Author's Profile Photo

Pai (ဆက်မောဝ်)

5/09/2024

ရေသေ

1 min read
Poetry
ရေသေ's photo

တစုံတယောက်ဖြစ်ဖြစ်
တစုံတရာဖြစ်ဖြစ်
ကြိုက်သလို လုပ်သွားနိုင်တဲ့
ကမ္ဘာပေါ်က ရေသေတွေ

အလွှာနိမ့်နိမ့်
နောက်ကျိကျိ ဘဝတွေ
ဘယ်လောက်ဆေးခတ်ခတ် မကြည်‌လင်ကြတော့ဘူး။

‌ဒိုက်သရိုက်တွေ ဆယ်ယူသူမရှိ
အလိုမကျမှုတွေ ထမ်းပိုးထားရင်း
ရေသေလို ဘဝတွေ။

လူမသိ သူမသိ တိမ်ကောသွားရတဲ့
ရေသေတွေ
လူတွေ
ငါတို့တတွေ။


ဆက်မောဝ်

Keep Reading

ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)"ရေသောက်ပြီး ရယ်ပါ"အို...လူ့ဘောင်လောက"နွေ"မျိုးစေ့ခင်ခင်ပျို့ထံပ