Author's Profile Photo

မောင်နိုင်အေး

23/11/2024

Sexကအချစ်မဟုတ်ဘူး

1 min read
Life Style
Personal Development
18 Again
Sexကအချစ်မဟုတ်ဘူး's photo

Sex က အချစ် မဟုတ်ဘူး

ချိန်းတွေ့တာတွေက အချစ် မဟုတ်ဘူး

တစ်ချိန်လုံး စကားတွေပြောနေတာက အချစ်မဟုတ်ဘူး

တစ်ညလုံး နောက်ကျတဲ့အထိ စာတွေပို့ကြတာက အချစ်မဟုတ်ဘူး

မင်းရဲ့အဆိုးဆုံးအရာတွေကို မြင်ရ သိရပြီး အရင်အတိုင်း ဆက်ချစ်နေသေးတာက အချစ်ပါ

မင်းမလုပ်နိုင်တဲ့အရာကို ဖြစ်အောင်ဖန်တီးပေးတာ မင်း အသည်းအသန် ငိုကြွေးနေတဲ့အခါမျိုးမှာ အနားမှာရှိပေးပြီး စိတ်သက်သာရာရစေတာကမှ အချစ်ပါ

မင်းကိုယ်မင်း အဆိုးမြင်နေတဲ့အရာတွေအားလုံးကို အကောင်းဘက်ကနေ ပြောပေးတဲ့သူ မင်းအဆင်ပြေလားဆိုတာ ဂရုစိုက်တဲ့သူမျိုးက အချစ်ပါ

တစ်စုံတစ်ယောက်က မင်းအတွက် နေ့ရော ညပါ ဆုတောင်းပေးတာမျိုး မင်းစိတ်ဓါတ်ကျနေတဲ့အခါ ပြုံးရယ်အောင်လုပ်ပေးတာမျိုးကသာ အချစ်ပါ

အချစ်ဆိုတာ မင်း နောက်ကွယ်မှာတောင် သစ္စာရှိတဲ့သူ မင်း တိတ်ဆိတ်နေတာတောင် မင်းစကားသံကို ကြားနိုင်တဲ့သူမျိုးပါ

မင်းကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဘယ်အရာကိုမဆို ရှင်းထုတ်ပစ်ပေးတာက အချစ်ပဲ

အဲ့လိုအချစ်မျိုးကို မင်းရပြီဆိုရင် မကစားပါနဲ့

#1918a

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)