Author's Profile Photo

Thoon Kari

2/10/2024

ပျောက်ဆုံးသွားသော မျှော်လင့်ချက်တွေ ပြန်ရှာတွေ့မှာလား

1 min read
Life Style
General Knowledge
Entertainment
ပျောက်ဆုံးသွားသော မျှော်လင့်ချက်တွေ ပြန်ရှာတွေ့မှာလား's photo

မျှော်လင့်ချက် ဆိုတဲ့အရာက ကျွန်မတို့ဘ၀မှာ ရှိကိုရှိသင့်တဲ့အရာပါ။ မျှော်လင့်ချက်မရှိရင် အသက်ရှင်နေရလည်း ဘ၀ကြီးက အဓိပ္ပာယ်မဲ့နေသလိုပါပဲ။ ကောင်းတဲ့အရာလေးတွေအပေါ် မျှောင့်လင့်ချက်ထားရင် အနည်းဆုံးတော့ နေပျော်တဲ့ဘ၀ကို ပိုင်ဆိုင်ထားတာပါပဲ။ အရာရာဆုံးရှုံးလို့ ပြိုလဲနေရင်တောင် "ဪ....ဒါလေးတော့ ရှိပါ့လား" ဆိုတဲ့ မျှော်လင့်ချက်လေးကြောင့် အားတင်းထားနိုင်တဲ့ အခြေအနေတွေ ရှိနိုင်ပါသေးတယ်။

သူဆင်းရဲမိသားစုက ကလေးမှာ ချမ်းသာရမယ်ဆိုတဲ့ မျှော်လင့်ချက်ထားပိုင်ခွင့်ရှိသလို ကျွန်မပညာငတ်မွတ်နေလို့ ပညာတတ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ထားပိုင်ခွင့်ရှိပါတယ်။ လူတိုင်းမှာ မျှော်လင့်ချက်တွေ စိတ်ကြိုက်ထားပိုင်ခွင့်ရှိကြတယ်။

ဒါပေမဲ့ ကျွန်မဘ၀မှာမျှော်လင့်ချက်တွေ ပျောက်ဆုံးခဲ့ရဖူးတယ်။ ကျွန်မ English ဘာသာစကားကို စိတ်ဝင်ပြီး တကယ်တတ်မြောက်ချင်ခဲ့တယ်။ အစပိုင်းမှာ ဘယ်သူမှ ကောင်းကောင်းမလုပ်နိုင််သေးတာ သဘာဝပါ။ ဒါပေမဲ့ ကျွန်မရဲ့ပတ်ဝန်းကျင်က ကျွန်မကို မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေထားနေသလို ခံစားရအောင် ပြောဆိုကြတယ်။ အခုမှလုပ်လည်း မထူးတော့ဘူး နောက်ကျသွားပြီဆိုတဲ့ ပုံစံမျိုးနဲ့ ဖိအားတွေပေးခဲ့တယ်။ သူတို့စကားတွေ ကြားဖန်များလာတော့ ကျွန်မရဲ့ မျှော်လင့်ချက်လေး ကွယ်ပျောက်သွားခဲ့ရဖူးတယ်။

အချိန်အတိုင်းအတာ တစ်ခုကြာတော့ ဆရာတစ်ယောက်နဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး ကျွန်မမျှော်လင့်ချက်တွေ ပြန်အရောင်လက်လာခဲ့တယ်။ ဆရာကြီးရဲ့ စေတနာထားပြီး စိတ်ရှည်မှုတွေကြောင့် စာတွေပိုရလာပြီး ပျှော်ရွှင်ခဲ့ရတယ်။ ကျွန်မတို့ဘဝတွေမှာ ပတ်ဝန်းကျင်နဲ့ ပတ်သက်နေရပါတယ်။ ဒါပေမဲ့ ကျွန်မတို့မျှော်လင့်ချက်ကို ကျွန်မတို့ပိုင်ဆိုင်ပါတယ်။

ကျွန်မဒီဖြစ်ရပ်ကနေ အသိနှစ်ခုရလိုတယ်။ မေတ္တာရဲ့စွမ်းအားနဲ့ ပျောက်ဆုံးသွားတဲ့ မျှော်လင့်ချက်လေး ပြန်ရှာတွေ့နိုင်တယ်။ မေတ္တာသာထားတတ်ရင် လူတွေကိုကူညီနိုင်ကြောင်းနဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးတဲ့ရပ်ဝန်းရယ် မျှော်လင့်ချက်ကို ပြန်ရှာပေးတဲ့ရပ်ဝန်းရယ်ရှိကြောင်း သိရှိလျက်...။

#thoonkari
#sarphat







Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)