Author's Profile Photo

LY Cho

5/09/2024

GEDပညာရေးအကြောင်း သိကောင်းစရာ

1 min read
Education
GEDပညာရေးအကြောင်း သိကောင်းစရာ's photo

စာဖတ်သူတို့ရေ...အထက်တန်းပညာရေးမပြီးမြောက်ဘဲ ပညာရေးခရီးဆက်လက်ရှေ့ဆက်ချင်ရင် Ged ပညာရေးကို ရွေးချယ်လို့ရနေပါပြီ။

?General Education Development (GED)ဆိုတာဘာလဲ?

(GED) ဆိုတာ American High School Diploma အဆင့် လက်မှတ်ဖြစ်ပါတယ်။ အဲဒီလက်မှတ်ကိုရဖို့ ဘာသာရပ်လေးခုပါတဲ့ စာမေးပွဲကိုဖြေဆိုရမှာဖြစ်ပြီး သတ်မှတ်ထားတဲ့အမှတ်ရရှိတဲ့သူတွေကို အမေရိကန်အထက်တန်းပညာရေးပြီးစီးမှုနဲ့ ညီမျှတယ်လို့အသိအမှတ်ပြုတဲ့လက်မှတ်ဖြစ်ပါတယ်။ United States (or)Canadian နိုင်ငံတကာကလက်ခံတဲ့ အထက်တန်းအောင်တာနဲ့ ညီမျှတဲ့ High School Certificate တခုပါ College မှာ enroll လုပ်ရင် GED လက်မှတ်ပါရင် လက်ခံကြပါတယ်။

⏱ GED က အချိန်ဘယ်လောက်ယူမှာလဲ? ⏱

၁နှစ်မှ ၂ နှစ် အထိပါ။ကျောင်းနဲ့ ဝေးနေရင် 2 years လောက်တော့ အချိန်ယူရပါမယ်။
GED ဆိုတာ ဘယ်နှနှစ် ဘယ်နှလ လေ့လာရမယ် ဘယ်ကျောင်းတက်ရမယ် မသတ်မှတ်ထားပါဘူး ကိုယ်လေ့လာမှုပေါ်မူတည်ပြီး အဆင့်သင့်ဖြစ်ပြီဆိုရင် Online Testing Center မှာ သွားဖြေလိုက်ရုံပါဘဲ။

တစ်ချို့ English Speaking ကောင်းကောင်းတက်ဖူးပြီး ၉ တန်း ၁၀ တန်းစာနဲ့လည်း အကြာကြီးမဝေးသေးဘူးဆိုတော့ ၁ နှစ် နဲ့လည်း GED ကိုအောင်နိုင်ပါတယ် ။

? GED က ဘယ်နှစ်ဘာသာသင်လည်း?

အားလုံးပေါင်း ၄ ဘာသာရှိပါတယ်။
▪️ Language Art ( အင်္ဂလိပ် )
▪️ Mathematician ( သင်္ချာ )
▪️ Social Studies ( လူမှုရေး )
▪️ Science

? Language Art (English)
အင်္ဂလိပ် မှာ ၃ ပိုင်းပိုင်းထားပါတယ်။
- Reading for Meaning
- Identifying and Creating Arguments
- Grammar and Language

? Mathematics
သင်္ချာ မှာ ၄ ပိုင်းပိုင်းထားပါတယ်။
- Basic Math
- Geometry
- Basic Algebra
- Graphs and Functions

? Social Studies
လူမှုရေး မှာ ၃ ပိုင်းပိုင်းထားပါတယ်။
- Reading for Meaning in Social Studies
- Analyzing Historical Events and Arguments in Social Studies
- Using Numbers and Graphs in Social Studies

? Science
သိပ္ပံ မှာ ၃ ပိုင်းပိုင်းထားပါတယ်။
- Reading for Meaning in Science
- Designing and Interpreting Science Experiments
- Using Numbers and Graphics in Science
ဆိုပြီး ရှိပါတယ်။

? GED အောင်တဲ့ထိ ပိုက်ဆံဘယ်လောက်ကုန်မှာလဲ?

GED courses တွေတော့ Online ပေါ်မှာတော်တော်များများ Free ပါတယ် ပြည်တွင်းပြည်ပမြန်မာပြည် NGO တွေမှာလည်း Free Courses တွေပေးနေတာတွေ့ရသလို ဝန်ဆောင်မှုရှိတဲ့ GED သင်တန်းတွေလည်း ရန်ကုန်မှာ အများကြီးရှိပါတယ်။

?️မြန်မာပြည်မှာဆို Crown Education မှာ တက်လို့ရပါတယ်။

?GED စာမေးပွဲဖြေဖို့ Practice လုပ်မယ်ဆိုရင် ဒီ Link တွေမှာ Free လေ့ကျင့်လို့ရပါတယ်။

https://www.test-guide.com/free-ged-practice-tests.html

https://gedpracticetest.net/


? GED စာမေးပွဲဖြေဆိုခ

Pre Test က GED ဘာသာရပ်များမဖြေဆိုခင် သင်ဖြေနိုင်မဲ့အရည်ချင်းရှိ မရှိ စစ်ကြည့်တာပါ ဒီအဆင့်မအောင်ရင် GED ၄ ဘာသာကို အချိန်ဖြုန်း ငွေဖြုန်းပြီး ဖြေနေစရာမလိုပါဘူး။ GED ဖြေပြီးမအောင်ခဲ့ရင် နောက်တစ်ခါဖြေဖို့ တစ်ဘာသာခြင်းစီ နောက်ထပ်ဖြေဆိုခ $80 ပေးရမှာမို့ Pre Test ကို ဈေးသက်သက်သာသာနဲ့ အရင်ဖြေအောင်မှ GED ကိုပေးဖြေမှာဖြစ်ပါတယ်။

( မှတ်ချက်: အသက် ၁၈ ပြည့်မှ GED ဖြေလို့ရမယ် )

၁၀ တန်းမအောင်လည်း စိတ်မလျှော့ပါနဲ့ ။ ဇွဲရှိဖို့ကအဓိကပါ ???

?GED လက်မှတ် ရှိထားခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှုကိုလဲ တိုးတက်စေမှာပါ



စာရေးသူ -လရောင်ချို

(5.9.2024/Thursday)

Keep Reading

International Jazz Dayအပြစ်ဒေါသ (၁၀) ချက်တက်ညီလက်ညီ ပန်းတိုင်ဆီသို့Delayed fear realizationအပူမကူးစေရန် လူထူးတွေရဲ့အကြံနဂိုရှိမှ နဂိုင်းထွက်ထူးဆန်းတဲ့လောကနောက်ဆုံးတော့ မြည်းဟာမြည်းပါပဲရေးတော့အမှန် ဖတ်တော့အသံတာဝန်သိပါ