Han Thar
လူတိုင်းမှာ ရည်မှန်းချက်အိမ်မက်ကိုယ်စီ ရှိကြပါတယ်။ အိမ်မက်တွေနောက် လိုက်ပါ။
ပိုက်ဆံက အရေးကြီးတယ် ဆိုပေမဲ့ အိမ်မက်က ပိုအရေးကြီးတယ်။ ရည်မှန်းချက် ပန်းတိုင်မရှိတဲ့လူက အသက်ရှင် လျှက်နဲ့ သေနေတယ် ယူဆ လို့ရပါတယ်။
Don't chase money ပိုက်ဆံ နောက်ပဲ မလိုက်ပါနဲ့ Chase the dream လူကြီးမင်းတို့ အိမ်မက်နောက်လိုက်ပြီး ဖြစ်ချင်တာကို ကြိုးစားပါ။ တစ်နေ့ဖြစ်လာစေရမယ်။
အိမ်မက်ကို အိမ်မက်အတိုင်းထားမယ်ဆိုရင်တော့ လူကြီးမင်း ဘာ ဇွဲလုံလ မှ မလိုပါဘူး ခေါင်းအုံးတစ်လုံးပဲ လိုပါတယ်။ အဲဒါကတော့ လူပျင်းတွေရဲ့ idea အကြံဉာဏ်ပါ။။
လူကြီးမင်း ရည်မှန်းချက်က ၁၀မိုင်လောက်မှာဆိုရင် ၁၁မိုင် စာချိန်ထား ပြီးရင် အားထည့်ပြီးပြေး
ဘယ်သူလာ တားတား မရပ်ပဲဆက်ပြေး တနေ့ လူကြီးမင်း အိမ်မက် အကောင်ထည်ဖော် နိုင်လိမ့်မယ်လို့ ကျနော်ရဲရဲ ကြီးပြောရဲတယ်။
မစ္စတာ ဂျက်မား ပြောဖူးတယ်
မင်းမှာ ရည်မှန်းချက်အိမ်မက်ရှိရင် အဲ့ဒီ အိမ်မက်နောက်ပဲ အာရုံစိုက် ငါယုံကြည်တာ အဲဒါပဲ။
တနေ့ မင်းအိမ်မက်တွေ အကောင်ထည်ဖော်နိုင်လိမ့်မယ်တဲ့။
လူတိုင်းအိမ်မက် မက်ခွင့်ရှိတယ်၊အိမ်မက် မက်လို့ရတယ်။ ဒါပေမဲ့ အိမ်မက်ကို အကောင်အထည်ဖော်နိုင်တာတော့ လူတစ်ချို့ပဲ လုပ်နိုင်တယ်။
ရည်မှန်းချက်နောက်လိုက်ရင်အခက်ခဲတော့ရှိမှာပဲ အဲဒီအခက်ခဲကို ကျော်ဖြတ်နိုင်တဲ့ သူပဲ အောင်မြင်တာ။
ထီမထိုးပဲ ထီပေါက်ဖို့တော့ မမျော်လင့်နဲလေ။
အတားဆီး မရှိတဲ့ လမ်းကိုရှာလျှောက်ရင်တော့ လူကြီးမင်း ရောက်စရာမရှိပါဘူး။ အခွင့်လမ်းဆိုတာ တံခါးလာမခေါက်ဘူး တံခါးဖြက်ပြီး ကျော်ဖြတ်မှ သူရှိတာကိုပြတာ။ပန်းတိုင်ကို မြင့်မြင့်ထားပါ အဲဒီကိုမရောက်မချင်းမရပ်နဲ့။
လူငယ်တိုင်းအိမ်မက်ရှိတယ်။ဖြစ်ချင်တာကို ထမလုပ်ပဲ ဆုံတောင်းနေရုံနဲ့ မပြည့်ဘူး။
အဲဒါကြောင့် လူကြီးမင်းဘဝမှာ ရည်မှန်းချက် ပန်းတိုင် လေးထားပြီး မဖြစ်ဖြစ်အောင်လုပ်ဖို့လိုအပ်တယ်။
ကြိုးစားလျက်ပါ။ Han Thar
21.8.2024
Keep Reading