Author's Profile Photo

LY Cho

1/12/2024

ယုံကြည်မှုရှိခြင်း (Self - Confidence)

1 min read
Personal Development
General Knowledge
ယုံကြည်မှုရှိခြင်း (Self - Confidence)'s photo

လူတိုင်းမှာ အိမ်မက်တွေရှိကြတယ်။ကျွန်မမှာလည်း အိမ်မက်တွေ အများကြီးရှိတယ်။ မဖြစ်နိုင်တာတွေတော့မဟုတ်ဘူး၊ ဖြစ်မလာသေးတဲ့ အိမ်မက်တွေပေါ့။ဆိုတော့ ပြောရရင် အိမ်မက်တွေက ထိုင်နေရုံနဲ့တော့ ဖြစ်လာမှာ မဟုတ်ဘူး။
နောက်တစ်ခုက ကိုယ့်အိမ်မက်တွေက ကိုယ်နဲ့ပဲ သက်ဆိုင်တယ်။

Motivatorတစ်ယောက် ပြောတာကြားဖူးတယ်။

" လူတွေက ညဘက်ရောက်ရင် စကားကြီးကြီးတွေပြောပြီး ငါဘယ်လို အောင်မြင်အောင် လုပ်မယ်၊ ဘယ်လို ကြီးပွားအောင် လုပ်မယ် ဆိုတာ ပြောနေကြတာ၊ မနက်ခင်းရောက်ရင် လေးလံထိုင်းမှိုင်းစိတ်တွေနဲ့ တွေဝေပြီး ဟို အလုပ် အရင် စရမလို၊ ဒီအလုပ် အရင် စရမလို တွေ ဖြစ်ကြတယ်" တဲ့။

သူပြောသလိုပါပဲ၊ တခြားသူကို ရှာပြောမနေတော့ဘူး၊ ကျွန်မကိုယ်တိုင်လည်း အဲ့လိုပါပဲ။ ကျွန်မမှာ မကောင်းတဲ့ အကျင့်ဆိုးတချို့ရှိပါတယ်။ ဘာလဲဆိုတော့ အချိန်ဆွဲတာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းတာပါ။ ပြောရရင် အချိန်ဆွဲတာနဲ့ self confidence အားနည်းတာဟာ အပြန်အလှန် သက်ဆိုင်နေပါတယ်။

ကျွန်မက အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် ထိုအလုပ်လုပ်နေတုန်းတော့ ဘာမှမဖြစ်သေးဘူး၊ ယုံကြည်မှုလည်း အပြည့်ပေါ့။ ဒါပေမယ့် အလုပ်ပြီးသွားလို့ အထပ်ထပ်အခါခါ ပြန်စစ်တဲ့အခါ စိတ်တိုင်းမကျတာမျိုးတွေ တွေ့နေရပြန်ရော၊ ဒီလိုမျိုးဆို ပြန်ပြန်ပြင်ရနဲ့ အချိန်ကုန်သွားတာပေါ့။ ပြီးတော့ တစ်ခုရှိသေးတယ်။ self confidence နည်းတာ ဘာကြောင့်ဖြစ်လဲဆို မင်းကိုယ်တိုင် သူများနဲ့ နှိုင်းယှဉ်နေလို့ပါ။ ကျွန်မဆိုရင် ကိုယ်ပြီးနေတဲ့ အလုပ်တစ်ခု ၊ စိတ်တိုင်းကျတယ်ထင်တဲ့ အလုပ်တစ်ခုကို တခြားသူနဲ့ ယှဉ်လိုက်တဲ့အခါ ကိုယ့်အလုပ်အပေါ်မှာ ယုံကြည်မှုနည်းတာမျိုးဖြစ်သွားတယ်။ ဒါဟာ မကောင်းတဲ့အကျင့်ဆိုတာ ပြောနေစရာကို လိုမယ်မခင်ပါဘူး။ By the way, ကျွန်မ အဲ့ဒီမကောင်းတဲ့ အကျင့်တွေကို တစ်ချက်ချင်းစီ ကြိုးစားပြင်နေပါတယ်။

အလုပ်တွေ လုပ်ရမှာ သိတယ်၊မလုပ်လို့ မဖြစ်ဘူးဆိုတာလည်း သိတယ်။ ဒါပေမယ့် အချိန်ဆွဲတယ်။ ရလဒ်ကတော့ အလုပ်တွေ စုပုံပြီး stress ရသွားတာပါပဲ။ ဒါကြောင့် ကိုယ့်လူတို့လည်း အချိန်ဆွဲတတ်တဲ့အကျင့်ရှိရင် ပြင်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။

နောက်တစ်ချက်က မိမိကိုယ်ကို ယုံကြည်မှုအားနည်းခြင်းကို ပြင်ရမှာပါ။ ကိုယ်တိုင်မှ မယုံကြည်ရင် ကိုယ့်ကို ဘယ်သူက ယုံကြည်မှာလဲ။ ကိုယ့်အရည်အချင်းကိုယုံကြည်ရမယ်၊ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းကို ယုံကြည်ရပါမယ်။ ကိုယ်တိုင်က self confidence ရှိမှ သူများရဲ့ ယုံကြည်ခြင်းကို ခံရမှာပါ။

Self confidence ရှိဖို့ အရေးကြီးဆုံးအချက်က မိမိကိုယ်ကို သူများနဲ့ မနှိုင်းယှဉ်ပါနဲ့။ သူများကိုလည်း မနှိုင်းယှဉ်စေပါနဲ့။ ဉပမာ ကျွန်မ သူငယ်ချင်းတချို့ဆိုပြောတယ်။ "နင်က အရမ်းလက်ပေါက်ကပ်တယ်၊ပေါင်းရသင်းရတာ ခက်တယ်။ သူများလိုမဟုတ်ဘူး" စသည်ဖြင့်ပေါ့...။ ကျွန်မ ဘာမှ ပြန်မပြောပါဘူး။ ဒါပေမယ့် သူတို့ကိုတော့ အပေါင်းအသင်း သိပ်မလုပ်တော့ဘူးပေါ့၊မေးထူးခေါ်ပြော အဆင့်မှာ ထားတော့တယ်။မိမိကိုယ်ကိုသိမ်ငယ်မှု မခံစားရအောင်နေပါ။

ကျွန်မတို့တတွေ ပြောပြောနေကျတဲ့ အနာဂတ် အိမ်မက်တွေကို ရောက်ဖို့ဆိုရင် self confidence က အရေးကြီးဆုံးပါ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ မတူကွဲပြားတဲ့အတွက် အိမ်မက်တွေဆီ သွားတဲ့ လမ်းဟာလည်း ကိုယ်စီမတူညီကြပါဘူး။ ချောမွေ့တဲ့အခါရှိသလို ကြမ်းတမ်းတဲ့အချိန်တွေလည်း ရှိလာကြမှာပါ။ ဒီလို အချိန်မျိုးဆို ကိုယ်တိုင် ယုံကြည်မှု ပြိုလဲမသွားဖို့ အင်မတန် အရေးကြီးပါတယ်။ ကိုယ့်ရဲ့ အိမ်မက်ကို ကိုယ်တိုင် ထုဆစ်ပုံဖော်နိုင်တဲ့ တစ်နေ့ဟာ ကျွန်မတို့ရဲ့ ကြီးမားတဲ့ အောင်မြင်မှုကြီး ရတဲ့နေ့ပါပဲ။

ဒါကြောင့်မို့ ...သူငယ်ချင်းရေ မိမိကိုယ်ကို ယုံကြည်မှုရှိပါနော်။ ။

စာရေးသူ - လရောင်

1.12.2024/Sunday

Keep Reading

မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။အရင်းအနှီးအကြောင်း ဂဃနဏ သိပါစေ။စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဘယ်လုပ်ငန်း နယ်ပယ် အရင်းအနှီး ဈေးကွက်ထဲကို ရောက်နေသလဲဆိုတာ အရင်သိအောင်လုပ်ပါ။ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်အဲလက်ဇ်ရဲ့ အရင်းအနှီးက ဘာတွေဖြစ်မလဲ။အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်အကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်မရိုးတရိုး