Author's Profile Photo

Aung Thu Ya Kyaw

10/09/2024

လူတွေ သတိမထားမိတဲ့ စိတ်ခံစားချက်

1 min read
Life Style
Business
Entrepreneurship
လူတွေ သတိမထားမိတဲ့ စိတ်ခံစားချက်'s photo

အိမ်ခြံမြေ အကျိုးဆောင် အဖြစ် လုပ်တဲ့အခါ လူတွေရဲ့ သဘောသဘာ၀ တွေ နားလည်လာရတယ်။

ဒီထဲမှာမှ လူတွေ တော်တော်များ အိမ်ခြံမြေ ၀ယ်ရင် ဘာ‌ကို ဦးစားပေးပြီး ရွေးချယ်သလဲ ဆိုတာ ပြောပြပေးမယ်။

ဘယ်လောက်ပဲ ကျွန်တော်တို့က rational thinking (အကျိုးကြောင်းဆက်စပ် စဉ်းစားတွေးခေါ်ခြင်း) ကောင်းကောင်း Emotional (စိတ်ခံစားချက်) ပေါ်ပဲ ရွေးချယ်တတ်ကြတယ်။

ဟုတ်လား... မဟုတ်လားဆိုတော့။ အောက်က အိမ် နဲ့ ဥယျာဉ်လေးပါတဲ့ ပုံကိုသာ ကြည့် လူတိုင်းကြိုက်နှစ်သက်ကြတယ်။

ကိုယ့်မှာ သိန်း (တစ်သောင်း) ရှိကြည့်။ ဒီအိမ် က (၅ ထောင်) ဆိုလည်း ပြေး၀ယ်တာပဲ။ နောက်ဆုံး သိန်း (တစ်သောင်း) ဖြစ်နေရင်တောင် နောက်ထပ်ရလာမဲ့ ၀င်ငွေ ရှိသေးတာပဲ။ ၀ယ်လိုက်မယ် ဆိုတဲ့ စိတ်ကို ဖြစ်ပေါ်စေပါတယ်။

မ၀ယ်ခင်ကတော့ သိန်း (၅ ထောင်) အလွန်ဆုံးပေါ့ ဆိုပေမယ့်။ တကယ်ကြိုက်လာရင် တကယ်ပေး၀ယ်ကြပါတယ်။ ဒါဟာ ဘာလည်း ဆိုရင် လူသားဆန်နေတာပါ။ စိတ်ခံစားချက်ကို ဦးစားပေးနေတာပါ။

ဒါကြောင့် ကျွန်တော်တို့က ခံစားတတ်တယ်၊ ကူညီပေးတတ်တယ်၊ သနားတတ်တယ်၊ ပျော်ရွှင်တတ်တယ်၊ ၀မ်းနည်းတတ်တယ် စသဖြင့် ဖြစ်ပေါ်နေတာပါ။

လူသားဆန်မှု...

စိတ်ခံစားချက် နောက်ကိုသာ လိုက်မှု...

#အိမ်ခြံမြေအကြောင်းလေ့လာပါ ??
#internet_photo

Keep Reading

အဲလ်ဘတ်ကမူး၏ကိုးကွယ်ရာစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပျော်စရာနေ့ကျွန်တော့်ပြောင်းလဲမှု အချို့၏ အစဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞