Author's Profile Photo

Meliodas Khun

19/09/2024

စောင့်လိုက်ရတာကြာပေါ့ (စ-ဆုံး)

2 mins read
Life Style
Art
18 Again
စောင့်လိုက်ရတာကြာပေါ့ (စ-ဆုံး)'s photo

အခန်း-၁

“မင်းသန့်ရေ...ရော့ ဒီမှာ သားကြိုက်တဲ့ အမဲသားကြော်နဲ့ ပဲဟင်းကျိုလေးနဲ့လေ...တစ်လုတ်လောက် စားလိုက်ပါဦး”
_“ဟင့်အင်း...နာတယ်၊ နာတယ်...”
“အင်...ထမင်းခွန့်တာ၊ ဘယ်နားက နာရပြန်တာတုန်း”
“_ဟင့်အင်း...သားဒီမှာ ဖုန်းကြည့်နေတာ...သွေးတွေ ထွက်ကုန်မယ်လေ”
“အမလေး..လေး၊ သူများတကာ ကြားရင်တော့လား၊ နင် ငါ့ကို အမှုမကြီး ကြီးအောင်လုပ်နေတာဘဲ...”

ကျွန်တော့် သူငယ်ချင်းရဲ့ဒေါ်လေးပါ။ သူ့အမေဘက်က အမျိုးတော်တာလို့ပြောတယ်။
သူက သားတစ်ယောက် သမီးတစ်ယောက် မွေးထားတာပေါ့။
အခုလည်း သူငယ်ချင်းရဲ့ဒေါ်လေးက သူ့ရဲ့ လေးနှစ်သား သူငယ်ချင်းရဲ့ ဝမ်းကွဲညီလေးကို ထမင်းခွံ့နေတာလေ။
သံစုံတီးဝိုင်းကိုဖြစ်လို့ပေါ့။

သူငယ်ချင်းရဲ့ ညီလေးက ကျန်တဲ့အချိန်ဆို အကောင်းပါ။
ဒါပေမဲ့ ထမင်းစားချိန်၊ ထမင်းစားတော့မယ်လို့ ပြောလိုက်တာနဲ့ စစ်မြေပြင်က ရှေ့တန်းမှာ အယောက်တစ်ရာနဲ့ တစ်ယောက်စစ်တိုက်ရသလိုကိုဖြစ်တာ။

နာတာတွေကော၊ သွေးတွေ ထွက်ကုန်တာတွေကော၊ အို...စကားတွေကိုများ စုံပါ့။
အခုလည်း မစားမှာစိုးလို့ ဖုန်းပေးသုံးထားတာ။
ဒါလည်း မရဘူး ထင်တာပါဘဲ။ စားရင် နာမှာတဲ့လေ။
~~~~~~~~~~~~~~~~~~~~~~~~
အဲ့လိုနဲ့ တစ်လုတ်ခွံ့လည်းမစား၊ တစ်ဖဲ့ခွံ့လည်းမစားနဲ့ ၁၅မိနစ် လောက်ကြာသွားခဲ့လေပြီ။
သူငယ်ချင်းရဲ့ ဒေါ်လေးမှာလည်း အတိုင်းထက်အလွန် စိတ်မရှည်တော့သဖြင့် ပေါက်ကွဲပြီး...

“ဟဲ့... နင်မစားဘူးလား၊ နင်မစားရင် နင့်အစ်မကိုဘဲ ကျွေးလိုက်တော့မှာနော်”
အဲ့တော့ မင်းသန့်လေးမှာ ငိုမဲ့ငိုမဲ့ နဲ့ “ဟင့်အင်း သားစားမှာလေ၊ ခဏစောင့်လို့ပြောတာ”
အမေလုပ်သူမှာလည်း စိတ်မရှည်တော့သဖြင့် “ဟဲ့ ဆည်းဆာ ရော့ နင်စားလိုက်တော့၊ ဟိုအကောင်မစားဘူးတဲ့”

အဲ့လိုလည်းပြောလိုက်ရော မင်းသန့်မှာ ဖုန်းကိုအသာ ဘေးခဏချထားပြီး အမေနားကပ်ကာ ထမင်းကို တစ်လုပ်ပြီး တစ်လုပ်သုတ်ပါတော့တယ်။
ဘာမှန်းမသိလိုက်တဲ့ ဘေးက အစ်မလုပ်သူ ဆည်းဆာမှာတော့ ကြောင်အမ်းအမ်းနဲ့ပေါ့....။
.........................................................
အခန်း-၂

အဲ့တာလေးကို ကြည့်မိတော့ ကျွန်တော် ငယ်ငယ်က ကြားဖူးခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုကို သွားပြီးသတိရမိတော့တာပါဘဲ...။ ကိုယ့်ကိုယ်ကို အမွှန်းတင်တာမဟုတ်ပေမယ့် အဲ့လိုနေရာတွေဆို ခွန်းတို့ရဲ့ မှတ်ဥာဏ်က ရှယ်ကောင်းသလားမမေးနဲ့ဗျ.....၊ တစ်ကယ်ပါ။
ဖြစ်ပုံက ဒီလိုဗျ...။

နို့စို့အရွယ်ကလေးလေး တစ်ယောက်ကိုပိုက်ပြီး ဘတ်(စ်)ကားတိုးစီးတဲ့ သားသည်အမေတစ်ယောက်ပေါ့ဗျာ...။ ကလေးအမေသာဖြစ်တယ် ဆိုပေမယ့် အသက်ကတော့ငယ်ဦးမယ်ထင်တယ်။ ဖြူဖြူချောချောလေးဗျ...။ လူတွေက ကလေးအမေမို့ ခုံနေရာမပေးကြဘူးလားဆိုတော့ ပေးကြပါတယ်။ စိတ်ကောင်းရှိတဲ့ မြန်မာနိုင်ငံက လူတွေကိုး။

အဲ့တော့ ကလေးအမေက ဘတ်(စ်)ကားရဲ့ ဒရိုင်ဘာထိုင်တဲ့ နောက်ကခုံမှာနေရာရပါတယ်။ ပြတင်းပေါက်ဘက်ပေါ့...။ ထိုကလေးအမေရဲ့ ဘေးကခုံမှာတော့ အသက်ခပ်လတ်လတ်အရွယ် ဂိုက်ကောင်းတဲ့ ဘောင်္ကျားကြီး တစ်ယောက်ထိုင်တာပေါ့...။

ဒီလိုနဲ့ ဘတ်(စ်)ကား စထွက်ပြီး ဘာညာသာရကာ၊ နေကြာကွာစိလုပ်ကာ ၁၀ မိနစ် လောက်နေတော့ ဒရိုင်ဘာရဲ့နောက်ခုံကနေ ကလေးငိုသံ ထွက်ပေါ်လာပါတော့တယ်။
စောနက ကလေးအမေရဲ့ ကလေးမဟုတ်ပါလား...။
အဲ့တော့ကလေးရဲ့ အမေလုပ်သူမှာလည်း ကလေးကဗိုက်ဆာနေတယ်ထင်ပြီး ပြတင်းပေါက်ဘက်ကို အနည်းငယ်လှည့်ကာ ကွယ်ပြီးနို့တိုက်ဖို့ လုပ်ပါတော့တယ်....။
သို့သော် ထိုကလေးလေးမှာလည်း မင်းသန့်လေးနဲ့ တစ်ပုံစံတည်း....၊ အို...ပေကပ်နေတယ်ဆိုတာ မပြောချင်ဘူး...။

ဒီလိုနဲ့ ကလေးလေးရဲ့ အမေမှာ “ဟဲ့ နင် နို့စို့မှာလား၊ မစို့ဘူးလား....။ မစို့ရင် ဘေးက ဦးဦးကို နို့တိုက်လိုက်မယ်နော်”
အဲ့သလိုပြောတော့ ကလေးမှာ အနည်းငယ်စို့လေသည်။ ဒီတော့ ကလေးအမေလည်း အထာနပ် သွားကာ ဘေးက ဦးလေးကြီးအပေါ်အကုန်ပုံချပြီး ကလေးကိုဗိုက်ပြည့်သွားအောင် နို့တိုက်လိုက်ပါတော့တယ်....။ အဲ့လိုနဲ့ ပြောပြောပြီး ကလေးကို နို့တိုက်လို့လည်းပြီးရော ဘေးကဦးလေးကြီးက ဘာပြောတယ် မှတ်လဲ....။

“ဟဲ့ ကောင်မလေး၊ လူကြီးကို မနောက်ကောင်းဘူး၊ နို့တိုက်မှာဖြစ်လဲ တိုက်တော့၊ စောင့်ရတာ အတော်ကြာလွန်းလို့ ငါဆင်းရမယ့် မှတ်တိုင်တောင် ကျော်သွားပြီ” တဲ့လေ....။  ။
ကဲ....ကောင်းကြရော။ (ပြီးပါပြီ ခင်ဗျာ...)

(ဖတ်ရှုပေးသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်အပ်ပါတယ်ခင်ဗျာ)

15/9/2024(SUN)(3:07 Pm)
#Khun
#ANGÉL_ALPHÁ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစိတ်ကြီးသက်သက်နဲ့ အကျင့်ဖျောက်လို့မရပါစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါ