Author's Profile Photo

LY Cho

9/12/2024

ပျော်ရွှင်ဖို့အတွက် အဓိက သော့ချက်

1 min read
Life Style
Personal Development
ပျော်ရွှင်ဖို့အတွက် အဓိက သော့ချက်'s photo



♡ Silence (တိတ်ဆိတ်ခြင်း)

တစ်စုံတစ်ယောက်ကိုမျှဝေခြင်း၊ public မှာ share ခြင်းကို ရှောင်ကြဉ်ရပါမယ်။ အတိတ်ကအကြောင်းတွေ၊ လက်ရှိဘာလုပ်နေလဲဆိုတဲ့အကြောင်းတွေ၊ နောက်အနာဂတ်မှာ ကိုယ်ဘာဖြစ်ချင်လဲဆိုတဲ့ အိမ်မက်တွေကို မျှဝေတာဟာ မင်းအတွက်လည်း အကျိုးမရှိပါဘူး။ မင်းကိုလည်း ကောင်းကျိုးတစ်စုံတစ်ရာမှ မပေးပါဘူး။ ဒါကြောင့် တိတ်ဆိတ်နေခြင်းဟာ မင်းအတွက်ပိုပြီး အထောက်အကူပြုပါတယ်။ မင်းကို စိတ်ချမ်းသာစေမယ်။

♡ A private person is a calm person
(ကိုယ့်အတွက် သီးသန့်ရှိနေတဲ့လူဟာ ကိုယ့်အတွက် စိတ်ချမ်းသာစေတဲ့သူပါ)

ဒီလို လူမျိုးရှိနေခြင်းဟာ ကိုယ့်နောက်ကွယ်မှာ ကောင်းကြောင်း၊မကောင်းကြောင်းပြောမှာ စိတ်ပူစရာမလိုပါဘူး။ ကိုယ့်မှာ စိတ်ညစ်မှုတွေ၊မပျော်ရွှင်မှုတွေရှိနေလို့ ရင်ဖွင့်စကားပြောတဲ့အခါ စိတ်သက်သာရာ ရသွားစေတဲ့ သူမျိုးအနားမှာရှိရင် သိပ်ကံကောင်းပါတယ်။ ကိုယ့်အတွက် Private personက ကိုယ်နဲ့ အပြုအမူတွေ ဆန့်ကျင်ဘက်ဖြစ်နေလည်း ကိုယ့်အကြောင်းကို ကိုယ့်ထက်ပိုသိတဲ့သူမျိုးပါ။ ဒီလိုလူမျိုးဟာ လက်တွဲဖော် (သို့မဟုတ်) သူငယ်ချင်းထဲက ဖြစ်နိုင်ပါတယ်။ ကိုယ့်မှာ Private person ရှိခြင်းဟာလည်း ပျော်ရွှင်မှုတစ်ခုပါပဲ။

♡ Be confident(ယုံကြည်မှုရှိပါ)

လူညံ့၊လူဖျင်းတစ်ယောက်လို မနေပါနဲ့။ သိမ်ငယ်စိတ် မဝင်စေပါနဲ့။လူတွေ ဘာပြောပြော ဂရုမစိုက်ပါနဲ့။ ဘယ်သူ့ကြောင့်မှ ကိုယ့်ရဲ့ပုံစံကိုပြောင်းလဲဖို့မလိုပါဘူး။ မင်းကိုယ်တိုင် မင်းရဲ့ဘဝကို ဖန်တီးရမှာမို့ ကိုယ်တိုင် ယုံကြည်မှုရှိဖို့ လိုပါတယ်။

♡ Do not ask for help.(ဘယ်သူ့ဆီကမှ အကူအညီမတောင်းပါနဲ့)

သူများကိုအကူအညီမတောင်းဘဲ ပထမဆုံး မင်းကိုယ်တိုင် အရင်ကြိုးစားကြည့်ပါ။ ပြီးတော့ ဘဝကို တိတ်ဆိတ်စွာ ရှင်သန်ပါ။ မင်းကိုယ်တိုင် ငြိမ်းချမ်းမှုရှာပါ။

♡Always treat yourself!(ကိုယ့်ကိုကိုယ် အမြဲ ဆက်ဆံပါ)

ဉပမာပြောရရင် ဒေါ်လာ ၁၀၀၀တန်တဲ့ iPad လိုချင်လိုက်တာဆိုပြီး အိမ်မက်မက်မနေပါနဲ့။ ပြီးတော့ ဒီ ပစ္စည်းကို ဝယ်နိုင်မှာ မဟုတ်ပါဘူး ဆိုပြီးလည်း မတွေးပါနဲ့။ လိုချင်နေတယ်ဆို ဝယ်လိုက်ပါ။ မင်းက အကောင်းဆုံးတွေနဲ့ ထိုက်တန်ပါတယ်။ ဘဝကို အမြင့်ဆုံးအထိ လွတ်လွတ်လပ်လပ် လှပစွာ နေထိုင်ဖြတ်သန်းပါ။

♡Always be Human, no matter what happens ( ဘယ်နေရာရောက်ရောက် ၊ဘယ်လိုအခြေနေတွေကြုံပါစေ...အမြဲ လူသားဆန်ပါစေ)

တိုးတိုးတိတ်တိတ် ကြင်နာမှု ရှိပါ။ ပြီးတော့ရိုးသားမှုရှိပါ။ ကိုယ့်တန်ဖိုးကို သိပါ။ ကိုယ့်ရဲ့ဘဝကို အကောင်းဆုံးရှင်သန်ပါ။ စကားတွေ အများကြီး မပြောပါနဲ့။ ပြီးတော့ ငါ့ဘဝက ဆိုးလိုက်တာ လို့လည်း ဘယ်တော့မှ မပြောမိပါစေနဲ့။

✿⃞° ✿⊰ လူ့ဘဝက ရှင်သန်ချိန် တိုတိုလေးပါ။ ဒီအချိန်လေးအတွင်းမှာ ပျော်ရွှင်မှုဆိုတာ မရှိရင် ရှင်သန်ရတဲ့ဘဝက အနှစ်သာရ မရှိလှပါဘူး။


✿⊰ လရောင် (9.12.2024)/Monday

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်