Sharing By Yin
Powerful ဖြစ်တဲ့ Self Study လုပ်နည်း
ကျွန်မတို့တွေ အမြဲတမ်း ကြားဖူးနားဝ ရှိနေတဲ့ စကားဖြစ်တဲ့ “ကျောင်းသားတွေဟာ ဆရာ သင်ပေးလိုက်တာကို 20% ပဲ ဦးနှောက်ထဲ ယူနိုင်တာပါ” ဆိုတဲ့ စကားကို မှတ်မိကြပါသလား။ ဒီ စကားဟာလည်း Self Study လုပ်ဖို့ကို တစ်ဖက် ကနေ တိုက်တွန်းပေး တဲ့ စကားမျိုးပါပဲ။
Self Study လုပ်ဖို့ကို ပျင်းတယ် စိတ်မပါဘူး ဆိုတဲ့ သူတွေကို ပြောချင်တာက အခုခေတ်ဟာ ကိုယ့်ဒူးကိုယ်ချွန် တဲ့ ခေတ်ပါ။ အဲ့တော့ သူများထက် ခြေတစ်လှမ်း နောက်ကျရင် ဝါးမြိုသွားကြမှာပါ။ ဒီတော့ သူများထက် မနောက်ကျအောင် ကိုယ် လေ့လာမယ့် ဘာသာရပ်ကို သေချာ လေ့လာဖို့ လိုနေပါပြီ။
ဘယ်ဘာသာရပ်မျိုး မဆို အနည်းနဲ့ အများတော့ Self Study လုပ်ကြရပါတယ်။ ဒီလို Self Study လုပ်မှသာ ကိုယ်သင်ယူလေ့လာနေတဲ့အရာ ကို ကြေကြေညက်ညက် နားလည်မှာပဲ ဖြစ်ပါတယ်။ ဒီတော့ Self Study ကို Powerful ဖြစ်အောင် ဘယ်လို သေချာလုပ်ရမလဲ။
1. Set Clear Goal
“ခက်တာကို တွက်တာနဲ့ပဲ အနိုင်ယူနိုင်တယ်” ဆိုတဲ့ စကားရှိပါတယ် ။ ဒါပေမယ့် ကိုယ့်အတွက် ဘာခက်သလဲ ဆိုတာ မသိရင် ဘယ်လို တွက်ရမှာပါသလဲ။ ဒီတော့ Goal တစ်ခု ချတဲ့ နေရာမှာ ကိုယ်က ဘာကို ပြီးအောင် လုပ်မှာလဲ ဘယ်အရာက ခက်သလဲ ၊ ဘယ်အရာကို ရအောင် လုပ်မလဲ ဆိုပြီး plan နဲ့ ချထားတာက Self Study လုပ်ခြင်းမှာ အရေးပါတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။
2. Positive Mindset & Motivate
“ငါ ဒီအရာကို လုပ်နိုင်မှာ မဟုတ်ပါဘူးကွာ” လို့တွေးလိုက်ရင် ဟုတ်ပါတယ် တကယ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဘဝဟာ စိန်ခေါ်မှု တွေ အပြိုင်အဆိုင် တွေ အများကြီးရှိနေတဲ့ နေရာပါ။ စိတ်ဓာတ်ကျလို့ ရပါတယ်။ ခဏ နားလို့ရပါတယ်။ ပြီးရင် ပြန်စရပါမယ်။ ငါဘာလို့ ဒါကို လုပ်ချင်တာလဲ။ ဒီဟာက ဘာလို့ ငါ့အတွက် အရေးပါ နေတာလဲ ဆိုတာကို မမေ့ပါနဲ့။ “ကိုယ့်ကိုယ်ကိုယ် မှ ယုံကြည်ချက် မရှိရင် ဘယ်သူမှ ယုံကြည်မှာ မဟုတ်ပါဘူး , ကိုယ့်ကိုယ်ကိုယ် လေးစား တန်ဖိုးထားမှ လေးစားဖွယ်လူတစ်ယောက် ဖြစ်လာမှာပါ”
3. Creat a specific study plans & schedule
Study Plan လုပ်တယ် Schedule လုပ်တယ်ဆိုပြီး မလုပ်ဖြစ်ဘဲ ဒီတိုင်း ဝိုးတိုးဝါးတား တွေ ဖြစ်သွားတာတွေ ကြုံဖူးကြမှာပါ။ Study Plan ကောင်း တစ်ခုအတိုင်း လိုက်လုပ်ဖို့က မလွယ်ပါဘူး။ ဟုတ်ပါတယ် ခက်ပါတယ်။ဒီတော့ ဆွဲထားပြီး မလုပ်ဖြစ်ကြဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ။
ဒီနေရာမှာ ဖြေရှင်းဖို့အတွက် Mindset ပြောင်းကြည့်ကြရင်ရော
“ Study Plan ဆိုတာ ငါ့အတွက် ကိုယ့်ကိုယ်ကိုယ် ပေးတဲ့ ကတိ” ဆိုပြီး သတ်မှတ်ထားဖူးကြပါသလား။ အဲ့ဒီလို စိတ်မျိုးထားပြီး “ငါ့ ကတိကို ငါဖျက်လို့မရဘူး” လို့ တွေးထားမယ်ဆိုရင် ထိထိရောက်ရောက် လုပ်ဖြစ်မှာ အသေအချာပါပဲ။
4. Take Break , Be patient and do regular
နောက်ဆုံး တစ်ဆင့် အနေနဲ့ကတော့ အများကြီး Study လုပ်ပြီးလို့ ပင်ပန်းရင် အနားယူပါ။ ဒီ လောက ကြီးမှာ ဘယ်အရာကမှ လွယ်လွယ်ကူကူ မရတဲ့ အတွက် စိတ်ရှည်ရပါတယ်။ Practice make perfect ဆိုတဲ့အတိုင်း ခက်ခဲတဲ့ အရာတွေနဲပ တိုက်ရိုက်ထိတွေ့မှသာ လွယ်ကူလာမှာပါ။
ဒီနေရာမှာ တိုက်ရိုက်ထိတွေ့ပါပြီရဲ့ ချက်ချင်းကြီးတော့ ဘယ်ရပါ့မလဲ အချိန်ယူရပါတယ် စိတ်ရှည်သည်းခံရပါတယ်။ ကျွန်မ တို့တွေ မွေးဖွားလာကတည်းကိုက အမိ ဘာသာစကားကို နားလည်ဖို့ ၂နှစ်ထိ အချိန်ပေးရပြီး လည်လည်ဝယ်ဝယ် ပြောတတ်ဖို့လည်း အချိန်ပေးခဲ့ရတာကို သတိရပါ။
ဒီတော့ မျှော်လင့်ချက်တွေ အိမ်မက်တွေ အကောင်အထည်ဖော်နိုင်ပြီး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေလို့ ဆုတောင်းရင်းပဲ ဒီနေ့ရဲ့ Content လေးကို အဆုံးသတ်ချင်ပါတယ်။
Our Telegram Channel
https://t.me/sharing_by_yin
Our Facebook Page
https://www.facebook.com/profile.php?id=61573904790600&mibextid=ZbWKwL
Keep Reading