Hnin
တစ်ချို့အရာတွေမှာ ကျွန်မတို့အားသာချက်ဆိုတဲ့အရာတွေက တစ်ဖက်လူရဲ့အားနည်းချက်ဖြစ်နိုင်ပါတယ်။တစ်ဖက်လူရဲ့အားသာချက်တွေကလည်း ကျွန်မတို့တွေရဲ့ အားနည်းချက်တွေဖြစ်နိုင်ပါတယ်။လူတိုင်းလူတိုင်းကတော့ ကိုယ့်ရဲ့အားသာချက်တွေကို ထုတ်ပြောချင်ကြပေမဲ့ အားနည်းချက်ကျတော့ ထုတ်ပြောဖို့ ရှက်နေတတ်ပါတယ်။
ကျွန်မတို့တွေက တစ်ယောက်ထဲရပ်တည်လို့မရပါဘူး။အနည်းဆုံးတော့ မိသားစုဆိုတာရှိမယ်။ဆွေမျိုးတွေ၊ပတ်ဝန်းကျင်တွေ၊အဖွဲ့အစည်းတွေဆိုတာ ရှိလာမှာပါ။အဲဒိအခါကျရင် တစ်ယောက်နှင့်တစ်ယောက်ပြောဆို ဆက်ဆံရတော့မယ်။ကျွန်မတို့တွေကလေ စကားပြောဆိုတဲ့နေရာမှာ ကိုယ်ကမှန်နေတာဘဲ ပြောလိုက်မယ်ဆိုပြီး တွေးထားလို့လည်းမရပါဘူး။စကားပြောဆိုကြတယ်ဆိုကတည်းက ကိုယ်ရယ်...နောက်ထပ်လူတစ်ယောက်ရယ်ကတော့ အနည်းဆုံးပြောဆိုကြရမှာပါ။
စကားပြောဆိုတာနှင့်ပတ်သတ်ပြီး ဝါရင့်ဆရာတွေ၊ဆရာမတွေလည်း အများကြီးရေးသားဖူးတော့ ဖတ်မိကြမယ်ထင်ပါတယ်။အခု ကျွန်မရေးတာလေးက ကျွန်မကိုယ်တိုင်တစ်ဖက်လူရဲ့စကားကြောင့် ခံစားလိုက်ရလို့ အဲလိုမျိုးမလုပ်သင့်ဘူးဆိုတဲ့ အမြင်နှင့်ရေးသားခြင်းဖြစ်ပါတယ်ရှင့်။
အပေါ်ကစကားနှင့်ပြန်ပြီး ဆက်ရမယ်ဆိုရင် စကားပြောဆိုတဲ့နေရာမှာ ပညာသားပါပါ စကားပြောတတ်ဖို့တော့ အရေးကြီးတယ်လို့ ထင်မိပါတယ်။ဥပမာ...လူနှစ်ယောက်စကားပြောနေတယ်..လူတစ်ယောက်က သူ့မှာ skinတွေနှင့်ပတ်သတ်ပြီး ကိုယ့်ကိုယ်ကို သဘောမကျတာတွေ...စိတ်ညစ်တာတွေ ပြောနေတဲ့အချိန် တစ်ဖက်လူရဲ့အားသာချက်က skinနှင့်ပတ်သတ်ပြီး သူ့ကိုယ်သူ confidance ရှိနေမယ်ဆိုရင် ''ငါ့ရဲ့ skinလေးကတော့ ဘယ်လိုလေးကောင်းတာဟယ်.. ဝက်ခြံဆိုလည်း မထွက်ဖူး။ငါ့မျက်နှာလေးက ကြည်နေရော''အဲလိုများပြောလိုက်ရင် တစ်ဖက်လူ ဘယ်လိုဖြစ်သွားမယ်ထင်လဲ။
လူတိုင်းက ကိုယ့်မှာရှိတဲ့အရာ၊ကိုယ်တန်ဖိုးထားတဲ့အရာကို ပြောဆိုချင်နေကြတာ သဘာဝပါဘဲ။ဒါပေမဲ့ ပြောဆိုတော့မဲ့နေရာမှာ အခြေအနေတစ်ခုကိုတော့ အမြဲသုံးသပ်ဖို့ လိုပါလိမ့်မယ်ရှင့်။အဲဒါကြောင့် တော်တော်များများပြောကြပါတယ်...
''စကားပြောကောင်းတဲ့ လူတစ်ယောက် ဖြစ်ချင်ရင်
နားထောင်သူကောင်းတစ်ယောက်လည်း ဖြစ်စေရမယ်''တဲ့။
ကျွန်မ ပြန်ချုပ်ရမယ်ဆိုရင်...
''ကိုယ့်အားသာချက်က သူတစ်ပါးအားနည်းချက်ဖြစ်နိုင်သလို...
ကိုယ့်အားနည်းချက်ကလည်း သူတစ်ပါး အားသာချက်ဖြစ်နေနိုင်တာမို့...ဘယ်လိုအခြေအနေမှာဘဲ ဖြစ်ဖြစ် ဘက်မျှအောင် ကြည့်ပေးတတ်ဖို့တော့ လိုအပ်ပါတယ်။''
Hnin(1.10.24)12:33Pm
Keep Reading