Author's Profile Photo

ရှင်းရှင်း(သပြေ)

12/12/2024

ကံအကြောင်းတရားတို့ရှိခဲ့လျှင်

1 min read
Art
Novel
Creative
ကံအကြောင်းတရားတို့ရှိခဲ့လျှင်'s photo

စန်းကြည်တို့မိသားစုတွင် စန်းကြည်အပါအဝင်ညီအစ်မ(၈)ယောက်နှင့် အဖေ၊ အမေကောဆိုလျှင်စုစုပေါင်း(၁၀)ယောက်ရှိလေသည်။ စန်းကြည်၏အမေသည် သဘောကောင်းစွာပင် မိန်းကလေးချည်း(၈)ယောက်မွေးခဲ့သည်။ အားလုံးထဲတွင် စန်းကြည်သည် ဒုတိယမြောက်သမီး၊ သူ၏အထက်တွင်တစ်ယောက်နှင့် ​အောက်တွင်ခြောက်ယောက်ရှိသည်။ ညီအစ်မအားလုံးမှာ(၂)နှစ်ကြီး(၂ )နှစ်ငယ်စီဖြစ်ကြသည်။စန်းကြည်၏ မိဘများမှာ တောသူတောင်သားများဖြစ်၍ လယ်ယာလုပ်ကိုင်ကြပြီး သီးပင်စားပင်များလည်း စိုက်ပျိုးကြသည်။ လယ်ထဲတွင်ပင် တဲထိုးနေထိုင်ကြ၍ ရွာထဲရှိ အိမ်တွင် စန်းကြည်တို့ညီအစ်မများသာ နေကြရလေသည်။ မိဘများမှာ သမီး(၁၀)ယောက်လုံးကို ပညာအမွေ မပေးနိုင်ရှာ။ အကြီးဆုံးသမီး သန်းကြည်၊ စန်းကြည်နှင့် မာကြည်တို့(၃)ယောက်မှာ သေစာရှင်စာလောက်သာ သင်ကြားရပြီး ကျောင်းထွက်လိုက်၍ မိဘများ၏ လယ်ယာလုပ်ငန်းကို ကူညီလုပ်ကိုင်ရင်း ညီမများကို ထိန်းကျောင်းခဲ့ရသည်။ စပါးစိုက်ချိန်တွင် ပျိုးနှုတ်၊ ကောက်စိုက်၊ စပါးရိတ်လုပ်ကိုင်ရပြီး မတ်ပဲရ

မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့

Unlock to read this premium article with 10 points.