Author's Profile Photo

SarPhat Author

12/03/2024

ငါတို့ just friend လို တွဲကြမလား ? ?

1 min read
Entrepreneurship
ငါတို့ just friend လို တွဲကြမလား ? ?'s photo

ငါတို့ just friend လို တွဲကြမလား ? ?

ငါတို့တွဲတဲ့ရက်ကို မှတ်ထားကြမယ်
နင့်ကိုရည်းစားမရှိဘူးလို့ လာနှိမ်ရင် ငါ့ကိုပြလိုက်
ငါ့ကိုနှိမ်ရင်လဲ နင့်ကိုပြမယ်..

အချိန်တိုင်းစကားပြောနေဖို့မလိုပေမဲ့
နင်ပျင်းရင်ငါနဲ့လာပြော ငါပျင်းရင်နင်နဲ့ပြောမယ်
မအားဘူးဆိုပြီး တခြားလူတွေနဲ့
ပြောနေတာမျိုးတော့ မလုပ်နဲ့ပေါ့..

Tag တွဲပြီးပြောတာမျိုးတို့ status တွေ မ tag ဘူး
ငါ share သမျှ နင်ပဲ..

Game လဲအတူတူဆော့မယ်
အကယ်၍ ငါမဆော့တတ်ရင်
နင်ဂိမ်းဆော့နေတဲ့အချိန် ငါစောင့်ပေးမယ်..

အိမ်နဲ့ရန်ဖြစ်တာဖြစ်ဖြစ်
ပြဿနာဖြစ်တာဖြစ်ဖြစ် စိတ်ညစ်ရင်ဖြစ်ဖြစ်
ငါ့ကိုရင်ဖွင့် ငါလဲနင်ကိုရင်ဖွင့်မယ်..

အပြင် မုန့်စားချင်တာဖြစ်ဖြစ်
ငါနဲ့အတူတူသွားမယ်
ဘီယာဆိုင်ကနေ ဘုရားအထိပေါ့
ငါလိုက်ပေးမယ်..

တစ်ချိန်ကျ နင်ငါ့ကိုငြီးငွေ့လာပြီး
နောက်တစ်ယောက်ရရင် ငါ့ကိုပြောပါ
အဲ့‌တစ်ယောက်နဲ့ ငါအောင်သွယ်ပေးမယ်..

ငါတို့က just friend တွေပဲ
မောင်နှမဆိုလဲ မမှားဘူးမို့လား
တကယ်ချစ်ပြီး နင်ငါကိုမငြီးငွေ့ရင်တော့
ငါတို့လက်ထက်ဖို့ ကြိုးစားကြမယ်..

မင်းက ငါ့အပိုင်လို့ ပြောရဲတဲ့အထိပေါ့.. ❤️


#Eric


Link https://t.me/KnowledgeHeavenByEric

Keep Reading

မြေပြင် ပေါက်ဈေး နှင့် အနီးစပ်ဆုံး တန်ဖိုးဖြတ် စံနှုန်း သတ်မှတ်ခဲ့လျင်ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါအိမ်ခြံမြေ ဝယ်ချင်လို့ပါ ဘာတွေလုပ်ရမလဲ?UC Berkeley တက္ကသိုလ်ရဲ့ ကွန်ပျူတာသိပ္ပံ ပါမောက္ခ Ion Stoica မမှားစေနဲ့ ဒါမျိုးက —ဆွန်ဇူးရဲ့စစ်ဗျူဟာထဲက သင်ခန်းစာ - လုပ်ငန်းတိုင်း ရှောင်ရှားသင့်တဲ့ ကျရှုံးခြင်းအကြောင်းတရား ၇ ရပ်Start-up ရဲ့ အကြီးမားဆုံး ရန်သူက 'အချိန်မရှိဘူး' ဆိုတဲ့ ခေါင်းဆောင်တစ်ယောက်လား?ဘောင်ကိုချိုးဖျက်ခြင်း - Breakthrough တိုင်းရဲ့ လျှို့ဝှက်ချက် ပေါင်းသင်းဆက်ဆံရေး ---------------------စီးပွားရေးစလုပ်သူတိုင်း သတိထားရမည့်အချက်များ