ကြိုတင် ပြင်ဆင်ရတဲ့အရာပါ။

(၇) ရက် သားသမီးတွေအတွက် ရည်ရွယ်ပြီး ပန်း (၇) မျိုးဖြစ်ဖြစ်၊ အညွန့် (၇) မျိုးဖြစ်ဖြစ်ကို ရေပြည့်နေတဲ့ အိုးထဲမှာ ထည့်ထားရပါတယ်။

တနင်္ဂနွေဆို အုန်းရွက်၊ ဩဇာရွက်
တနင်္လာဆို ကံ့ကော်ပန်း၊ ခရေ
အင်္ဂါဆို ဇီးရွက်
ဗုဒ္ဓဟူးဆို ရွက်လှ၊ ရေတမာ
ကြာသပ‌တေးဆို မြေဇာ၊ မာလကာရွက်
သောကြာဆို သပြေပန်း
စနေဆို တမာရွက်၊ ဒန်းပန်း အစရှိသဖြင့် နေ့ (၇) နေ့ကို ကိုယ်စားပြုတဲ့ နေ့နံပန်း (၇) မျိုးကို အသုံးပြုရမှာပါ။

သင်္ကြန် (၄) ရက်လုံး အတာအိုးနဲ့ ကြိုပြီး နှစ်ဆန်းတစ်ရက်နေ့ ရောက်တော့ အန္တရာယ်ကင်း ပရိတ်ရွတ်တဲ့အခါမှာ ‘အတာအိုး’ နဲ့ ‘အတာပန်း’ ကနေ ‘ပရိတ်အိုး’ နဲ့ ‘ပရိတ်ပန်း’ အဖြစ် ကူးပြောင်းသွားပါတယ်။

ပရိတ်တရားနာပြီး ရလာတဲ့ ‘ပရိတ်ပန်း’ တွေကို အိမ်ပတ်လည်မှာ ထိုးစိုက်ရင်း အန္တရာယ်ကင်းအောင် လုပ်ကြတာကလဲ မြန်မာ့အလေ့အထတစ်ခုပဲ‌ပေါ့ရှင်။?

စာပေမိတ်ဆွေတို့ရော မယ်ရေးပြောသလို အတာအိုးတွေနဲ့ နှစ်သစ်သင်္ကြန်ကို စောင့်ကြိုနေကြပြီလားနော်။?

#ရေးမယ်ထရိန်နင်
#အတာအိုးနဲ့သင်္ကြန်ကြိုမယ်

(Post အား လွတ်လပ်စွာ Share နိုင်သည်။ ကူးယူဖော်ပြခွင့် မပြု။)

မယ်ရေးတို့ ဝေမျှ​နေတဲ့ ဗဟုသုတတွေကို ဖတ်ရှုနိုင်ဖို့
ရေးမယ်ထရိန်နင်ရဲ့ Social Media
Link တွေကိုပါ တင်ပြပေးလိုက်ပါတယ်။
?Telegram channel
https://t.me/yaymaltraining
?Instagram Channel
https://instagram.com/yaymal_training?igshid=119xh0bd0nfp5
?Youtube Channel
https://youtube.com/channel/UCZmNsBQb0Bm6zwLKqVsc91Q

Keep Reading

မုန်းခိုင်းတိုင်း မုန်းမှာလား ဒါတို့ပြည် -------------စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဟာရူကီမူရာကာမိဆိုတာစာရေးဆရာနတ်နွယ်ဆိုတာPersonal Finance LevelsVictor Hugo ပေးတဲ့သင်ခန်းစာOppenheimer ရုပ်ရှင်ကိုလေ့လာခြင်း𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚အဆန့်အဖျက်